Menu

Tuesday, May 17, 2016

ထီးလင်းမြို့မှာ အိမ်တွင်းလက်မှု သင်တန်းအောင်မြင်စွာ ပြီးစီးခြင်း

ထီးလင်းမြို့မှာ ယနေ့နံနက်က ယောလူငယ်အဖွဲ့၏ ယောနယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ထဲမှ တစ်ခုဖြစ်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (SME) နှင့် ယောလူငယ်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်တဲ့ ဆပ်ပြာရည်နှင့် အိမ်တွင်းလက်မှု သင်တန်းကို မနက် (၇) နာရီတွင်ဖွင့်ပွဲပြုလုပ်ခဲ့ရာ ယောလူငယ်ဥက္ကဋ္ဌ (ထီးလင်း)ဦးချိန်ဝင်းမှ သင်တန်းဖြစ်ပေါ်လာပုံကိုရှင်းလင်းပြောပြခဲ့ပါသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန လက်တောက်ညွန်ကြားရေးမှူး ဒေါ်ချိုသဲ မှ သင်တန်း၌လိုအပ်ချက် အကြောင်းအရာများကိုရှင်းလင်း ပြခဲ့ပြီးနောက် နေ့လည် (၁၂)နာရီခွဲတွင် သင်တန်းပြီးစီးခဲ့သည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ချိုသဲ ဦးဆောင်သော (SME) အဖွဲ့သင်တန်း ဆရာ/ဆရာမများနှင့် သင်တန်းသား (၁၀၀)ကျော်တို့အား နေ့လည်စာထမင်းကျွေးခဲ့ပြီး နေ့လည် ၁ နာရီခွဲခန့် အချိန်တွင် ယောလူငယ်အဖွဲ့သားများနှင့် အချို့ကျန်ရှိသောသင်တန်းသားများ ယောနယ်ဖွဲ့ဖြိုးတိုးတက်ရေးအကြောင်းများနှင့်မိတ်ဆက်တွေ့ဆုံစည်းဝေးပွဲပြုလုပ်၍ အားလုံးပြီးစီးခဲ့ပါသည် ။
တကူးတက လာရောက်သင်ပေးကြပါသော SME အဖွဲ့သား ဆရာ/ဆရာမ များအားလည်းကောင်း အကျွေးအမွေးနှင့် အထွေထွေကုန်ကျစားရိတ်များအား ဦးချိန်ဝင်း/ ဦးဌေးလှိုင်@ယောသိင်္ခ/
မနှင်းနှင်းတို့မှ မတည်လှူဒါန်းပြီး ကိုမင်းမောင်( ဆော) မှ ဆန်တစ်အိတ် နှင့်
မစုစုအေး (ကန်ကျေးရွာ )မှ ငွေ ငါးသောင်းကျပ်ပါဝင် လှူဒါန်းကြပါသော အလှူရှင်များအားလည်းကောင်း သင်တန်းဖြစ်မြောက်အောင် အကျိုးဆောင်ပေးခဲ့ကြပါသော ထီးလင်းယောလူငယ် ဥက္ကဋ္ဌဦးချိန်ဝင်းနှင့် အတွင်းရေးမှူး မနှင်းနှင်းတို့ဦးဆောင်သော ထီးလင်းယောလူငယ်အဖွဲ့သားများအားလည်းကောင်း၊ သင်တန်းဖြစ်မြောက်အောင် ခွင့်ပြုလုပ်ပေးကြပါသော ရပ်ကွပ်အုပ်ချုပ်ရေးမှူးနှင့် စာရင်းစစ် / ထွေစစ်အုပ်ချုပ်ရေးမှူးတို့အားလည်းကောင်း၊ အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာကြပါသော သင်တန်းသားများအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း ………………

                                                                                       ယောလူငယ်အဖွဲ့ ပြန်ကြားရေး

No comments:

Post a Comment