Menu

Saturday, October 24, 2015

ဒဲ့ပြောပါရစေ


ယောလူငယ်ဆိုတာ
ဒေသအသီးသီးက
ယောသားသမီးတွေ
မတွေဝေစိတ်ဓာတ်နဲ့
ခိုင်မတ်တည်ကြည်
ယောပြည်အကျိုး
စွမ်းသမျှထမ်းပိုးဖို့
ချို့ငဲ့တဲ့ဒေသ
ဖေးကူမ ဖို့။
အောက်ကျခဲ့သမျှ
ပြန်တောက်ပဖို့။
ငါတို့ရဲ့အချိန်
ငါတို့ပေးနိုင်သမျှ
ငါတို့ပေးဖို့ ကြိုးစားနေကြတယ်။
ငါတို့ဒေသ
နောက်မကျစေချင်
ဒီအမြင် ဒီအတွေးနဲ့
သမိုင်းသစ်ရေးချင်ပါတယ်။
ဘယ်ပါတီ ဘယ်အရောင်
ဘယ်အကောင် ဘယ်လိုလူမှ
ခယခြင်းမရှိ
ပကတိသန့်စင်
ယောသာ သခင်
ယောဘာသာ ရှင်သန်ချင်ရဲ့။
ယော ယဉ်ကျေးမှု
မှတ်တမ်းပြုချင်ရဲ့။
ယောရွာဓလေ့
မမေ့မလျော့
မပေါ့မဆ ထိန်းသိမ်းချင်ကြရဲ့။
တကယ်ဆိုရင်
မကူချင်နေပါ
အရောင်လာလာမဆိုးပါနဲ့။
မဖျော့တော့တဲ့ယောသွေး
ယောရှေ့ရေးအတွက်
အဖက်ဖက်က
လိုအပ်သမျှ
မဖြည့်နိုင်ကြပေမဲ့
ရှိသမျှခွန်အား
နိုင်သမျှစွမ်းအားနဲ့
တတပ်တအား
ကြိုးစားနေကြပါတယ်။
တကယ်ဆိုရင်
ကဲ့ရဲ့ချင်တဲ့
မိတ်ဆွေရဲ့ အဝိဇ္ဇာကို
ခဏခွါဖယ်
ယောလူငယ် စည်းမျဉ်း
ယောလူငယ်သတင်း တွေ
သေသေချာချာ
ဖတ်ကြည့်ပေးပါ့လား။
နောက်နောင်များမှ
ခင်ဗျားရဲ့ အတ္တနဲ့
ခင်ဗျားရဲ့ကံသုံးပါး
ခင်ဗျားပြုမူသမျှ
ခင်ဗျား ရဲ့ သွင်ပြင်
သားစဉ်မြေးဆက်
မျက်နှာပျက်ရမယ့်အရေး
တချက်လောက်တွေးကြည့်ပေးပ့ါလား
တိမ်သလ္လာကင်းရင်
ခင်ဗျား ဘဝင်ကျမှာပါ။
ဒါပေမယ့်ဗျာ
သေချာတာက
ယောလူငယ်ဆိုတာလေ
မတွေဝေစိတ်ဓာတ်နဲ့
ခိုင်မတ်နေမယ့်
ယောလူငယ်အဖွဲ့ ပါ။ ။

ယောသိင်္ခ(ဗဟို ဥက္ကဌ)

No comments:

Post a Comment