ယောလူငယ်အဖွဲ့သည် နေရာအနှံ့အပြားတွင်ရောက်ရှိနေသောယောသူယောသားများ စုစည်းညီညွတ်စွာဖြင့်ယောဒေသ၏ ပညာရေး၊ကျန်းမာရေး၊လူနေမှု၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့်လိုအပ်နေသော ကဏ္ဍအသီးသီးတွင်တိုင်ပင်ဆွေးနွေးပြီး လိုအပ်ချက်များကိုပါဝင်ကူညီနိုင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
Friday, October 30, 2015
ယောနယ်အသင်း (ရန်ကုန်) စာအောင်ဆုချီးမြှင့်ပွဲ
ယောနယ်အသင်း (ရန်ကုန်) မှကြီးမှူးကျင်းပမည့် (၄၇) ကြိမ်မြောက် ယောသံဃာတော်များအား ပူဇော်ကန်တော့ပွဲနှင့် စာအောင်ဆုချီးမြှင့်ပွဲတွင် တိပိဋကဓရ ၊ ဓမ္မဘဏ္ဍာဂါရိက အရှင်သိရိန္ဒာဘိဝံသ (ယောဆရာတော်) ဦးဆောင်၍ စာအောင်ဆုချီးမြှင့်ပြီး အနုမောဒနာတရားဟောကြားမည်ဖြစ်ပါ၍ ဂန့် ဂေါ၊ ကလေး၊ ထီးလင်း၊ ဆော ၊ကျောက်ထု မှယောသား ယောသူများနှင့် ဓမ္မမိတ်ဆွေများကို လေးစားစွာဖြင့် ယောအသင်းကိုယ်စား ဖိတ်ကြားအပ်ပါသည်ရှင့်။ ယောလူငယ်အဖွဲ့ ဆိုသည်မှာ ကိုယ်တတ်နိုင်သလောက် ယောဒေသ အကျိုးကိုလုပ်ဆောင်ရန် ယောဒေသမှ လူငယ်များစုစည်းထားသည်ဖြစ်ရာ ယောအသင်းမှ ကျင်းပသည့်ဘယ်ပွဲမဆို အတတ်နိုင်ဆုံး အားဖြည့်ပါဝင်ခဲ့ကြပါသည်။
ယောအတွက် ကောင်းကျိုးလုပ်ရမည်ဆိုပါက ယောလူငယ် အဖွဲ့ သူ ၊ အဖွဲ့ သားများသည် တခြား အဖွဲ့ စည်းများဖြင့်လည်းပူးပေါင်းကာတတ်ကြွစွာ ပါဝင် အားဖြည့် ခဲ့ကြပါသည်။ ဒါကြောင့် လာမည့် ၁ -၁၁ - ၂၀၁၅ ရက်နေ့  တနင်္ဂနွေနေ့  နံနက် ၉ နာရီ ၊ ဗဟန်းမြို့ နယ်၊ ကြားတောရလမ်း၊ အမှတ် ၁၅ (ရွှေတိဂုံအရှေ့ ဘက်မုခ်) ရှိ တိပိဋက ဓမ္မရက္ခိတ ဗိမာန်တော်တွင် ကျင်းပမည့် စာအောင်ဆုချီးမြှင့်အခန်းအနားတွင် ယောသံဃာတော်များကို အဖွဲ့ မှအလှူငွေ ကျပ်တစ်သိန်းအပြင် အသင်းသားများမှလည်း ဆွမ်းပဒေသာ၊ ဆေးပဒေသာ၊ စာအောင်ပဒေသာ၊ သင်္ကန်း နှင့် နဝကမ္မများ ကပ်လှူ ကြမည်ဖြစ်သဖြင့် ထပ်မံထည့်ဝင်လှူဒါန်းလိုသည့် အဖွဲ့သားများ လှူဒါန်းနိုင်ရန် နှိုးဆော်လိုက်ပါသည်ရှင့်။
(ယောလူငယ်ပြန်ကြားရေးအဖွဲ့ )
ယောလူငယ်ဆို အဲ့သလိုပါကွဲ့
ပတ် ဗေပုံ…
ဗေပုံ …ဗေပုံ…
ကမ္ဘာမြေအဟုန်
တုန်သွားအောင် တီးလိုက်ပါ။
ခင်ဗျားတို့တီးနေတာ
ရွာတစ်ရွာ့ရိုးရာ
အိုးစည် မဟုတ်ပါဘူးကွဲ့…
ယောယဉ်ကျေးမှု
အသိအမှတ်ပြုဖို့
ငါတို့ရဲ့ရင်ဘတ်ကို
တဖြတ်ဖြတ် တလှပ်လှပ်
တီးခတ်နေကြတာလေ။
Saturday, October 24, 2015
ဒဲ့ပြောပါရစေ
ယောလူငယ်ဆိုတာ
ဒေသအသီးသီးက
