Menu

Wednesday, November 22, 2017

နှလုံးသားထဲက . . . ယော ( ၃ )

* ရင်ထဲက ယောလူငယ် *
ကျနော်ယောလူငယ်အဖွဲ့နဲ့ ပထမဆုံးသိခွင့်ရခဲ့တဲ့နေ့။
အဲဒီနေ့ကပေါ့ အခု ဆောဒေသရဲ့ယာယီဥက္ကဌ ကိုခင်ဇော်လွင်က ညီလေးရေဆောမြို့က Drကိုဒီမိုကျော်တို့မဝေမာကျော်တို့အိမ်မှာ ယောလူငယ်အဖွဲ့ကအမှုဆောင်တွေ လာမယ်တဲ့ သွားတွေ့ရအောင်ဆိုပြီး လာခေါ်တယ်။
ဒါနဲ့ကျနော်ကလဲ အကိုရေ ယောလူငယ်အဖွဲ့ဆိုတာဘာလဲ ဘာလုပ်ကြတာလဲဆိုတော ပရဟိတအဖွဲ့လို့ပြောတယ် သေချာ မသိဘူး။သွားပြီးလေ့လာကြည့်တာပေါ့။
အဲဒါနဲ့ညီအကိုနှစ်ယောက်သား သွားတွေ့လိုက်တယ်။ရောက်တယ်ဆိုရင်ဘဲ အကြည်ကတင်း ဆော ရင်းခေါ် အစရှိတဲ့နယ်မြေခံလူငယ်တွေ တက်ရောက်လာကြတယ်။ ဒီပွဲမှာ ဗဟိုအမှုဆောင်ရုပ်သန့်သန့်လေးတွေနဲ့ယောပုဆိုးလေးတွေဝတ်ထားတဲ့သူနှစ်ယောက်က ဦးဆောင်ကာဆွေးနွေးပေးခဲ့တယ်။သူတို့နှစ်ယောက်ကတော့ ကိုရင် ပွ ကြီးနှင့်ကိုရင်ဒိပ္ပတို့ပေါ့။
ယောလူငယ်အဖွဲ့ဆိုတာ ယောဒေသတစ်ခုလုံးရဲ့လူမှုရေး စီးပွားရေး ပညာရေး ကျမ်းမာရေးအစရှိသည်တို့ကို အဝေးရောက် ယောသူယောသားတွေနဲ့တိုင်ပင်ကြပြီး စည်စည်းလုံးလုံးနှင့် တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးကြတဲ့အဖွဲ့ ဖြစ်ပါတယ် လို့ ပဏာမ အစချီ ပြောပြ ခဲ့ကြပါတယ်။ဒီချိန်ကတည်းက စပြီး ကျွန်တော့စိတ်ထဲမှာလည်း ကိုယ်လဲယောနယ်သားဘဲ ယောဒေသအကျိုးဆောင်ရွက်ကြတဲ့နေရာမှာ မိမိတတ်စွမ်းနိုင်သရွေ့ လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ပီတိနှလုံးအစဉ်ပြုံး လို့ ဆုံးဖြတ်ချက် ချခဲ့ပါတော့တယ်။ ။
ရှေ့ဆက်ရန်။

အစဉ်လေးစားလျှက်
သန်းဇော်(ဆော)
ချစ်သော ယောမြေ




Tuesday, November 21, 2017

နှလုံးသားထဲက. . . ယော ( ၂ )

ကျမက ယောနယ်မှာ မွေးတဲ့ ယောသူစစ်စစ်ဖြစ်ပါတယ်။
ယောဒေသ၊ယောဓလေ့၊ယောသဘာဝ များနဲ့ ယောဒေသမှာဘဲ ကြီးပြင်းခဲ့လို့ ကျမမွေးဖွားရာ ယောဒေသလေးကို အရမ်းဘဲ ချစ်ခင်မြတ်နိုးပါတယ်။
ကျမ မွေးဖွားရာယောနယ်လေးကို ဖွံဖြိုးတိုးတက်စေချင်သော စေတနာ ကျမစိတ်ထဲမှာ အမြဲတမ်း ကိန်းဝပ်နေပါတယ်။
ဒီလိုနဲ့ကျမရဲ့ စိတ်ကူးအိမ်မက်လေးတွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး လမ်းစလေးတွေပေါ်ပေါက်လာခဲ့ပါတယ်။
2015 မှာစတင်တည်ထောင်ခဲ့တဲ့ယောလူငယ်အဖွဲ့အစည်းထဲကို(ယောသူ)ချစ်ညီမလေးတစ်ယောက်ရဲ့ အကူအညီနဲ့ 2016 ခုနှစ်မှာ ယောလူငယ်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ကျမတို့ ပရဟိတအဖွဲ့ဟာ အရမ်းကြီး ကြီးကျယ် မခမ်းနားသော်လည်း ယောနယ်အကျိုးကို တတ်နိုင်သည့်ဘက်မှ ကူညီလုပ်ဆောင်နေခဲ့ပါတယ်။
မီးဘေး၊ရေဘေး၊သဘာဝဘေးများ အပါအဝင် အနာဂတ်အတွက် ယောနယ်ရှိ ငွေကြေးမပြည့်စုံသော ထူးချွန် ကျောင်းသား၊ကျောင်းသူများကို ပညာသင်စရိတ် ထောက်ပံပေးနိုင်ခဲ့လို့ အရမ်းဘဲ ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ယောလူငယ်အဖွဲ့အစည်းမှာ ပါဝင်ခွင့်ရပြီး ယောဒေသ ဖွံ့ ဖြိုးတိုးတက်အောင်အဖွဲ့သားများက တက်ကြွစွာ လုပ်ဆောင်နေတာ မြင်ရတော့ အရမ်းဂုဏ်ယူ ဝမ်းသာပီတိဖြစ်ရပါတယ်။
အဝေးရောက် ယောလူငယ်တစ်ယောက်အနေဖြင့် စိတ်ရှိသလောက် ကိုယ်က မပါနိုင်သော်ငြားလည်းဘဲ ငွေအားဖြင့်တတ်နိုင်သလောက်လေး လစဉ်ထောက်ပံ့ကူညီ ပေးခွင့်ရနေတဲ့ အတွက်လည်း အရမ်းဘဲ ဝမ်းသာပီတိ ဖြစ်နေမိပါတယ်။
စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေကြသော ယောလူငယ်အဖွဲ့သား များကိုလည်း အဝေးရောက်ယောလူငယ်တစ်ယောက်အနေဖြင့် အထူးပင်ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။
နောင်တွင်လည်း ယောလူငယ်အဖွဲ့အစည်းကို မပြိုကွဲမပျက်စီးဘဲ ဒီထက်မက အောင်မြင်အောင်၊ယောနယ်ကို လိုအပ်သည့် ဘက်မှ တတ်နိုင်သလောက် အကူအညီပေးနိုင်အောင် အဖွဲ့ဝင်များ အားလုံးတက်ညီလက်ညီ စုပေါင်းစည်းရုံးကြိုးစားကြပါလို့ ဆန္ဒပြုရင်း........

