Menu

Monday, November 7, 2016

ရိုးရာ ယက်ကန်းပညာ ပြန့်ပွားရေးနှင့် လူမှု ပရဟိတဆိုင်ရာ အထွေထွေ ဗဟုသုတများ ဖြန့်ဝေပို့ချခြင်း

2, 11 ,2016 (လက်ပန်း)
မကွေးတိုင်း ဆောမြို့နယ် လက်ပန်းကျေးရွာမှာ ရိုးရာ ရက်ကန်းပညာ ပြန့်ပွားရေးနှင့် လူမှူ့ပရဟိတဆိုင်ရာ အထွေထွေ ဗဟုသုတများ ဖြန့်ဝေပို့ချခြင်းများကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယောလူငယ်အဖွဲ့ရဲ့ ရည်မှန်းချက်များထဲမှ အစီအစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်ရာမှာ စကားပြောခွင့်ရအောင် ကူညီပံ့ပ်ုးပေးခဲ့ကြတဲ့ လက်ပန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦစောထွေးမောင်နှင့် ကိုဝဏ္ဏစိုး(ကိုရင် ဒိပ္ပ ) /ကိုမေဂ တို့ကို ယောလူငယ်အဖွဲ့ကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
အခမ်းအနားမှာ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမ ကြူစီမြင့်မှ မြွေဆိပ်ဖြေဆေးနဲ့ မြွေအန္တရာယ် အကြောင်း/ ရပ်မိရပ်ဖ တစ်ဦးဖြစ်တဲ့ ဦးမောင်ကျော်မှ တန်ဆောင်တိုင် မီးထွန်းပွဲ ပြုလုပ်မည့်အကြောင်း စသည်များကို တင်ပြ ဆွေးနွေးခဲ့ကြပါသေးတယ်။
                                                                                      ယောလူငယ် ပြန်ကြားရေး

No comments:

Post a Comment