17-1-2017ရက်|အင်္ဂါနေ့ နံနက်တွင် ရန်ကုန်မြို့ |အင်းစိန်ဆေးရုံ
ကြီးတွင်ကွယ်လွန်သွားသော မကွေးတိုင်း| ဂန့်ဂေါခရိုင်|
မင်းရွာကျေးရွာမှ အဘ ဦးမောင်ဦး + အမိဒေါ်စန်းနုတို့ ၏သား|
မသိန်းသန်းဦး၏မောင်ငယ် မောင်ပိုလျှံ အောင် အသက် (၂၁)နှစ် ၏
ရုပ်အလောင်းအား ဂန့်ဂေါမြို့နယ်|မင်းရွာကျေးရွာသို့
အဆင်ပြေချောမွေ့စွာ သယ်ယူသွားနိုင်ရေးအတွက် ကိစ္စအဝဝတို့ကို ယောလူငယ်အဖွဲ့ (Online)မှ ကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။ ရုပ်ကလာပ်အား အင်းစိန်ပေါက်တောဝ မှ စိန်ရတနာ နာရေးကူညီမှုအသင်းကားဖြင့် ပို့ဆောင်ပေးနိုင်ရန်လည်း ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
နာရေးရှင်များသို့ ယောလူငယ်အဖွဲ့ မှ အလှူငွေ ၅၀,၀၀၀ိ/ကျပ် ကိုလည်းထည့်ဝင် လှူဒါန်းခဲ့ပါသည်။
တောတောင်အထပ်ထပ်ကို ဖြတ်ကျော်သွားရပါသော ယောမြေဒေသသို့  စေတနာရှေ့ထားကာ လိုက်ပါကူညီ ပို့ဆောင်ပေးသော စိန်ရတနာ နာရေးကူညီမှု အသင်းကြီးအား ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် အစစ အဆင်ပြေအောင် ဝိုင်းဝန်းကူညီပေးခဲ့ကြပါသော ယောလူငယ် အဖွဲ့ဝင်များကိုလည်း ကျေးဇူး အထူးတင်စွာဖြင့်

No comments:
Post a Comment