"ယောနယ်ကို ချစ်တဲ့ ကျမ"
Juli Naw Phaw Htoo


နှလုံးသားထဲက . . . ယော ( ၁ )

ဒီနေ့ ယောလူငယ် " group" မှာ ယောအကြောင်း ယောလူငယ်အဖွဲ့ရဲ့ အမှတ်တရလေးတွေ တစ်ယောက်ချင်းစီရဲ့ ခံစားချက် လေးတွေ ရေးကြမယ်တဲ့ " ပထမဆုံးရေးရမဲ့သူက ကျမ"။
စိတ်ကူးကြည့်မိတယ် ကျမ ယောလူငယ်အဖွဲ့ထဲ စတင်ဝင်ရောက်ချိန် ၂- နှစ်ကျော်လာခဲ့ပြီ ငါဘာတွေ လုပ်ပေးနိုင်ခဲ့လဲ အတွေးတွေက ဟိုးအရင် စတွေ့ခဲ့ကြတဲ့ ပဲခူး ၁၀-မိုင်မုံလယ်ဘုန်းကြီး ကျောင်းမှာ ဝါဆိုသင်္ဃန်းကပ်ပွဲ အချိန်လေးကို ပြေးမြင်ယောင်လိုက်မိတယ် ။
"အဲချိန်မှာစတွေ့ကြတာပဲ " ညီမလေးဇာဇာရဲ့ စည်းရုံးမှု ကျမရဲ့ယောကိုချစ်တဲ့စိတ်တွေက တားမရဘူး ချက်ချင်းလိုက်ပါ စီးမျော လာတာ ဒီနေ့ဒီချိန်ထိပါပဲရှင် ။
ယောကိုချစ်တဲ့ကျမ ယောဒေသအကြောင်းကို လူအများသိစေချင်တယ် စိတ်ဝင်တစားနဲ့ ယောဒေသကို လာရောက် လေ့လာစေချင်တဲ့ စိတ်ကူး ဟိုးအရင်ကတည်းက ရှိနေခဲ့တာပါ။
အဖွဲ့တွေနဲ့ တစ်လ တစ်ခါ တွေ့ဆုံပွဲ လုပ်ကြတယ် ဆွေးနွေးတိုင်ပင်ကြတယ် တွေ့ဆုံပွဲတိုင်း မပါမဖြစ်ကတော့ ယောအစားစာပါ ကျမအကြိုက်ဆုံး ကျမကြိုက်သလို ယောမောင်နှမများကိုလဲ ချက်ကျွေးချင်စိတ်က ကျမစိတ်ထဲ အမြဲရှိနေခဲ့လေတော့ အမြဲတမ်းလည်း ချက်ကျွေးဖြစ်ပါတယ်ရှင့် ။
အဖွဲ့အနေနဲ့ ကျမကို ယုံကြည်စွာ တာဝန်ပေးလိုက်တာကတော့ "ရန်ပုံငွေရှာဖွေ ရေးဥက္ကဌ" တဲ့ ကျမစဉ်းစားရပြီလေ အဖွဲ့အတွက် ဘယ်လို ရန်ပုံငွေများများ ရှာပေးရမလဲပေါ့ ပထမဆုံး အလှူ ငွေ ကောက်ခံတာက စ လိုက်တာပေါ့ အလှုခံပေးပါတယ် အင်္ကျီတွေ လွယ်အိတ်တွေကို အဖွဲ့နဲ့တိုင်ပင် ထုတ်လုပ်ရောင်းချခဲ့ပါတယ် ကျမတတ်နိုင်ရာ ကိုယ်နိုင်တဲ့ ဖက်ကနေ ကူညီလုပ်ပေးနေတာ ဒီနေ့ ထိပါပဲရှင်။
ဘယ်သူမှ အသိမှတ်ပြု စေချင်လို့ လုပ်ခဲ့ခြင်းမရှိ ကြွားဝါလိုစိတ်နဲ့ လုပ်ခဲ့တာမျိုး တစိုးတစိမျှမပါ ယောစာတွေ ချက်ကျွေးတိုင်း အားရဝမ်းသာ စားကြတာမြင် ရ ရင်ဖြင့် ဘာနဲ့မှမတူတဲ့ ပီတိ။
" ကျမယောဒေသကို ချစ်တယ်"
ယောလူငယ် အဖွဲ့ ဝင်ရောက်ချိန်မှစလို့ တောင်ယောမြောက်ယော က ယောသူယောသားအများနဲ့ခင်မင်သိကျွမ်းခဲ့ရတာလည်း အမြဲ လေးစားဂုဏ်ယူမိပါတယ်
ပျော်ရွှင်ခဲ့တယ် ပင်ပန်းခဲ့တယ် ဒါပေမဲ့ ယောကို ချစ်တဲ့စိတ် ကြောင့်ပင်ပန်းနေတာတောင်ပျော်နေခဲ့ ကျမပါရှင်
နောင်ကိုလဲ "ကျမ"ကျရာနေရာကနေ အားဖြည့်ပါဝင် နိုင်ဖို့ဆုတောင်းရင်း ယောလူငယ်အဖွဲ့ရဲ့ ပင်တိုင်မင်းသမီးဖြစ်ပါရစေလို့ ။
"ယောကိုချစ်တဲ့ကျမ"
Min Min Sanmg (ယောလုံမေ)



