ဆောဒေသယောလူငယ်အဖွဲ့သည် 13-10-2016 နေ့လည်1:00နာရီအချိန်တွင် ဆောမြို့နယ်အညာကတင်းကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲ၌ မင်းလယ်ရွာမှဦးဇင်းနှင့်အညာကတင်းရွာမှဦးဇင်းလေးတို့ကသြဝါဒစကားများမိန့်ကြားခဲ့ပါသည်။
ဆောဒေသယောလူငယ်ဥက္ကဌကိုခင်ဇော်လွင်မှ မိတ်ဆက်စကားပြောကြားခြင်း ၊
အတွင်းရေးမှုးကိုအောင်ကျော်ဦးမှဆောယောလူငယ်၏လုပ်ဆောင်မှုများ MRTV ရိုက်ကူးရေးအစီစဉ်တွင် ကြုံတွေရင်ဆိုင်ဖြေရှင်းပေးနေရသောကိစ္စများအပေါ် ချပြဆွေးနွေးသွားပါသည်။
ယောလူငယ် ကိုမင်းမောင်မှယောလူငယ်အဖွဲ့၏လုပ်ဆောင်ချက်များကိုဆွေးနွေးသွားခဲ့ပါတယ်။
ဆောယောလူငယ်ကိုသန်းဇော်ဦးမှ ဆောဒေသယောလူငယ်အဖွဲ့၏ ဆောင်ရွက်ပေးခဲ့သောကိစ္စရပ်များကို
ပြန်လည် မျှဝေ ဆွေးနွေးခဲ့ကြပြီး
နောက် အညာကတင်းရွာ လူငယ်ခေါင်းဆောင်မှ ယောလူငယ်အဖွဲ့အပေါ်သဘောထားအမြင်များ နှင့်လာရောက်တွေ့ဆုံပေးခဲသောဆောယောလူငယ်အဖွဲ့အားကျေးဇူးတင်ရှိပါကြောင်း ၊
ထို့နောက်တက်ရောက်လာသူများမှ မရှင်းလင်းသည်များကိုဆွေးနွေးကြပြီး အခမ်းနားမှုးအဖြစ်ဆောင်ရွက်ပေး သောဆောယောလူငယ်အဖွဲ့ မမြင့်မြင့်နွယ်မှ တွေ့ဆုံပွဲအခမ်းအနားအောင်မြင်စွားပီးဆုံးကြောင်းကြေညာပီး ညနေ3:30အချိန်တွင် အခမ်းနားကိုရုပ်သိမ်းခဲ့ပါသည်။

No comments:
Post a Comment