ယောသားသမီးတွေ
မတွေဝေစိတ်ဓာတ်နဲ့
ခိုင်မတ်တည်ကြည်
ယောပြည်အကျိုး
စွမ်းသမျှထမ်းပိုးဖို့
ချို့ငဲ့တဲ့ဒေသ
ဖေးကူမ ဖို့။
အောက်ကျခဲ့သမျှ
ပြန်တောက်ပဖို့။
ဒေသအသီးသီးက
ယောသားသမီးတွေ
မတွေဝေစိတ်ဓာတ်နဲ့
ခိုင်မတ်တည်ကြည်
ယောပြည်အကျိုး
စွမ်းသမျှထမ်းပိုးဖို့
ချို့ငဲ့တဲ့ဒေသ
ဖေးကူမ ဖို့။
အောက်ကျခဲ့သမျှ
ပြန်တောက်ပဖို့။
ငါတို့ရဲ့အချိန်
ငါတို့ပေးနိုင်သမျှ
ငါတို့ပေးဖို့ ကြိုးစားနေကြတယ်။
ငါတို့ဒေသ
နောက်မကျစေချင်
ဒီအမြင် ဒီအတွေးနဲ့
သမိုင်းသစ်ရေးချင်ပါတယ်။
ငါတို့ပေးနိုင်သမျှ
ငါတို့ပေးဖို့ ကြိုးစားနေကြတယ်။
ငါတို့ဒေသ
နောက်မကျစေချင်
ဒီအမြင် ဒီအတွေးနဲ့
သမိုင်းသစ်ရေးချင်ပါတယ်။
ဘယ်ပါတီ ဘယ်အရောင်
ဘယ်အကောင် ဘယ်လိုလူမှ
ခယခြင်းမရှိ
ပကတိသန့်စင်
ယောသာ သခင်
ယောဘာသာ ရှင်သန်ချင်ရဲ့။
ယော ယဉ်ကျေးမှု
မှတ်တမ်းပြုချင်ရဲ့။
ဘယ်အကောင် ဘယ်လိုလူမှ
ခယခြင်းမရှိ
ပကတိသန့်စင်
ယောသာ သခင်
ယောဘာသာ ရှင်သန်ချင်ရဲ့။
ယော ယဉ်ကျေးမှု
မှတ်တမ်းပြုချင်ရဲ့။
ယောရွာဓလေ့
မမေ့မလျော့
မပေါ့မဆ ထိန်းသိမ်းချင်ကြရဲ့။
တကယ်ဆိုရင်
မကူချင်နေပါ
အရောင်လာလာမဆိုးပါနဲ့။
မမေ့မလျော့
မပေါ့မဆ ထိန်းသိမ်းချင်ကြရဲ့။
တကယ်ဆိုရင်
မကူချင်နေပါ
အရောင်လာလာမဆိုးပါနဲ့။
မဖျော့တော့တဲ့ယောသွေး
ယောရှေ့ရေးအတွက်
အဖက်ဖက်က
လိုအပ်သမျှ
မဖြည့်နိုင်ကြပေမဲ့
ရှိသမျှခွန်အား
နိုင်သမျှစွမ်းအားနဲ့
တတပ်တအား
ကြိုးစားနေကြပါတယ်။
ယောရှေ့ရေးအတွက်
အဖက်ဖက်က
လိုအပ်သမျှ
မဖြည့်နိုင်ကြပေမဲ့
ရှိသမျှခွန်အား
နိုင်သမျှစွမ်းအားနဲ့
တတပ်တအား
ကြိုးစားနေကြပါတယ်။
တကယ်ဆိုရင်
ကဲ့ရဲ့ချင်တဲ့
မိတ်ဆွေရဲ့ အဝိဇ္ဇာကို
ခဏခွါဖယ်
ယောလူငယ် စည်းမျဉ်း
ယောလူငယ်သတင်း တွေ
သေသေချာချာ
ဖတ်ကြည့်ပေးပါ့လား။
ကဲ့ရဲ့ချင်တဲ့
မိတ်ဆွေရဲ့ အဝိဇ္ဇာကို
ခဏခွါဖယ်
ယောလူငယ် စည်းမျဉ်း
ယောလူငယ်သတင်း တွေ
သေသေချာချာ
ဖတ်ကြည့်ပေးပါ့လား။
နောက်နောင်များမှ
ခင်ဗျားရဲ့ အတ္တနဲ့
ခင်ဗျားရဲ့ကံသုံးပါး
ခင်ဗျားပြုမူသမျှ
ခင်ဗျား ရဲ့ သွင်ပြင်
သားစဉ်မြေးဆက်
မျက်နှာပျက်ရမယ့်အရေး
တချက်လောက်တွေးကြည့်ပေးပ့ါလား
တိမ်သလ္လာကင်းရင်
ခင်ဗျား ဘဝင်ကျမှာပါ။
ခင်ဗျားရဲ့ အတ္တနဲ့
ခင်ဗျားရဲ့ကံသုံးပါး
ခင်ဗျားပြုမူသမျှ
ခင်ဗျား ရဲ့ သွင်ပြင်
သားစဉ်မြေးဆက်
မျက်နှာပျက်ရမယ့်အရေး
တချက်လောက်တွေးကြည့်ပေးပ့ါလား
တိမ်သလ္လာကင်းရင်
ခင်ဗျား ဘဝင်ကျမှာပါ။
ဒါပေမယ့်ဗျာ
သေချာတာက