ယောလူငယ်အဖွဲ့ သတင်းစဉ်

8-11-2017 ရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂဆိုင်ရာ (UNFPA)United Nations Population Award 2018 ဆု လျှောက်ထားရန်အတွက် ယောလူငယ်အဖွဲ့သို့  ရန်ကုန်မြို့ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တိုင်းရုံးမှ အကြောင်းကြားလာပါသည်။
9-11-2017 ရက်နေ့တွင် ယောလူငယ်ဥက္ကဋ္ဌ(ဗဟို)နှင့်အလုပ်အမှုဆောင်များ သည် ရန်ကုန်မြို့ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးသို့ သွားရောက်ကာ ဆွေးနွေးခဲ့ပြီး လျှောက်လွှာများကို ထုတ်ယူခဲ့ကြပါသည်။
လျှောက်လွှာစာရွက်များ လက်ခံရရှိပြီးချိန်မှ စ၍ အဖွဲ့ဝင်များ /ယောသူယောသားများ / ယောမြေကိုချစ်မြတ်နိုးသူများနှင့် တိုင်ပင်ကာ အကြံဥာဏ်များ ရယူခြင်း/ အချက်အလက်များ စုဆောင်းခြင်း / လိုအပ်သည့်ပုံများ ရွေးချယ်ရိုက်နှိပ်ခြင်း/လျှောက်လွှာဖောင်အား ဘာသာပြန်ဖြည့်စွက်ခြင်း စသည့်တို့ ကို ပြု လုပ်ခဲ့ကြပါသည်။
14-11-2017 အင်္ဂါနေ့ တွင် လျှောက်လွှာပုံစံများကို အပြီးသတ်ဖြည့်စွက်ကြ ပြီး ယောလူငယ်ဥက္ကဋ္ဌ(ဗဟို)နှင့် အလုပ်အမှုဆောင်များ က E mail ဖြင့်(UNFPA)သို့ တိုက်ရိုက် လျှောက်ထားခြင်းအပြင် Paper ဖြင့်ပါ ကိုယ်တိုင် သွားရောက်ကာ လျှောက်လွှာတင်ခဲ့ကြပါသည်။

United Nations Population Award 2018 ဆုအတွက် ရွေးချယ်ခံရခြင်း မခံရခြင်းထက် ယောလူငယ်အဖွဲ့လေးအား မြန်မာနိုင်ငံ အစိုးရ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးမှ အသိအမှတ်ပြု ခံရကာ နိုင်ငံတကာဆုကို လျောက်ထားရန် ဖိတ်ကြားခံရခြင်းအတွက် ယောလူငယ်အဖွဲ့သားများ အနေဖြင့် ဂုဏ်ယူဝမ်းမြောက်နိုင်ကြစေရန် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။ နောက်နောင်တွင်လည်း ချစ်သော ယောမြေကောင်းကျိုး အတွက် အတူလက်တွဲကာ တတ်စွမ်းနိုင်သမျှ လုပ်ဆောင်သွားရန် ဆန္ဒပြု တိုက်တွန်းအပ်ပါသည်။
ဤလျှောက်လွှာတင်နိုင်ရေး အတွက်ကူညီ ဆောင်ရွက်ပေးကြပါသော ယောမိတ်သင်္ဂဟ အားလုံးအား အထူးကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်


ဦးခမာစာရ (လုံဟော) ၏ သက်တော် ၅၀ ပြည့် မွေးနေ့ကုသိုလ်

၁၁-၁၁-၂၀၁၇ နေ့ ရန်ကုန်မြို့ ရှစ်မိုင်-မစိုးရိမ်ရွှေကျင်တိုက်သစ် နာယက ဆရာတော် ဦးခမာစာရ (လုံဟော) ၏ သက်တော် ၅၀ ပြည့် မွေးနေ့ကုသိုလ်အဖြစ် သံဃာတော် ၁၆၀-ပါးတို့အား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကပ်လှူခြင်း စာရေးတံမဲဖောက် လှူဒါန်းခြင်း ကုသိုလ်များ ပြုလုပ်ရာ မစိုးရိမ်ရွှေကျင်တိုက်သစ် သို့ ယောလူငယ်အဖွဲ့ဝင်များ သွားရောက်ကုသိုလ်ယူခဲ့ကြပါသည်။
ဆရာတော် ဦးခမာစာရ မှ မွေးနေ့အလှူ အဖြစ် ယောလူငယ်အဖွဲ့သို့ ရန်ပုံငွေ တစ်သိန်းကျပ် ကိုလည်းကောင်း ဆရာတော် ဦးပါမောက္ခ (နှမ်းခါး- ရေရှင်) မှ သုံးသောင်းကျပ်ကိုလည်းကောင်း ဆရာတော်၏တကာရင်းဖြစ်သော ဦးထွန်းမြင့် + ဒေါ်သန်းအေး တို့ မှ တစ်သောင်းကျပ်ကိုလည်းကောင်း လှူ ဒါန်းရာ ယောလူငယ် အလုပ်အမှုဆောင်များမှ သာဓုသုံးကြိမ် ခေါ်ဆိုကာ လက်ခံခဲ့ကြပါသည်။
ယောလူငယ်အဖွဲ့ စတင်ဖွဲ့စည်းခဲ့ချိန်မှ စ၍ အကြံဥာဏ်များပေးပြီးယောနယ်အရေးများကို အတူတူ လက်တွဲကာအားတက်သရော ကူညီဖြေရှင်းပေးခဲ့ကြပါသော ဆရာတော်များကို ယောလူငယ်အဖွဲ့မှ အထူးကျေးဇူးတင်ပါတယ်။နောက်နောင်များလည်း လိုအပ်ချက်များရှိပါက လမ်းညွှန်ပြသပေးကာ ယောနယ်ကောင်းကျိုးများကို အတူလုပ်ဆောင်သွားပါမယ်ဘုရား။
ဆရာတော်လည်း မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ ကိုယ်စိတ် နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် လောကကောင်းကျိုး သာသနာကောင်းကျိုးများကို စိတ်ဆန္ဒရှိတိုင်း လုပ်ဆောင်နိုင်ပါစေလို့  ဆုတောင်းမေတ္တာပို့ သ လျက်ပါဘုရား။




