20-10-2016
တောင်သားလူမျိုးများသည်
ကျောက်ဂူတောရဆရာတော်ကြီး၏
(၆၆)နှစ်ပြည့် ဝိဇာတသို့ လာရောက်ဖူးမျှော်ကြပြီး
တောင်သားလူမျိုးများသည်
ကျောက်ဂူတောရဆရာတော်ကြီး၏
(၆၆)နှစ်ပြည့် ဝိဇာတသို့ လာရောက်ဖူးမျှော်ကြပြီး
နေ့လည်ပိုင်းမှာတော့
ကန်အနောက်ကျောင်းဆရာတော်ဘုရားကြီးအား
ဖူးမျှော်ကန်တော့ကြပါသည်
တစ်ဆက်တည်းမှာပဲ ကန်ဒေသ ယောလူငယ်အဖွဲ့ဝင်များနှင့် တွေ့ဆုံမိတ်ဆက်ကြပြီး
ကန်အနောက်ကျောင်းဆရာတော်ဘုရားကြီးမှ
မိမိတို့ ကန်ရွာမှာလည်း တောင်သားလူမျိုး အမျိုးသမီး တစ်ဦးရှိတဲ့အကြောင်းပြောပြပြီး
၎င်း အမျိုးသမီးသည် တောင်သားလူမျိုးများနှင့်တွေ့သောအခါ
တောင်သားစကားကိုသာပြောဆိုတော့
သူ့ရဲ့ သားသမီးတွေက
မေမေ ဘာစကားတွေပြောနေတာလဲ လို့မေးတော့
အသာနေပါ နင်တို့နားမလည်ပါဘူးလို့ ပြောပြီး
တောင်သားစကားကိုသာ မြိန်ရေရှက်စွာ ပြောဆိုတတ်ကြောင်း
ရှေးတုန်းက ဗမာလူမျိုးတစ်ချို့ဟာ
ချင်းလူမျိုးများနှင့် တွေ့ဆုံစကားပြောကြရာမှာ
ချင်းစကားကိုလည်း နားမလည်တော့
ဗမာ အချင်းချင်း ပြောကြသတတ်
ဘယ်လို ပြောကြသလဲ ဆိုရင်
မင်းက ဧကံ သမယံ လို့ပြော
ငါက ဘဂဝါ လို့ပြောမယ်
နောက်တစ်ယောက်က သာဝတ္ထိယံ လို့ပြော
နောက်တစ်ယောက်က ဝိဟရတိ လို့ပြောကြမယ် လို့
တိုင်ပင်ကြပြီး
ချင်းလူမျိုးတွေအရှေ့မှာ ပြောကြသတဲ့
အဲလိုပြောကြတော့ ချင်းလူမျိုးတွေက နားမလည်တော့
မင့်တို့ ဘာတွေပြောနေကြတာလဲဆိုတော့
အသာနေပါ မင့်တို့က ငါတို့ နားမလည်တဲ့ စကားတွေနပြောတော့
ငါတို့လည်း မင့်တို့နားမလည်တဲ့
စကားန ပြောရတာပ လို့ ပြန်ပြောသတဲ့
အဲ့သည့် အကြောင်းအရာလေးကို
ကန်အနောက်ကျောင်းဆရာတော်ကြီးမှ
ပြောပြလိုက်သောအခါ
တောင်သားလူမျိုးများနှင့်တကွ
မိမိတို့ကပါ
တဝေါတဝေါ ရယ်မောကြရပါတော့တယ်
တောင်ယောနှင့် မြောက်ယောတို့ဟာ
တစည်းတလုံးထဲ ရှိနေကြတယ်ဆိုတာကိုပါ
ပြသလိုက်ခြင်းဖြစ်ပါတယ်၊၊
ယောလူငယ် ပြန်ကြားရေးအဖွဲ့

No comments:
Post a Comment