၁၉၄၃- ခုနှစ် စစ်အတွင်း၌
မြန်မာအစိုးရက အိန္ဒိယ နိုင်ငံ ဆင်းမလားမြို့တွင်ပုံနှိပ်ထုတ်ဝေခဲ့သော (
မြန်မာနိုင်ငံလက်စွဲ) စာအုပ်တွင်……
တိဗက်မြန်မာ မျိုးနွယ်အုပ်စုသည်သုံးစုခွဲ၍ လမ်းကြောင်းသုံး
ကြောင်းဖြင့် တောင်ဘက်သို့ ဆင်းသက်လာခဲ့ရာ ဧရာဝတီမြစ်
ဖျားခံရာဒေသကို ကျော်ဖြတ်ပြီး တစ်စုသည် အနောက်ဖက်
တောင်တန်းများပေါ်သို့ တက်သွားကြသည်။
အများဆုံးအစုဖြစ်သည့် မြန်မာနှင့်ရှေးမြန်မာကြီးများမှာ
တောင်ဖက်သို့ ဆက်လက်ဆင်းသက်လာရင်း လမ်းခရီး တလျှောက်တွင် အချို့အတည်တကျ စွဲမြဲနေထိုင်ခဲ့ကြသည်။
ရခိုင်ရိုးမတောင်တန်းများတွင် နေထိုင်ကြသော ချင်း/ ဒိုင်းနက်/မြို /တောင်သား /ခမီ တို့သည်လည်း တိဗက်မြန်မာ အုပ်စုဝင်များ ဖြစ်ကြောင်း ဖော်ပြထားသည်။
ချင်းပြည်နယ်မင်းတပ်မြို့နယ်ရှိ ရှိဝါ/ဂွန်နန်/ဂျန်ငင် စသော ရွာကြီးများတွင်တောင်သားစကားပြောတတ်သော ရွာကြီးများ ဖြစ်သည်။
Ref; တောင်သားသို့မဟုတ် ရေမြေကိုအောင်နိုင်သူ
စောကြူမောင်( ယောမြေ)
ယောသိင်္ခ

No comments:
Post a Comment