ယောအသင်း စာအောင်သံဃာ ဆုနှင်းသဘင်

၁၃၇၉.ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၁၀)ရက် (၁၅.၁၀.၂၀၁၇) တနင်္ဂနွေနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ဗဟန်း (၃) လမ်း မှတ်တိုင်အနီးရှိ အဘိဓမ္မာရတနာဃရ (အဘိဓမ္မာ ဓမ္မဗိမာန်တော်ကြီး ) ၌ ကြီးမှုး ကျင်းပသော (၄၉)ကြိမ်မြောက် ယောသံဃာတော်များအား ပူဇော်ကန်တော့ပွဲ နှင့် စာအောင်ဆုချီးမြှင့်ပွဲ ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက(ယော)ဆရာတော်မှဦးဆောင်ဆုချီးမြှင့်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကိုနာယူကြပါသည်။ ပူဇော်ကန်တော့ပွဲအခမ်းအနားတွင် ယောလူငယ်(ဗဟို)ရန်ကုန်မှ စာအောင်သံဃာတော်များအား နဝကမ္မဝတ္ထုငွေ ၁၀၀,၀၀၀/ ကျပ်တိတိနှင့် ဝေယျာဝစ္စကုသိုလ်တော်များပါဝင် ကုသိုလ်ပြု ကြပါသည်။
ဤကောင်းမူအစုစုတို့အတွက် (၃၁)ဘုံ၌ကျင်လည်ကြကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ နတ်လူသာဓုခေါ်ပါစေသော်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်


ရေစက်ချလို့ ပြီးပါပြီဗျ

ရေစက်ချလို့ ပြီးပါပြီဗျ
****************
😂😂ကျွန်တော်တို့ ရန်ကုန် မှာရှိ
တဲ့ ယောလူငယ်(ဗဟို) အဖွဲ့ဟာ
ဒီနှစ်မှာတော့ ယောဒေသရိုးရာ
ဖြစ်တဲ့ သနပ်ခါးပါးတို့ပွဲ့နှင့်မီးကြာပူဇော်ပွဲကို ရန်ကုန်မှာပွဲလုပ်သင့် မသင့် ဆွေးနွေးကြပြီးလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
😁😁မီးကြာလုပ်ဖို့ပစ္စည်းအခက်အခဲရှိတာရယ် မီးကြာလုပ်ဖို့အချိန်မရတာရယ်
ပြင်ဆင်ဖို့အချိန်မပေးနိုင်တာကြောင့်ယောဒေသထွက်ကိုပဲ ဆင်ပြီးသားမီးကြာ
ကိုမှာယူဖို့ဆုံးဖြတ်ပြီး ကိုယော
ကိုမေးမြန်းဖို့တာဝန်ပေးရာမီးကြာတစ်ခုကို5000 ဆိုလို့မှာလိုက်ပါ
တယ်။ငွေကိုတော့အလှူရှင်တွေ
အဖွဲ့ဝင်တွေကစုဆုံ ကျခံကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
😋😋အဲဒီနောက် online gp
မှာပဲတာဝန်တွေခွဲဝေကြဆွေးနွေးကြရပါတယ်၊ကျင်းပရက်နီးလေ
စိုးရိမ်စိတ်နှင့်ဆွေးနွေးကြ ငြင်းခုန်
ကြ၊စိတ်တိုကြ၊ပြန်ချော့ကြ၊စလိုက်ကြ၊နောက်လိုက်ကြနှင့်ပေါ့ဗျာ…
🌌🌌ဒါပေမဲ့ယောညီအကိုမောင်နှမတွေဖြစ်ကြတဲ့အတိုင်းပဲစိတ်ထဲမှာကြာကြာမထားပဲလုပ်စရာ
တွေကိုအားလုံးဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပါတယ်။
ပွဲနားနီးတော့ တစ်ချို့အဖွဲဝင်တွေ
အနေနှင့်ကျန်းမာရေး၊မိသားစုအရေးတွေကြောင့်လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိတာကိုဝမ်းနည်းစွာနှင့်တွေ့မြင်ရပေမဲ့မရှိရင်ရှိတဲ့သူနှင့်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ခိုင်မာတဲ့စိတ်တွေမွေးခဲ့ကြပြီးဆောင်
ရွက်ခဲ့ကြပါတယ်။
🎆🎆ယောလူငယ်ရဲ့ယောကို
ချစ်တဲ့စိတ်ကများကြလေတော့
ယောကနေဘုရားဖူးရောက်နေတဲ့
ဆောမြိုနယ် ကြီးကျေးရွာက ကို
ယောရဲ့မိဘတွေယောက်က္ခမနဲ့ ညီအစ်ကို
တွေလည်းမနေသာ ပြင်ဆင်ရာမှာ
အားဖြည့်လို့ကူညီပေးခဲ့တာဟာ
ယောလူငယ် အပေါ်ထားတဲ့ယောသားယောသူတွေရဲ့စေတနာကိုလေးစားပီတိ
ဖြစ်မိပါတယ်၊ကျေးဇူးလည်းအထူးတင်ပါတယ်လို့ယောလူငယ်
ကိုယ်စားပြောပါရစေဗျာ။
🎇🎇🎇နောက်ဆုံးကျွန်တော်တို့
ယောလူငယ်ကို အသက်၈၀ ရှိပြီ
ဖြစ်တဲ့ထီးလင်းမြိုနယ် အိုင်းမ
ကျေးရွာက ယောလူငယ်ဥက္ကဌ ယောသိင်္ခ@
ဥိးဌေးလိုင်ရဲ့မိခင်ကြီးကတောင်ယောလူငယ်ရဲ့ပွဲလေးအနှောက်အယှက်ကင်းကင်းသာသာယာယာ
ဖြစ်ပါစေလို့ဆိုပြီး ရွာကနေ ဖုန်းနှင့်ဆုတောင်းမေတ္တာပို့ပေးခဲ့ပါတယ်။
🌠🌠🌠ဆရာတော် ဦးနန္ဒပါလ
ဆရာတော်ကတော့ပြောစရာမရှိအောင်ကူညီပေးခဲ့ပါတယ်၊လိုအပ်တဲ့ပစ္စည်းမှန်သမျှ ကူညီပေး
ပါတယ်ခင်ဗျာ။
🌄🌄🌄ကျင်းပမည့်နေ့မှာတော့
ယောလူငယ်အဖွဲ့ဝင်တွေသာမက
ရန်ကုန်ရှိယောသားယောသူတွေ
တော်တော်များများရောက်ရှိလာပြီးပါဝင်အားဖြည့်ပေးကြတာကို
ဝမ်းသာစွာတွေ့မြင်ပီတိဖြစ်ရပါတယ်။
🌌🌌🌌နောက်ဆုံးမှာတော့
ကျင်းပချင်တဲ့သနပ်ခါးပါးတို့ပွဲကို
အောင်မြင်အောင်အခက်အခဲတွေရှိ
ပေမဲ့ဆောင်ရွက်နိုင်ခဲ့ပါပြီ။
ဒါကြောင့်ပွဲဖြစ်အောင်စိတ်အား
လူအား ပါဝင်ကူညီအားဖြည့်ပေးသူများ
အာလုံး ကျေးဇူးတင်ထိုက်သူများ
အားလုံးကိုကျေးဇူတင်ရှိပါကြောင်းကိုလေးစားစွာပြောပါရစေ။
အောက်ကပုံတွေကတော့
ဆွေးနွေးကြ စကြနောက်ကြ
အားပေးကြခဲ့ကြတဲ့အမှတ်တရ
စကားတွေပါ ။အားလုံးကိုကျေး
ဇူးတင်ပါတယ် ခင်ဗျား ။။
ဖရဏာပီတိ ဂွမ်းဆီထိချိန်မို့ ကျေးဇူးတင်ထိုက်
သူများအား ကျေးဇူးစကားဆိုရန် ကျန်ခဲ့ပါက ခွင့်လွှတ် နားလည်ပေးကြပါခင်ဗျား။ ။
ပြန်ကြားရေး
ယောလူငယ်အဖွဲ့



