ယောလူငယ် မန္တလေးအဖွဲ့  လစဉ်တွေ့ ဆုံပွဲ ကို ( 11.12.2016 ) ရက်နေ့ 
မနက် ( 9: 30 ) ခန့်  အချိန်တွင် ပေါင်းလဲဘုရားအနီး - မဟာအောင်မြေ
ကျောင်းတိုက် အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။
အချိန်နေရာ အခက်ခဲများကြောင့် တက်ရောက် လာသော ယောလူငယ် အဖွဲ့  ဝင်များ နှင့် ယောနယ်မြေ အကျိုး ချစ်မြတ်နိုးသော တက်ရောက်လာသော ဧည့်သည်တော်များ ကို မနက် ( ၁၀ ) နာရီခန့်  အချိန်တွင် နေ့ လည်စာ ထမင်း- ကြက်သားကာလသားချက် - ယောမုန့် ညှင်းချဉ် - ငါးခြောက်ခရမ်းချည်သီး ချက် - အရွက်သုတ် -အတို့  အမြုတ် များဖြင့် ဦးစွာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည် ။
နေ့ လည်စာ တည်ခင်းဧည့်ခံ ကျွေးမွေးပီးနောက် အစည်းအဝေး စတင်ခဲ့ရာ မန္တလေး ယောလူငယ် ဥက္ကဌ ဦးဘိုဝ မှ အဖွင့်စကား ပြောကြားပီး အသင်းလက်ရှိလှုပ်ရှား မှုများ နှင့် ရည်ရွယ်ထားသော လုပ်ငန်းများအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ပါသည် ။
ဆွေးနွေးတိုင်ပင်ဖြစ်ခဲ့သော အကြောင်းအရာ များ မှာ -
၁ . ယောလူငယ် မန္တလေး အဖွဲ့ မှ ဗဟိုယောလူငယ် ( ရန်ကုန် ) ဦးစီးဆောင်ရွက် လျှက်ရှိသော ပညာရေး ရန်ပုံငွေ အတွက် လစဉ် လှူဒါန်းနိုင်ရန် ဆွေးနွေးခြင်း ။
၂ . မန္တလေးရောက် ယောသူ / သား များ နာရေးဖြစ်ပေါ် လာပါက နာရေးအတွက် အထောက်အပံ့ ပေးနိုင်ရန် ရန်ပုံငွေ ရှာဖွေခြင်း ကို ဆွေးနွေးခြင်း ။
၃ . ယောလူငယ် ဗဟိုအဖွဲ့  နှင့် နယ်မြေဒေသဆိုင်ရာ အဖွဲ့ များ ကို ချိတ်ဆက်လျှက် သတင်းအချက်အလက် များ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခြင်း ။
၎ . မန္တလေး ယောလူငယ် အဖွဲ့  အတွက် အဖွဲ့ ဝင် အသစ်များ စည်းရုံးနိုင်ရေး တိုးတက်မှု ရှိရေး
စသည် တို့ ကို ဆွေးနွေး တိုင်ပင်ခဲ့ပါသည် ။
ထို့ နောက် အသင်းလစဉ် ရန်ပုံငွေ ကောက်ခံခြင်း နှင့် အသင်းသား အဖွဲ့ ဝင်သစ်များအား နွေးထွေးစွာ အသင်း၏ လုပ်ဆောင်ချက် - ရည်ရွယ်ချက် လှုပ်ရှားခဲ့သော ယောလူငယ် အဖွဲ့  ၏ ပရဟိတ လုပ်ငန်းဆောင်တာ များအား ရှင်းလင်းပြောပြခဲ့ပါသည် ။
ဒီဇင်ဘာလ အတွက် လစဉ်ကြေး နှင့် အလှူငွေစာရင်း မှာ
၁. ဆရာတော် ဦးဣဿရိ ယ လှူငွေ = ၄၀၀၀၀ ကျပ်
၂. ဆရာတော် ဦးသေလာဗုဒ္ဓိ လှူငွေ = ၆၀၀၀၀ ကျပ်
၃ . လစဉ်ကြေး = ၃၆၀၀၀ ကျပ်
တို့ ကို ကောက်ခံ ရရှိပြီး ဘဏ္ဍာရေးမှူးများသို့  စာရင်း ဖြင့် အပ်နှံခဲ့ပါသည် ။
ထို့ နောက် ၂၀၁၇ အတွက် အလုပ်အမှူဆောင် များ ပြန်လည်ရွေးချယ် ခဲ့ ရာ
ဥက္ကဌ = ဦးဘိုဝ ( U Bo Wa Yaw )
အတွင်းရေးမှူး ၁ = ကိုစိုးမိုးသူ ( Soe Moe Thu )
။ ၂ = ကိုမင်းသန့် ( Min Thant Htay )
ဘဏ္ဍာရေးမှူး ၁ = ကိုဥာဏ်လင်းထွဋ် ( Pan Da )
၂ = မစန္ဒာချို ( ယောချစ်ချို )
၃ = မနွယ်နွယ်လင်း ( ယောလင်းရောင် )
ပြန်ကြားရေး ၁ = ကိုစိုးဝင်းအောင် ( YawThar Yaw )
၂ = ကိုမြင့်ဇော် ( Yaw Chit Thu )
စည်းရုံးရေးမှူး = ကိုတာရာကိုကိုမင်း ( တာရာကိုကိုမင်း)
တို့ ဖြင့် ပြန်လည်အားဖြည့် ဖွဲ့ စည်းခဲ့ပါသည် ။
ထို့ နောက် အမှတ်တရ ဓာတ်ပုံမှတ်တမ်းတင်ပီး လစဉ်တွေ့ ဆုံပွဲ ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။
ယောလူငယ် မန္တလေး လစဉ်တွေ့ ဆုံပွဲ တွင် အကျွေးအမွေး တာဝန်ယူခဲ့ပေးပါသော ယောလူငယ် မောင်မယ် အဖွဲ့  ဝင်များ အား လည်းကောင်း စိတ်ပါဝင်စားစွာ လာရောက် ပူးပေါင်း ဆောင်ရွက်ပါသော ယောချစ်သူ ညီအကို မောင်နှမ များကို ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည် ။
ယောလူငယ် ( Online )
ပြန်ကြားရေး

No comments:
Post a Comment