Menu

Thursday, October 15, 2015

ယောလူငယ် ဗဟိုအဖွဲ့တွေ့ဆုံပွဲ


11.10.2015(တနင်္ဂနွေနေ့) တွင် ယောလူငယ်အဖွဲ့(ဗဟို) လစဉ်တွေ့ဆုံပွဲကို စွယ်တော်ဘုရားဝန်း အတွင်းရှိ ယောဓမ္မာရုံမှာကျင်းပခဲ့ပါတယ်။ ယောသူယောသား ၃၅ ယောက်ခန့်တက်ရောက် လာခဲ့ပါတယ်။
ယခုလတွေဆုံပွဲတွင် ပြင်သာရွာ ရေတွင်းအလှူ ရေစက်ချရန်ဆွေးနွေးခြင်း၊ ရန်ပုံငွေရှာဖွေရေး ကော်မတီ အဖွဲ့ ဖွဲ့စည်းအတည်ပြုခြင်း၊ ရန်ပုံငွေရရှိရေးဆွေးနွေးခြင်း၊ အသင်းဝင်ကဒ်ပြုလုပ်ရန် dataကောက်ယူခြင်း များပြုလုပ်ခဲ့ကြပါတယ်။

ထို့ပြင် လစဉ်ကြေးကောက်ခံခြင်း အလှူငွေကောက်ခံထားမှုများအား လွှဲပြောင်းပေးအပ်ခြင်း များလည်းပြုလုပ်ခဲ့ကြပါတယ်။
ရံပုံငွေရှိရေးအတွက် T shirt နှင့်ယောလူငယ်စာစဉ်တို့ကိုလည်း ရောင်းချနိုင်
ရန် ရံပုံငွေရှာဖွေရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ထို့နောက် အုန်းနို့ခေါက်ဆွဲ၊ ယောမုန့်ဖက်ထုပ်၊ လဖက်သုပ်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ညနေ ၃ နာရီခန့်တွင် အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။

ယောလူငယ်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment