ယောလူငယ်အဖွဲ့သည် နေရာအနှံ့အပြားတွင်ရောက်ရှိနေသောယောသူယောသားများ စုစည်းညီညွတ်စွာဖြင့်ယောဒေသ၏ ပညာရေး၊ကျန်းမာရေး၊လူနေမှု၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့်လိုအပ်နေသော ကဏ္ဍအသီးသီးတွင်တိုင်ပင်ဆွေးနွေးပြီး လိုအပ်ချက်များကိုပါဝင်ကူညီနိုင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
ယောလူငယ်အဖွဲ့(Online) သည်ပါတီနိုင်ငံရေးလုံးဝကင်းပါသည်။ (ပါတီနိုင်ငံရေးကင်းရှင်းသည်ဟုဆိုရာတွင် ယောလူငယ်အဖွဲ့သည်မည်သည့်နိုင်ငံရေးပါတီ၏ လက်အောက်ခံမဟုတ်ခြင်းကိုဆိုလိုပါသည်)အဖွဲ့ဝင်များအနေဖြင့် ကိုယ်ယုံကြည်ရာ ပါတီအဖွဲ့အစည်းအား အဖွဲ့နာမည်မသုံးပဲ ထောက်ခံအားပေးနိုင်ပါသည်ဟု အဖွဲ့၏ မူဝါဒ စည်းမျဉ်းတွင်ချမှတ်ထားပြီးဖြစ်ပါသည်။
ယခုအခါ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ
အဖွဲ့ဝင်အချင်းချင်း စိတ်ဝမ်းကွဲစေနိုင်သော၊အများအမြင်တွင် အဖွဲ့အပေါ် သံသယဖြစ်စေနိုင်သော အပြုအမူများ၊မဲဆွယ်စည်းရုံးမှုများ၊ အရေးအသားများ မကြာခဏတွေ့ရှိနေရပါသည်။
ထို့ကြောင့် အဖွဲ့စည်းမျဉ်းနှင့်အညီ တစ်ဦးတယောက်ချင်းစီ၏ အပြုအမူ၊အရေးအသား၊လုပ်ဆောင်ချက်သည် ယောလူငယ်အဖွဲ့ နှင့်လုံးဝမသက်ဆိုင်ပါကြောင်းနှင့် အကယ်၍ အဖွဲ့နာမည်သုံး၍ဖြစ်စေ အဖွဲ့ကိုထိခိုက်စေနိုင်သော အကြောင်းအရာ တစ်ရပ်ဖြစ်စေ ပြုမူ ဆောင်ရွက် ရေးသားလာပါက (အဖွဲ့၏ အခြေခံစည်းမျဉ်းနှင့် အညီ မလွှဲမရှောင်သာ ထုတ်ပယ်ရမည်ဖြစ်ပါကြောင်း လေးစားစွာ) အသိပေးကြေငြာအပ်သည်။
( ယောလူငယ်အဖွဲ့ ပြန်ကြားရေး )
29 .10 .2015
No comments:
Post a Comment