ယောလူငယ်(ဗဟို)အဖွဲ့ လစဉ်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ (9.10.16)
တနင်္ဂနွေနေ့ ၊ နေ့လည် (၁) နာရီ အချိန်တွင် စွယ်တော်မြတ်စေတီတော်
ယောအသင်းဓမ္မာရုံ၌အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
တွေ့ ဆုံပွဲတွင်
ယောနယ်ဒေသအတွင်းရှိရှေးဟောင်းအမွေအနှစ်များအား တရားမဝင်ရောင်းချနေခြင်းများကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ယောဒေသအတွင်း ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည့် ဗီနိုင်း နှင့်လက်ကမ်းစာစောင်များ ရိုက်နှိပ် ဖြန့်ဝေသွားရန်သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ ထို့နောက် ဘဏ္ဍာရေးစာရင်းရှင်းတမ်းတင်ပြခြင်း ထီးလင်းမြို့နယ်တွင် ရေရှားပါးသောကျေးရွာအချို့ ၌ စက်ရေတွင်းလှူ ဒါန်းရန် ချိတ်ဆက်ထားသည့် အစီစဉ်များအား ရှင်းလင်းတင်ပြခြင်း ဆောဒေသ ကျေးရွာအချို့ တွင် လက်ရှိဖြစ်ပေါ်နေသော
ကိစ္စ အချို့ အား ဆွေးနွေးတိုင်ပင်ခြင်း ပြုလုပ်ခဲ့ကြပါသည်။
ညနေလေးနာရီ
ခန့် တွင်ဆွေးနွေးပွဲကိုအောင်မြင်စွာ
အဆုံးသတ်ခဲ့ကြပြီး ယောဒေသ၏ ရာသီစာ
ဟင်းလျာဖြစ်သည့် ယောလူငယ်ဥက္ကဋ္ဌ ကိုယ်တိုင်
စိုက်ပျိုးထားသော ခြံထွက် ကျောက်ဖရုံသီးနှင့် ဝက်သားသုံးထပ်သားချက်
ကျောက်ဖရုံသီးနှင့်ဝက်နံရိုးချက် မန်ကျည်းသီးကြော် စပ်သီးကြော် တောင်ပို့ မှိုနှင့်ကန်စွန်းရွက်ကြော်
တို့ အပြင် အချို ပွဲအဖြစ် ကော်ဖီမစ် နဂါးမောက်သီး ဓနိသီးဆံ နှင့် လ္ဘက်သုပ် တို့ ဖြင့် ပျော်ရွှင်ရင်းနှီးစွာ ဝိုင်းဖွဲ့စားသောက်ကြပါတယ်။
စားသောက်ဖွယ်ရာများကိုယူဆောင်လာပေးခဲ့ကြ
ပါသော အဖွဲ့ဝင်များနှင့်  တွေ့ဆုံပွဲသို့  တက်ရောက်ပေးသောအဖွဲ့ဝင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
#၂၃-၁၀-၂၀၁၆ နေ့ (တနင်္ဂနွေ) မနက် ၉း၀၀ တွင် ယောနယ်အသင်းရန်ကုန်မှ ကြီးမှူးကျင်းပသော စာအောင်သံဃာများဆုချီးမြှင့်ပွဲနှင့် ယောနယ်ဇာတိဖွားမထေရ်ကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနား
သို့ ယောလူငယ်များအနေဖြင့် ဝေယျာဝစ္စကုသိုလ်ယူကြပါရန် နံနက် ၈း၀၀ အရောက် ယောလူငယ်ဝတ်စုံရှိသူများ ယောလူငယ်ဝတ်စုံ
များဝတ်၍ လာခဲ့ကြပါရန် ကြို တင်အသိပေးနှိုးဆော်အပ်ပါတယ်ရှင့်။
ယောလူငယ်အဖွဲ့ ပြန်ကြားရေးအဖွဲ့ 

No comments:
Post a Comment