Menu

Sunday, January 29, 2017

ဆောဒေသအခြေခံယောလူငယ်အဖွဲ့ လစဉ်တွေ့ဆုံပွဲ အောင်မြင်စွာပြီးစီး

ဆောဒေသ ယောလူငယ် ( Online) အဖွဲ့ လစဉ်တွေ့ ဆုံပွဲ အား 13-11-2016 ရက်နေ့ နေ့လည် (2:00) နာရီအချိန်တွင် ဆောမြို့ နယ် အကြည်ကတင်းကျေးရွာ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် အကြည်ကတင်းရွာ ဆရာတော်မှသြဝါဒစကားမိန့်ကြားခဲ့ပါသည်။
ထို့နောက် ဆောဒေသယောလူငယ်ဥက္ကဌကိုခင်ဇော်လွင်မှ အဖွင့်စကားပြောကြားခဲ့ပါသည်။
ဆောသို့  ရောက်ရှိနေသောရန်ကုန်ယောလူငယ်အဖွဲ့မှ ကိုလင်းအောင်မှ ယောလူငယ်အဖွဲ့စတင်ဖွဲ့စည်းခဲ့ပုံနှင့်ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်များကို
 ဆွေးနွေးမျှဝေခဲ့ပါသည်။
ထို့နောက်ဆောဒေသ ယောလူငယ်အဖွဲ့ကိုမင်းမောင်မှ အဖွဲ့၏ရငွေ/သုံးငွေစရင်းကိုရှင်းလင်းပေးခဲ့ပါသည်။
ဆောဒေသယောလူငယ် ကိုသန်းဇော်ဦးမှ ယောလူငယ်အဖွဲ့၏မှတ်ပုံတင်ကိစ္စများ ရန်ပုံငွေရရှိရန်အတွက်group အသစ်ဖွဲ့စည်းမှုပြုလုပ်မှုအတွက် အမှုဆောင်ရွေးရန်ကိစ္စ ဆောမြို့နယ်မှ ကျောင်းသား / ကျောင်းသူ လေးများ ကို ယောလူငယ်အဖွဲ့အနေဖြင့် ပညာရေးထောက်ပံ့မှုပြုလုပ်ရန်အတွက်ဆွေးနွေးပေးခဲ့ပါသည်။
ထို့နောက်အကြည်ကတင်းဆရာတော်မှ
ဆောဒေသယောလူငယ်အဖွဲ့အတွက်အလှူငွေ ၁၀၀၀၀-/ကျပ်နှင့်ကျောင်းသားလေးကျောင်းစရိတ်အတွက်အလှူငွေ ၁၀၀၀၀-/ကျပ်စီကို လှူဒါန်းခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသူများမှ မိမိတို့၏ထင်မြင်ချက်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ထို့နောက်အခမ်းနားမှုး ကိုဘိုဘိုနိုင်မှ အခမ်းနားပြီးဆုံးကြောင်းကြေငြာခဲ့ပီး ညနေ4:00 ရီအချိန်တွင်မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီ အခမ်းနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
                                                                                                ပြန်ကြားရေး
                                                                                             ယောလူငယ်အဖွဲ့


No comments:

Post a Comment