ရန်ကုန် ယောလူငယ်အဖွဲ့ (ဗဟို)မှ ဦးစီး၍ မီးကြာလှည့်လည်ပူဇော်ပွဲနှင့် သနပ်ခါးပါးတို့ ပွဲ

8-10-2017 တနင်္ဂနွေနေ့ ညနေ ၄:၀၀ နာရီတွင် ရန်ကုန် ယောလူငယ်အဖွဲ့ (ဗဟို)မှ ဦးစီး၍ မီးကြာလှည့်လည်ပူဇော်ပွဲနှင့် သနပ်ခါးပါးတို့ ပွဲကို ဥူးနန္ဒပါလ |မူလ ဟံသာဝတီ ကမ္မဌာန်းကျောင်း| ဝိဇ္ဇာလမ်း|အုတ်ဖိုစုရပ်ကွက်|သံလျင်မြို့နယ် တွင် ကျင်းပပြု လုပ်မှာဖြစ်ပါတယ်ရှင့်။
ယောဓလေ့ ရိုးရာကို ထိန်းသိမ်းဖော်ဆောင်ကာ ပြု လုပ်မည့် ဤပွဲတော်သို့  ရပ်ဝေးရပ်နီးမှ ယောသူယောသားများ မိတ်ဆွေအပေါင်းအသင်းများ လာရောက်ဆင်နွှဲဖို့  ခင်မင်ရင်းနှီးစွာနဲ့ ဖိတ်ကြားအပ်ပါတယ်ရှင့်။
၎င်းပွဲ ကျင်းပပြုလုပ်ရာတွင် ကုသိုလ်ပါဝင် လှူ ဒါန်းလိုသူများအနေဖြင့် ယောလူငယ်အဖွဲ့သို့ ဆက်သွယ်လှူ ဒါန်း နိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါတယ် ရှင့်။
လှူ ဒါန်းလိုပါက အောက်ပါအဖွဲ့ဝင်များထံ ဆက်သွယ်လှူ ဒါန်းနိုင်ပါတယ်ရှင့်. . .

ဦးဝင်းဇော် 09 458 707 907
ကိုဌေးလှိုင်@ကိုသိင်္ခ 09 420 136 144
ကိုမြင့်ထွန်း 09 250 062 339
မမင်းမင်းစန်း 09 508 0281
မသီတာအောင် 09 420 150 584
မသန္တာဝင်း 09 421 043 100
မဇင်မာဦး 09 420 057 392
ခင်လေးကြူ 09 450 061 752
--------------------------------------------------------
လက်ရှိ ကုသိုလ်ပါဝင် လှူ ဒါန်းထားသော
အလှူ ရှင်များ စာရင်း
****************************************
၁။ Joshua Htaywin $120= 162,500/
၂။မသန္တာဝင်း 30,000/
၃။ကိုအောင်မြင့်မိုး+မဥမ္မာဌေး 5,000/
၎။ ကိုယော 5,000/
၅။ ဒေါ်မင်းမင်းစန်း 15,000/
၆။မခင်လေးနွယ် 5,000/
၇။ကိုစိုးဝင်း 10,000/
၈။မယောသန္တာ 10,000/
၉။မသီတာအောင် 10,000/
၁၀။ကိုမြင့်ထွန်း 10,000/
၁၁။မခင်လေးကြူ 5,000/
၁၂။ကိုစန်းအောင်+မစိုး 50,000/
၁၃။မခြူးခြူးခင် 5,000/
၁၄။မဂျူ လီနော်ဖောထူး 5,000/
၁၅။ မသဲသဲအောင် 5,000/
၁၆။မဇင်မာဦး 10,000/
၁၇။ မရွှေဝိုင်း 5,000/
၁၈။ မရီရီလင်း 5,000/
၁၉။ မလှိုင်မိုးဝါ 20,000/
၂၀။ဒါရိုက်တာသြရသ+မစိန်မြတ်မိုး
50,000/
၂၁။ ဦးဝင်းဇော် 5,000/
၂၂။ မစုစုအေး 50,000/
၂၃။ယောသွေးနီ ( kkha) 10,000/
၂၄။ဦးခေမာ ( masan) 10,000/
၂၅။မစီစီမြ ( masan) 30,000/
၂၆။မအေးအေးလွင်(koswin) 10,000/
၂၇။ကိုညီဇော်+မအေးဝင်း 10,000/
၂၈။ကိုဌေးလင်း (kosoewin) 10,000/
၂၉။ဥူးနန္ဒပါလ 30,000/
၃၀။ကိုဇော်ဝင်းအောင် 10,000/
၃၁။မလွင်လွင်စန်း 10,000/
၃၂။ကိုဆွေနိုင်ဝင်း + မသဇင်5,000/
၃၃။ မခင်အေးမြင့် (စင်ကာပူ)10,000/

မီးကြာ လှည့်ပွဲနှင့် သနပ်ခါးပါးတို့ ပွဲ ကျင်းပပြု လုပ်ဖို့  ပြင်ဆင်

8-10-2017 တနင်္ဂနွေနေ့  တွင် ရန်ကုန် ယောလူငယ်အဖွဲ့ (ဗဟို)မှ ဦးစီး၍ သီတင်းကျွတ်ကာလ ယောဒေသ ရိုးရာဓလေ့ဖြစ်သော မီးကြာ လှည့်ပွဲနှင့် သနပ်ခါးပါးတို့ ပွဲကို ကျင်းပပြု လုပ်ဖို့  ပြင်ဆင်နေကြပါတယ်ခင်ဗျ။
၎င်း ရိုးရာပွဲကို ယောသားဆရာတော် ဥူးနန္ဒပါလ |မူလ ဟံသာဝတီ ကမ္မဌာန်းကျောင်း| ဝိဇ္ဇာလမ်း|အုတ်ဖိုစုရပ်ကွက်|သံလျင်မြို့နယ် တွင် ကျင်းပပြု လုပ်မှာဖြစ်ပါတယ်။ ယောလူငယ်အဖွဲ့အနေဖြင့် ယခုနှစ်တွင်မှ စတင်ကျင်းပပြု လုပ်မည်ဖြစ်ပါသောကြောင့် ယောသူယောသားများထံမှ အကြံဥာဏ်များ ရယူလိုပါတယ် ခင်ဗျ။ ဒါ့ကြောင့် ယောဒေသရိုးရာ မီးကြာလှည့်လည်ပူဇော်ပွဲနှင့် သနပ်ခါးပါးတို့ ပွဲကို သိရှိနားလည်ကြသူများ အနေဖြင့် ဝေဖန် အကြံပေးလိုပါက ကြိုဆို ဖိတ်ခေါ် ပါတယ်။
ထို့ အပြင် ယောလူငယ် ဗဟို အဖွဲ့မှဦးဆောင်ကာ ယောဒေသရိုးရာများကို တတ်စွမ်းသမျှ ဖော်ဆောင်ကျင်းပရာတွင်
အဖွဲ့ဝင်များမှ တစ်လလျှင် ၃၀၀၀ ကျပ်စီစုကာ
လုပ်ဆောင်ကြရသည်ဖြစ်ရာ ဘဏ္ဍာရေးအင်အားချို့တဲ့သည်မှာ အမှန်ဖြစ်ပါသည်။
သို့ပါ၍ ကုသိုလ်ပါဝင် လှူ ဒါန်းလိုသူများကိုလည်း ယောလူငယ်အဖွဲ့သို့ ဆက်သွယ်လှူ ဒါန်း နိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါတယ် ခင်ဗျာ။

အောက်ပါ အဖွဲ့ဝင်များထံသို့  ဆက်သွယ်နိုင်ပါတယ်ခင်များ
ဦးဝင်းဇော် 09 458 707 907
ကိုဌေးလှိုင်@ကိုသိင်္ခ 09 420 136 144
ကိုမြင့်ထွန်း 09 250 062 339
မမင်းမင်းစန်း 09 508 0281
မသီတာအောင် 09 420 150 584
မသန္တာဝင်း 09 421 043 100
မဇင်မာဦး 09 420 057 392
ခင်လေးကြူ 09 450 061 752

