Menu

Saturday, October 24, 2015

ယောလူငယ်အဖွဲ့(ကျောက်ထု)မှ ဆွမ်းဒါနနှင့် ရိုးရာ အိုးစည်ဓလေ့ ကပြဖျော်ဖြေခြင်းများ


၂၁ .၁၀ .၂၀၁၅ ရက်နေ့မှာ ကျရောက်သော ဥပုသ် သီတင်းပတ်တွင် ပြင်လယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကြွရောက်လာသူများအား ယောလူငယ်အဖွဲ့(ကျောက်ထု)မှ ဆွမ်းဒါနနှင့် ရိုးရာ အိုးစည်ဓလေ့ ကပြဖျော်ဖြေခြင်းများ ၊မှတ်တမ်းတင် ရုပ်သံရိုက်ကူးရေးများ ပြုလုပ်ခဲ့ကြပါတယ်။


၂၁ .၁၀ .၂၀၁၅ ရက်နေ့မှာ ကျရောက်သော ဥပုသ် သီတင်းပတ်တွင် ပြင်လယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောက်ထု ယောလူငယ် အဖွဲ့ အင်အားစု ၂၅ ယောက်ခန့် လာရောက်၍ ကျောင်းထိုင် ဆရာတော် အပါအဝင် ပင့်သံဃာ များနှင့် ဥပုသ် သီတင်းသီလ ဆောက်တည်ကြသူများကို နေ့ဆွမ်း အဟာရ အလှူ ဒါန ပြုလုပ်ကြပါတယ်။ အလှူပြုလုပ်ခြင်းများကိုလည်း မှတ်တမ်းတင် ရုပ်သံ ရိုက်ကူးကာ နေ့လည်ပိုင်း ၂ နာရီ ခန့်အချိန် မှာတော့ ပြင်လယ်ရွာ ဆရာတော် ဦးစီးပြီး ပြင်လယ်လူငယ်အဖွဲ့ ရိုးရာ အိုးစည်ဓလေ့ကို ထုတ်ဖော် မြှင့်တင်ရေး အတွက် ယောအင်အားစုမှ ပံ့ပိုးကူညီ ထားသည့် အိုးစည် အဖွဲ့ ဝတ်စုံများဖြင့် ကျောက်ထု ယောလူငယ်အဖွဲ့ နှင့်အတူ အိုစည်အဖွဲ့ ယိမ်းကကွက်ကဟန် များ ၊ သံချပ် များ သီဆိုကာ
မှတ်တမ်းတင် ရုပ်သံ ဗွီဒီယို ရိုက်ကူးခဲ့ကြပါတယ် ။ မှတ်တမ်းတင် ရုပ်သံကို ယောလူငယ်အဖွဲ့ဝင် အင်အားစု ( လှကမ္ဘာ ) ဗွီဒီယို ရိုက်ကူးရေးမှ အစ အဆုံး အလှူဆွမ်းကျွေး ပြုခြင်းနဲ့ အိုးစည်အဖွဲ့ မှတ်တမ်း ဗွီဒီယိုကို ယခုလိုထအမြောက် အောင် ပံ့ပိုးကူညီ ရိုက်ကူးပေးခဲ့သည့် အတွက် လှကမ္ဘာ မိသားစုကိုလည်း ကျောက်ထု ယောလူငယ် အဖွဲ့ မှ ကျေးဇူး အထူး တင်ရှိပါသည် ။

ဆရာတော်များမှလဲ ကျောက်ထု ယောလူငယ်အဖွဲ့ အား ရေရှည်တည်တံ့ စေရန် ယောလူငယ်အဖွဲ့ ထံ သို့( ၁)သိန်း ( ၃ )သောင်း ကျပ် အလှူ ငွေများထပ်မံ လှူ ဒါန်းပါတယ်ခင်ဗျာ ။
ထို့နောက် တက်ရောက်လာသူများမှ ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ်ရွတ်ဖတ် ပူဇော်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါတယ် ။

ယောလူငယ်အဖွဲ့ ပြန်ကြားရေး



No comments:

Post a Comment