ယောလူငယ်ဆိုတာလေ
မတွေဝေစိတ်ဓာတ်နဲ့
ခိုင်မတ်နေမယ့်
ယောလူငယ်အဖွဲ့ ပါ။ ။
သေချာတာက
ယောလူငယ်ဆိုတာလေ
မတွေဝေစိတ်ဓာတ်နဲ့
ခိုင်မတ်နေမယ့်
ယောလူငယ်အဖွဲ့ ပါ။ ။
ယောသိင်္ခ(ဗဟို ဥက္ကဌ)
သူလိုလူ (၁)
နာမည်ကတော့ မသန္တာစိုးပါ။
လက်ရှိ ရန်ကုန်မှာနေပြီး ဒေသတွင်းက ယောသူယောသားလေးတွေကို အလုပ်အကိုင် ရှာဖွေကာ အပ်နှံပေးပါတယ်။ သူ့ကိုယ်ပိုင် စက်ချုပ်ဆိုင်မှာလဲ စရိတ်ငြိမ်း စက်ချုပ်အတတ်ပညာတွေကိုလဲ သင်ပြပေးနေပါတယ်။ ဒီအပြင် ယောလူငယ်အဖွဲ့အတွက် စည်းရုံးရေးတစ်ပိုင်းနှင့် ဆက်ဆံရေး နယ်မြေအမာခံအဖြစ်လဲဆောင်ရွက်နေသူပါ။ယောလူငယ်အဖွဲ့ရဲ့ အိုးစည်အ၀တ်အစား၊လွယ်အိတ်တို့ကိုလဲ ချုပ်လုပ်ဖန်တီး ထားပါပြီးပြီ။ ထီးလင်းမြို့နယ် ညောင်ကန်ရွာ ဇာတိဖြစ်တဲ့ မယော
Thursday, October 15, 2015
ရိုးရာ အိုးစည်ပြိုင်ပွဲဖြစ်မြောက်ရေး အလှူခံ
ယောလူငယ်အဖွဲ့ (ကျောက်ထု)ရဲ့ ယောဓလေ့ရိုးရာ အိုးစည် သရုပ်ပြခြင်းနှင့် ရံပုံငွေ ရှာဖွေပွဲကို အညာငါးရွာဒေသမှာ ကျင်းပခဲ့ပါတယ်။ မြောက်ပိုင်းယောဒေသကို အိုးစည်ဓလေ့နှင့် ဆီမီးထောင်ချဓလေ့ကို သွားရောက်မိတ်ဆက်ဖို့ရာ ရံပုံငွေများလဲလိုအပ်ပါတယ်။ဒါကြောင့် သရုပ်ပြခြင်းနှင့် ရံပုံငွေပွဲ ပြုလုပ်ရတာ ဖြစ်ပါတယ်ခင်ဗျာ။
ယောလူငယ် ဗဟိုအဖွဲ့တွေ့ဆုံပွဲ
11.10.2015(တနင်္ဂနွေနေ့) တွင် ယောလူငယ်အဖွဲ့(ဗဟို) လစဉ်တွေ့ဆုံပွဲကို စွယ်တော်ဘုရားဝန်း အတွင်းရှိ ယောဓမ္မာရုံမှာကျင်းပခဲ့ပါတယ်။ ယောသူယောသား ၃၅ ယောက်ခန့်တက်ရောက် လာခဲ့ပါတယ်။
ယခုလတွေဆုံပွဲတွင် ပြင်သာရွာ ရေတွင်းအလှူ ရေစက်ချရန်ဆွေးနွေးခြင်း၊ ရန်ပုံငွေရှာဖွေရေး ကော်မတီ အဖွဲ့ ဖွဲ့စည်းအတည်ပြုခြင်း၊ ရန်ပုံငွေရရှိရေးဆွေးနွေးခြင်း၊ အသင်းဝင်ကဒ်ပြုလုပ်ရန် dataကောက်ယူခြင်း များပြုလုပ်ခဲ့ကြပါတယ်။
ထို့ပြင် လစဉ်ကြေးကောက်ခံခြင်း အလှူငွေကောက်ခံထားမှုများအား လွှဲပြောင်းပေးအပ်ခြင်း များလည်းပြုလုပ်ခဲ့ကြပါတယ်။
ရံပုံငွေရှိရေးအတွက် T shirt နှင့်ယောလူငယ်စာစဉ်တို့ကိုလည်း ရောင်းချနိုင်
ရန် ရံပုံငွေရှာဖွေရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ထို့နောက် အုန်းနို့ခေါက်ဆွဲ၊ ယောမုန့်ဖက်ထုပ်၊ လဖက်သုပ်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ညနေ ၃ နာရီခန့်တွင် အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။
ယောလူငယ်ပြန်ကြားရေးအဖွဲ့
Subscribe to:
Posts (Atom)