ယောလူငယ်​ online(SG)အဖွဲ့ ဒုတိယအကြိမ်​​တွေ့ဆုံပွဲဖိတ်​ကြားခြင်း

မင်္ဂလာပါ……
အဝေးရောက်ယောသူယောသားတို့ရေ
ယောဒေသဘက်စုံဖွံ့ ဖြိုးရေး ကိုတစ်ဖက်တစ်လမ်းမှပါဝင်ကူညီရန် ပြည်တွင်းပြည်ပ အဝေးရောက်ယောသူယောသားများဖွဲ့စည်းထားတဲ့ ယောလူငယ် အဖွဲ့(online) မှ ယောလူငယ် (SG group)ရဲ့ ပထမအကြိမ်တွေ့ဆုံပွဲကို 20.8.2017တွင် PENUSULAR PLAZAအနီးမီးသတ်ရုံဘေး (FORT CANNING PARK) ရှေ့၌ပြုလုပ်ပီးစီးခဲ့ပြီးဖြစ်ပါတယ်။
ယခု ယောလူငယ် (sg ) ဒုတိယအကြိမ်တွေ့ဆုံပွဲကို 24.9.2017 နေ့လည် ၁၂နာရီတွင်Underpass Esplanade ၌ပြုလုပ်သွားမှာဖြစ်သောကြောင့် ယောဒေသဖွံ့ ဖြိုးရေးအတွက်ပါဝင်ဆွေးနွေးရန်စင်္ကာပူရောက်ယောသူယောသားများ ကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
YLN အခြေခံစည်းမျဉ်းနဲ့မူဝါဒ
YLN ဘဏ္ဍာငွေရှာဖွေခြင်း ဘဏ္ဍာငွေသုံးစွဲခြင်း ဘဏ္ဍာရေးစည်းမျည်း
YLN ပညာသင်ဆုဆိုင်ရာစည်းမျည်းစည်းကမ်းများနှင့် YLN မှပြုလုပ်ပီးစီးခဲ့သော လုပ်ငန်းစဉ်များကိုအသေးစိတ်အောက်တွင်ရှင်းပြထားပါတယ်ခင်ဗျာ
ယောလူငယ် online (sg) အဖွဲ့ အကြောင်းအသေးစိတ်ကို CB တွင်သို့မဟုတ်ယောလူငယ်SG မှ ဦးဆောင်သူဖြစ်ကြသော Uncle Myat Khin
ထံတွင်လည်းစုံစမ်းနိုင်ပါတယ်
YLN အခြေခံစည်းမျဉ်းနှင့်မူဝါဒ
(၁) ယောလူငယ်အဖွဲ့(Online) အဖွဲ့သည် ပါတီနိုင်ငံရေး လုံးဝကင်းရှင်းပါသည်။
[( ပါတီ နိုင်ငံရေး ကင်းရှင်းသည် ဟုဆိုရာတွင် ယောလူငယ် အဖွဲ့သည် မည့်သည့် ပါတီ ၏ လက်အောက်ခံ မှ မဟုတ်သည်ကို ဆိုလိုပါသည်။ အဖွဲဝင်များ အနေဖြင့် ကိုယ်ယုံကြည်ရာ နိုင်ငံရေး အဖွဲအစည်းအား ထောက်ခံ ပါဝင်နိုင်ကြပါသည်။ )
(၂) အဖွဲ့ဝင် အားလုံး တစ်စိတ်တစ်ဝမ်းထည်း ယောဒေသအကျိုးရှေ့ရှုဆောင်ရွက်ကြမည်။
(၃) အဖွဲ့ဝင် အချင်းချင်းစိတ်ဝမ်းကွဲစေမည့် အပြောအဆို၊ အရေးအသား၊ အပြုအမူ များကိုလုံးဝ ရှောင်ကြဉ်ကြရမည်။
(၄) အဖွဲ့ဝင် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဗဟိုအဖွဲ့၏ ဥိးဆောင်မှုအောက်တွင်သာတည်ရှိနေရမည်။
(၅) နယ်မြေခံအဖွဲ့ဝင်များသည် ယောဒေသတွင် ကူညီဆောင်ရွက်ရမည် သတင်းအချက်အလက် များကိုရယူ၍ ဗဟိုသို့အချိန်နှင့်တစ်ပြေးညီ တင်ပြကြရမည်။
(၆) အဖွဲ့အစည်းအတွင်း ပါတီနိုင်ငံရေးများအတွက် စည်းရုံးခြင်း၊ မဲဆွယ်ခြင်းများမပြုလုပ်ရ။
(၇) အဖွဲ့အစည်းအတွင်း မိမိကိုယ်ကျိုးစီးပွားအတွက် ကြော်ညာခြင်း၊ စည်းရုံးခြင်းမပြုလုပ်ရ။
(၈) အဖွဲ့အစည်းအတွင်း ဘာသာရေးကို အကြောင်းပြု၍ နားလည်မှုလွဲမှားစေနိုင်သော အပြုအမူ အပြောအဆိုများ မပြုလုပ်ရ။
အဖွဲ့၏ လုပ်ငန်းများ
- ယောဒေသ၏ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးရေး တည်ဆောက်မှု လုပ်ငန်းများတွင် ပါဝင်ကူညီခြင်း
( ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ယောဒေသနယ်နိမိတ်အတွင်းမှ လုပ်ငန်းများကိုသာ အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေရရှိရေးလုပ်ငန်းများကို အဖွဲ့မှ ဦးဆောင်၍ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည် )
(၁)ဘဏ္ဍာငွေရှာဖွေခြင်း
အဖွဲ့အတွက် ဘဏ္ဍာငွေကို အဖွဲ့ဝင်များမှ တစ်ဦးလျှင်$5 စီလစဉ်ထည့်ဝင်ခြင်း။
အဖွဲ့ဝင်မဟုတ်သောသူများမှ အလှူ ငွေများ သီးသန့် ထည့်ဝင်ခြင်း။
ရန်ပုံငွေရှာဖွေရေးအဖွဲ့မှ ယောလူငယ်အင်္ကျီများ ရိုက်နှိပ်ရောင်းချ ခြင်း ယောလူငယ် လွယ်အိတ်များ ချုပ်လုပ်ရောင်းချခြင်း အစရှိသဖြင့် ဘဏ္ဍာငွေကိုရှာဖွေပါသည်။
(၂)ဘဏ္ဍာငွေ သုံးစွဲခြင်း
