Friday, October 30, 2015
ယောနယ်အသင်း (ရန်ကုန်) စာအောင်ဆုချီးမြှင့်ပွဲ
ယောနယ်အသင်း (ရန်ကုန်) မှကြီးမှူးကျင်းပမည့် (၄၇) ကြိမ်မြောက် ယောသံဃာတော်များအား ပူဇော်ကန်တော့ပွဲနှင့် စာအောင်ဆုချီးမြှင့်ပွဲတွင် တိပိဋကဓရ ၊ ဓမ္မဘဏ္ဍာဂါရိက အရှင်သိရိန္ဒာဘိဝံသ (ယောဆရာတော်) ဦးဆောင်၍ စာအောင်ဆုချီးမြှင့်ပြီး အနုမောဒနာတရားဟောကြားမည်ဖြစ်ပါ၍ ဂန့် ဂေါ၊ ကလေး၊ ထီးလင်း၊ ဆော ၊ကျောက်ထု မှယောသား ယောသူများနှင့် ဓမ္မမိတ်ဆွေများကို လေးစားစွာဖြင့် ယောအသင်းကိုယ်စား ဖိတ်ကြားအပ်ပါသည်ရှင့်။ ယောလူငယ်အဖွဲ့ ဆိုသည်မှာ ကိုယ်တတ်နိုင်သလောက် ယောဒေသ အကျိုးကိုလုပ်ဆောင်ရန် ယောဒေသမှ လူငယ်များစုစည်းထားသည်ဖြစ်ရာ ယောအသင်းမှ ကျင်းပသည့်ဘယ်ပွဲမဆို အတတ်နိုင်ဆုံး အားဖြည့်ပါဝင်ခဲ့ကြပါသည်။
ယောအတွက် ကောင်းကျိုးလုပ်ရမည်ဆိုပါက ယောလူငယ် အဖွဲ့ သူ ၊ အဖွဲ့ သားများသည် တခြား အဖွဲ့ စည်းများဖြင့်လည်းပူးပေါင်းကာတတ်ကြွစွာ ပါဝင် အားဖြည့် ခဲ့ကြပါသည်။ ဒါကြောင့် လာမည့် ၁ -၁၁ - ၂၀၁၅ ရက်နေ့  တနင်္ဂနွေနေ့  နံနက် ၉ နာရီ ၊ ဗဟန်းမြို့ နယ်၊ ကြားတောရလမ်း၊ အမှတ် ၁၅ (ရွှေတိဂုံအရှေ့ ဘက်မုခ်) ရှိ တိပိဋက ဓမ္မရက္ခိတ ဗိမာန်တော်တွင် ကျင်းပမည့် စာအောင်ဆုချီးမြှင့်အခန်းအနားတွင် ယောသံဃာတော်များကို အဖွဲ့ မှအလှူငွေ ကျပ်တစ်သိန်းအပြင် အသင်းသားများမှလည်း ဆွမ်းပဒေသာ၊ ဆေးပဒေသာ၊ စာအောင်ပဒေသာ၊ သင်္ကန်း နှင့် နဝကမ္မများ ကပ်လှူ ကြမည်ဖြစ်သဖြင့် ထပ်မံထည့်ဝင်လှူဒါန်းလိုသည့် အဖွဲ့သားများ လှူဒါန်းနိုင်ရန် နှိုးဆော်လိုက်ပါသည်ရှင့်။
(ယောလူငယ်ပြန်ကြားရေးအဖွဲ့ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment