ယောနယ်ဘက်မှာရှိတဲ့ သူတွေအတော်များများ ကိုယ့်ဒေသတွင်းမှာပဲ ကိုယ့်ယာခင်း
ကိုယ်အိမ်လုပ် ဒါတွေနဲ့ ပဲ
တနေ့ တနေ့ အချိန်ကုန်ကြရတာများပါတယ်။ ရုံးဝန်ထမ်းတွေလည်းထို့ နည်းတူပါပဲ။ အိမ်နှင့် ရုံး ၊ ရုံးနှင့်အိမ် ဒီလိုပဲအချိန်ကုန်ကြတာများပါတယ်။
မြို့ ကသူတွေလို တစ်နှစ်တစ်ခါ အပျော်ခရီးထွက်သူများလည်း ရှားပါးလှတဲ့ လူနည်းစုသာ ။
ယောဒေသအတွင်းရှိ အနောက်
ဂန့် ဂေါမှ အသက်ကြီးအုပ်စု တစ်စုရန်ကုန် ရွှေတိဂုံဘုရားဖူးထွက်ကြဖို့ လုပ်ကြပါတယ်။ ဝေးလှတဲ့ခရီးမို့  လူကြီးတွေဆိုတော့ ခရီးပန်းလှပါတယ်။ ရန်ကုန်မှာရောက်နေတဲ့ တူတော်မောင် ကလည်းရှိနေတော့ နေရေးတော့ပူစရာမလို။ ဒါပေသိ တူတော်မောင်က အလုပ်တစ်ဖက်နဲ့ ဆိုတော့ ရန်ကုန်ရောက်နေတာ သုံးရက်ရှိနေပြီ ဘယ်မှ မရောက်သေး။ ပိတ်ရက်တော့ ရွှေတိဂုံလိုက်
ပို့ မည်ပြောထားသည်။ ပိတ်ရက်ရောက်
ဖို့ ၃-ရက်လောက်လိုနေသေးတော့ အပြင်သွားချင်ကြတာ ဖင်တကြွကြွ ။ ယောမှာက နေရတာ ကိုယ်ခြံကိုယ့်ဝင်း ကျယ်ကျယ် ဝန်းဝန်းနေလာခဲ့တော့ ရန်ကုန်က တိုက်ခန်းလေးတွေနေရတာ အသက်ရှုကြပ်နေကြပြီ။
ဆိုတော့ တူတော်မောင်
နဲ့ အတူနေကောင်လေးတစ်ယောက်အလုပ်က ဆူးလေဘက်မှာဆိုတော့ မနက်ရုံးသွားရင်း လိုက်သွား။ ဆူးလေဘုရားလည်းဖူးရင်း ၄၂ လမ်းက အစ်မဝမ်းကွဲဆီလည်း လည်ရင်း လိုက်သွားကြမယ်ပေါ့လေ။ ကောင်လေးကလည်း လမ်းကြုံတာပဲ လိုက်ခဲ့ပေါ့။
မနက်မိုးမလင်းသေးဘူး ထ ၊ ပြင်ဆင်ကြ။ ရန်ကုန်မြို့ တွင်းကိုလည်ပတ်ရမှာဆိုတော့။ တူတော်မောင်တို့ ငှားထားတဲ့တိုက်ခန်းလေးက လှည်းတန်းဘက် လူတွေကလည်းအများသား ၊ ကားတွေကလည်းခပ်ရှုပ်ရှုပ် ။
" ဆူးလေ ဆူးလေ "
ဆိုတဲ့ကားပေါ် အပြေးတပိုင်းတက် ရုံးသွားချိန်ဆိုတော့ ကြပ်ပိတ်သိပ်နေတဲ့လူတွေ အလားလား အခန်းထဲအသက်ရှု ကြပ်
လို့ အပြင်ထွက်လာပါတယ်။ ကားပေါ်မှာ အသက်ရှု ရပ်တော့မယ်။ လူတွေကကြပ်ပါတယ်ဆိုမှ ယောကအပင်ပန်းခံသယ်လာတဲ့ ဒေသထွက် ပဲ၊ ဆီ၊ ယောဒေသ စားစရာတွေထည့်ထားတဲ့ ဆွဲခြင်းတောင်းက ထားစရာ နေရာမရှိ။ ကားစပယ်ယာ ရဲ့ အပြောကလည်းခံရသေးတယ်။
"အဒေါ်ကြီး ဟိုဘက်လက်တန်းကိုင်လေ လူတွေကြပ်နေပါတယ်ဆိုမှ ဒီခြင်းတောင်းက တမှောင့် အာာာ ဒီဘက်ကပ်လေ ဒီဘက်ကပ် ။ ဟို ဘကြီး ဒီဘက်လာ အပေါက်ပိတ်မနေနဲ့  ဆူးလေက ဂိတ်ဆုံးပဲ အနောက်ဘက်လာ လာ လာ ဒီဘက်။ "
