Menu

Monday, November 7, 2016

#ယောလူငယ်အဖွဲ့ (ကျောက်ထု )မှ ပင်တောင်ကျေးရွာ ဆရာတော်ထံ သွားဖူးမျှော်#

ယောလူငယ်အဖွဲ့ (ကျောက်ထု )မှ ပင်တောင်ကျေးရွာဆရာတော် ဦးမာမဃရဲ့ ဦးဆောင်မှု့နဲ့ တနယ်လုံးမှာမှ တစ်ခုပဲ ကျန်ရှိတော့တဲ့ မီးဝင်္ကပါ မြင့်မိုရ်တောင်အကြောင်းကို ယောလူငယ်အဖွဲ့(ကျောက်ထု)မှ သွားရောက် လေ့လာခဲ့ကြပါတယ်။ ကျေးရွာစာရေး ကိုအောင်ကိုမင်းနှင့် မိမိရွာက မြင့်မိုရ် ဝင်္ကပါအတွက် ရန်ကုန်ကနေ တကူးတက ပြန်လာပြီး အားပေးလာတဲ့ မကေသီခိုင်တို့ကလဲ လိုလေသေးမရှိ ဧည့်ဝတ်ပြုကြပါတယ်။
ဆရာတော်မှ နောင်နှစ်တွေမှာ ခုလို မြင့်မိုရ်တောင် ဝင်္ကပါ ဆောက်လုပ်ပြီး မီးပူဇော်နိုင်ဖို့ဆိုတာဟာ အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲလာပါပြီ ။ ခုသယ်နှစ်ဆောက်တာဟာ နွားတွေက ခွာနာလျှာနာဝင်တော့ လူတွေ သံဃာတွေဟာ တောထဲကနေ သစ်ဝါးထမ်းထုတ်ရတယ်၊တော်သေးတာပေါ့ ကားသမားတွေက လမ်းပေါ်ရောက်ပီးသားတွေကို အလကား သယ်ပေးလို့ပကား..ဒါမဟုတ် မလွယ်ဘူးလေ.....သစ်လဲရှား ဝါးလဲပြုန်းဆိုတော့ နောင် ထပ်လုပ်ဖို့ မလွယ်ပေဘူး"လို့ မိန့်ကြားပါတယ်။ နောက်ပြီး လူတွေမညီညာရင်လဲ မလွယ်သေးပြန်ဘူး။ "တင်ပါ့ဘုရား တပည့်တော်တို့အနေနဲ့လဲ နောင် မျိုးဆက်လူငယ်တွေ ဒီဓလေ့ကို မသိမမှီ ဖြစ်မှာစိုးလို့ လာရောက်လေ့လာ အားပေးတာပါဘုရား ။အကယ်လို့ နောင်နှစ်တွေမှာ စိတ်ပါဝင်စားတဲ့ ကျေးရွာတွေကနေ ဖိတ်ခေါ်ပြီး ဒီဓလေ့ကို ဖော်ဆောင်ချင်တယ်ဆိုရင် အရှင်ဘုရားကူညီပေးနိုင်မလား ဘုရား........။ အေး ဒကာတို့ အဲလို စိတ်ဝင်စားတဲ့ရွာရှိရင် ငါကိုယ်တိုင် သွားဆောက်ပေးမယ်ကွပ် ..."လို့ အားပါးတရ မိန့်ကြားခဲ့ပါတယ်။
လပြည့်နေ့လဲဖြစ်တာကြောင့် လူပရိတ်သတ်တွေများလှတယ်။ရပ်နီးရပ်ဝေးမှ ဧည့်သည်တွေလဲ ပါဝင် ဆင်နွှဲကြတယ်။ လာသမျှဧည့်တွေကိုလဲ ရွာမှ ထမင်းဟင်းဖြင့် ဧည့်ခံ ကျွေးမွေးကြပါတယ်။ ယောလူငယ်အဖွဲ့(ကျောက်ထု)မှလဲ တတ်နိုင်သမျှ နဝကမ္မအလှူငွေထည့်ဝင်ခဲ့ပြီး မီးပူဇော်ပွဲကို ဝင်ရောက် နွှဲပျော်ခဲ့ကြပါတယ်။
                                                                                  ယောလူငယ်အဖွဲ့ (ပြန်ကြားရေး)

No comments:

Post a Comment