Menu

Sunday, January 29, 2017

ယောလူငယ်(Online) ရန်ကုန်၏ လပါတ်အစည်းအဝေးကျင်းပပြီးစီးခြင်း

8-1-2017 ရက်နေ့ နေ့လည် 1:00 နာရီအချိန်တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီဝင်းအတွင်းရှိ သတ္တာဒေဝမနုဿာနံ ဓမ္မာရုံကြီးတွင် ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြု လုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
ယောနယ်ဒေသအတွင်းရှိ ပညာရေးတွင်အခက်အခဲ ဖြစ်နေသော ထူးချွှန်ကျောင်းသူကျောင်းသားတစ်ယောက် ယောက်ကို ထပ်မံရွေးချယ် ပံ့ပိုးပေးရန် ကိစ္စ ဆွေးနွေးတိုင်ပင်ကြခြင်း။
ယောလူငယ်အဖွဲ့ အနေဖြင့် ရံပုံငွေ ရှာဖွေရန် နည်းလမ်းများကို တိုင်ပင်ဆွေးနွေး အကြံပြု ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
လာမည့် ၂၂ - ၁ - ၂ ၁၇ (တနင်္ဂနွေ)နေ့ တွင် ယောနယ်အသင်း(ရန်ကုန်) မှကျင်းပမည့်
(၄၇) ကြိမ်မြောက်သင်းလုံးကျွတ် အစည်းအဝေးနှင့် သက်ကြီးပူဇော်ပွဲ၊ပညာရည်ချွန်ဆုပေးပွဲကို ယောလူငယ်အဖွဲ့အနေဖြင့် သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ်ပါဝင်ကြပါရန်နှင့် လုပ်အားဒါန ပြု ကြပါရန် တိုင်ပင်ခဲ့ကြပါတယ်ရှင့်။
သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွှန် ဆုပေးပွဲသို့ လာရောက်သူများကို ဗလာမပါကံစမ်းမဲများဖောက်ပေးသွားမှာဖြစ်ပါ၍ ယောလူငယ်အဖွဲ့ သားများအနေ နဲ့ ကံစမ်းမဲများ ပေးလှူ ရာတွင်လည်းစုပေါင်း ပါဝင်လှူ ဒါန်းကြရန်တိုင်ပင်ခဲ့ကြပါတယ်။
ယောလူငယ်အမာခံ အဖွဲ့ဝင် မစောမြင့်အေး တို့ ဇနီးမောင်နှံအတွက် ယောလူငယ်အဖွဲ့သားများမှ စုပေါင်းလက်ဖွဲ့သော မင်္ဂဦးလက်ဆောင်ကိုလည်း တွေ့ဆုံပွဲတွင် ပျော်ပျော်ပါးပါး ပေးအပ် လက်ဖွဲ့ ခဲ့ကြပါတယ်။

ယောလူငယ်အဖွဲ့ (ရန်ပုံငွေ)စာရင်းရှင်းတမ်း-
ဇန္နဝါရီလ
========
စာရင်းဖွင့်လက်ကျန် 90,000/
မန်ဘာကြေးရငွေ 114,000/
ပညာသင်ထောက်ပံ့ကြေးလှူ (30,000/)
စာရင်းပိတ်လက်ကျန် 174,000/
--------------------------------------------------------
ယောလူငယ်အဖွဲ့ မတည်ရံပုံငွေ လှူ ဒါန်းပေးပါသော ကိုဇော်လင်းနှင့်တကွ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြပါသော အဖွဲ့ဝင်များနှင့်မိသားစုများအားလုံးကို ကျေးဇူးတင်ပါတယ်။
ယောလူငယ်အဖွဲ့အစည်းအဝေးပွဲတွင်
ယောနယ်မှ တင်းဝါး(ကောက်ညှင်းကျည်တောက်)များကို တကူးတက သယ်လာကာ ဧည့်ခံကျွေးမွေးပေးကြပါသောအလှုရှင် ဦးဝင်းဇော် မိသားစု| တင်းဝါးစည်းကို ကားကြုံ ဖြင့် ပို့ ပေးလိုက်ပါသောပခုက္ကူ ယောကျောင်းသားများအဖွဲ့ တို့ ကိုလည်း ကျေးဇူးအထူးပါရှင့် ။
တင်းဝါးအတွက် တို့ စရာများ| ခံတက်ချ ဉ်သုပ်|ပဲလွန်း ပဲမုန့် ကြော် ငချိတ်ထမင်း| ပြီးပြည့်စုံသွားအောင် ကော်ဖီမစ်ပါမကျန် ယူလာပေးကြပါသော အဖွဲ့ဝင် အသီးသီးကို ကျေးဇူးတင်ပါတယ်ရှင့်။
အထူးသဖြင့် ဆွေးနွေးပွဲအပြီး မင်္ဂလာအကြို ညနေစာအဖြစ် လိုက်လံဧည့်ခံကျွေးမွေးခဲ့ပါသော ကိုနိုင်မျိုးဇော် + မစောမြင့်အေးတို့ ဇနီးမောင်နှံအား ကျေးဇူးအများကြီး တင်ပါကြောင်းနှင့် သက်ထက်ဆုံး ကျန်းမာပျော်ရွှင်စွာဖြင့် ချစ်ခင်ကြင်နာနိုင်ကြစေဖို့ ဆုတောင်းပေးခဲ့ကြပြီး ယခုလ တွေ့ဆုံပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်ရှင့်။
                                                                                    ပြန်ကြားရေးအဖွဲ့
                                                                                       ယောလူငယ်


No comments:

Post a Comment