အင်း ရွာမှာဆိုလို့ ကတော့ ငါတို့ ဘကြီး သြဇာညောင်း လိုက်သမှ ခုကားပေါ်ရောက်ခါမှ ကားစပယ်ယာ အော်သမျှ ငြိမ်ခံရင်း သူခိုင်းသမျှ ဒီလာဟိုသွား လုပ်နေရပြီ။
ရောက်ပါပြီ ဆူးလေ ကားဂိတ်။ ဆူးလေဘုရားသွားဖူးမို့ လမ်းကူဖို့ ပြင်တုန်း အိမ်က ကောင်လေးက
"ဒေါ်ကြီး တို့ ဘကြီးတို့  ကျနော် အလုပ်က နောက်ကျနေပြီဗျ ဆူးလေက အပြန်မှ ဝင်ဖူးတော့ ၄၂ လမ်းကို ဝင်ပို့ ပေးခဲ့မယ်။ မြန်မြန်လေး တော့ ကျနော့် နောက်လိုက်ကြဗျ။ "
" သြော် အေးအေး မောင်သား ရှေ့ ကသွား ဒေါ်ကြီးတို့ နောက်က အမြန်လိုက်ခဲ့မယ်။ "
အုပ်စုက ၇ယောက်လောက်ရှိမယ်။ ၄၂ လမ်းကအစ်မအိမ်အတွက် လက်ဆောင်စားစရာခြင်းတောင်းက တဖက် လမ်းမပေါ်က ဆူးလေဘုရားကြီးမြင်နေရတာတာတောင် လက်အုပ်ချီ မဖူးရရင် စိတ်မကောင်းဘူး။ ဆိုတော့ ဒီဖက်ကားလမ်းကပဲ ခြင်းတောင်းကိုအသာချ လက်အုပ်လေးချီ မတ်တပ်ပဲ အာရုံပြု ကန်တော့လိုက်ကြမယ်ဆိုပြီး တစ်မိနစ်လောက် ဖူးလိုက်ကြတယ်။ မျက်လုံးလည်းဖွင့်ရော
ရှေ့ ကလမ်းပြကောင်လေးက ခပ်လှမ်းလှမ်းရောက်နေပြီ ။ ဟိုက် မဖြစ်ချေဘူး အမြန်လိုက်ကြဟေ့ မျက်ခြေ ပြတ်လို့ မဖြစ်ဘူး။
နို့ မဟုတ်ရင်ငါတို့ ရွာလည်ကုန်မယ်။
ဘကြီးက " ဟဲ့ဘယ်နှယ် ရွာလည်ရမတုန်း
ခုမြို့ ရောက်နေတာ လည်ရင် မြို့ လည်
လို့ ပြောရမယ်။"
" ကဲကဲ ရွာလည်လည်းမကောင်း
မြို့ လည်လည်းမကောင်းဘူး ဒီမောင်သားနောက် အမြန်လိုက် မျက်ခြေမပြတ်စေန"
ဆွဲခြင်းတောင်းတွေကတဖက် ကားတွေက ရှောင်ရသေး လူတွေကလည်းများ ဒီမောင်သားနောက်ကို ပြေးလိုက်ရတာမောတာထက် မျက်ခြေပြတ်ပျောက်သွားမှာစိုးရိမ်ရတာပိုဆိုး။
ဘကြီးပြောပုံက
"ဖယ့် နှယ်ကွယ် ငါတို့ မှာ အသက်ကြီးခါမှ
မြို့ တက်အေးအေးလူလူ ဘုရားဖူးဖို့ လာပါတယ်။ လှည်းတန်းအိမ်က စထွက်ကတည်းက
ငါတို့  နွားများကို နောက်က ကြိမ်နဲ့ တို့ သလို ပြေးလိုက်ရတာ ၄၂ လမ်းအိမ်ရောက်ရော အမော ပါဖောက်ပါရောလား ကွယ် "
ကွယ်လွန်သွားပြီဖြစ်တဲ့ အဒေါ် " မိဆွေ "
နဲ့ အဖိုးလေး ဦးစန်းဖေအား သတိတရနှင့် ပြန်လည်မျှဝေပါသည်။
သဲနုဇာ (ဒို့ ယောမြေ)
No comments:
Post a Comment