ရရှိသော ရန်ပုံငွေများကို ယောနယ်ဒေသရှိ ကူညီထောက်ပံ့ရန် လိုအပ်သော နေရာများသို့ အဖွဲ့ တိုင်း၏ ဦးဆောင်သူများနှင့် ဆွေးနွေးတိုင်ပင် မဲခွဲဆုံးဖြတ်ကာ ကူညီထောက်ပံ့ကြပါသည်။
(၃)ဘဏ္ဍာရေးစည်းမျဉ်း
ဘဏ္ဍာရေးစည်းမျဉ်းအနေဖြင့် ဗဟိုအဖွဲ့ ဥက္ကဋ္ဌသည် ငွေကြေးကို လက်ဝယ်ထားခြင်းမပြုလုပ်ဘဲ အလုပ်အမှု ဆောင်များသာပါဝင်သော တွဲဖက်စာရင်းဖွင့်ကာ ဘဏ်တွင်အပ်နှံ ထားရှိပါသည်။
ဘဏ္ဍာရေးမှူးသည် အဖွဲ့၏ ဝင်ငွေသုံးငွေ စာရင်းများကိုသာ စာရင်းပြု စု မှတ်တမ်းတင်ထားပါသည်။
ယောလူငယ်ပညာသင်ဆု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ. .
==============================
၁။ ဤဆုကို ယောလူငယ်ပညာသင်ဆု ဟုသတ်မှတ်သည်။
၂။ ဤဆုအား ယောလူငယ်ပညာသင် ထောက်ပံ့ရေးကော်မတီမှ ဦးစီးဆောင်ရွက် ဆုံးဖြတ်မည်ဖြစ်သည်။
၃။ ပညာသင်ဆုအတွက် စည်းမျဉ်းစည်းကမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
(က) ပညာသင်ဆုထောက်ပံ့ကြေး လျှောက်ထားသူသည်ယောနယ်တွင် နေထိုင်သော ယောနယ်သူ /သား ဖြစ်ပြီး မိဘနှစ်ဦးလုံး (သို့  )မိဘ တစ်ဦးဦးသည် ယောနယ်သူယောနယ်သားဖြစ်ရမည်။
(ခ) ပညာရေး၌သက်ဆိုင်ရာကျောင်းတွင်ဆယ်တန်းစာမေးပွဲကိုထူးချွန်အဆင့်ဖြင့်အောင်မြင်ခဲ့သူဖြစ်ရမည်။အမှတ်စာရင်းကိုပူးတွဲတင်ပြရမည်။
(ဂ) အခြားလူပုဂ္ဂိုလ် တစ်ဦးဦးထံမှ သော်လည်းကောင်း ၊ အဖွဲ့ အစည်းတစ်ခုခုထံမှသော်လည်းကောင်း ထောက်ပံ့ကြေး အပြည့်အ၀ ရယူထားသူ မဖြစ်စေရ။
(ဃ) ပညာအရည်အချင်း ၊ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ သက်ဆိုင်ရာကျောင်း တာဝန်ရှိ ပုဂ္ဂိုလ်၏ ထောက်ခံချက် ပါရှိရမည်။
(င) အမှန်တကယ် ပညာသင်ထောက်ပံ့ကြေး ရရှိရန် လိုအပ်ကြောင်း သက်ဆိုင်ရာနယ်မြေ အကြီးအကဲ၏ ထောက်ခံချက် ပါရှိရမည်။
(စ) အဓိကအချက်အားဖြင့် သက်ဆိုင်ရာယောလူငယ် နယ်မြေခံအဖွဲ့ မှ အဖွဲ့ ၏ သီးခြား ထောက်ခံစာ ပါရှိရမည်။
(ဆ) ယောလူငယ်ပညာသင်ဆု လက်ခံရရှိထားသူသည် မိမိတက်သည့်  သက်ဆိုင်ရာကျောင်းတွင် ထူးချွှန် အဆင့်တွင် ပါဝင်ရမည်ဖြစ်ပြီး စာမေးပွဲကျ ရှုံးခဲ့ပါက ယောလူငယ်ပညာသင်ဆုကို ထပ်မံ လျှောက်ထားရမည် ဖြစ်သည်။
(ဇ) ယောလူငယ်ပညာသင်ဆု လက်ခံရရှိထားသူသည် မိမိတက်သည့်  သက်ဆိုင်ရာကျောင်းများမှ ထုတ်ပေးသည့် ပညာအရည်အချင်းမှတ်တမ်း မိတ္တူ များကို ယောလူငယ်ပညာသင်ထောက်ပံ့ရေး ကော်မတီသို့  ပုံမှန်ပေးပို့ ရမည်။
(ဈ) ပညာသင်ဆု လျှောက်ထားရာတွင် သက်ဆိုင်ရာအထောက်အထားများနှင့် ဓာတ်ပုံများသည် (၁)လအတွင်း ရယူထားသော အထောက်အထားများဖြစ်ရမည်။
(ည) ပညာသင်ဆု လျှောက်ထားသူသည် သက်ဆိုင်ရာကျောင်းများ၌ ရရှိခဲ့ ဖူးသော ပညာထူးချွှန်ဆုနှင့်ပတ်သက်သည့် အထောက်အထား/လက်မှတ် မိတ္တူများကို ပူးတွဲတင်ပြရမည် ဖြစ်သည်။
(၄) ယောလူငယ်ပညာသင်ဆုကို ထောက်ပံ့ မည့်ငွေပမာဏနှင့် ထောက်ပံ့ပေးမည့် လူဦးရေကို ယောလူငယ်အဖွဲ့၏ ရန်ပုံငွေ အပေါ်မူတည်ဆုံးဖြတ်မည်ဖြစ်သည်။
၅။ ယောလူငယ်ပညာသင်ဆုနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို ယောလူငယ်ပညာသင်ဆု ထောက်ပံ့ရေး ကော်မတီမှ အခြေအနေ ၊ အချိန်အခါ အားလျော်စွာ ပြင်ဆင် ဖြည့်စွက် ဆွေးနွေးဆုံးဖြတ်မည် ဖြစ်သည်။**
ယောလူငယ်အဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းစဉ်များ
=================================
၁။ရေပုပ် လေဘေးအလှူ
၂။ကြာဥယျာဉ် ရေအလှူ
၃။အကြည်ဘန်း လေဘေးအလှူ
၎။မတေးနုယဉ် ကိစ္စ
၅။ဇီးတောသား ထန်းပင်ကျ ဆေးရုံစရိတ်ထောက်ပံ့
၆။ထီးလင်းယောလူငယ် သင်တန်းကြေးထောက်ပံ့(PKU)
၇။ထီးလင်းယောလူငယ် သင်တန်းကြေးထောက်ပံ့(ပဲခူး)
၈။ပြင်သာကျေးရွာ ရေဘေးအလှူ
၉။ကလေးမြို့ ရေဘေးအလှူ
၁၀။နန်းစောင်းပုရွာ ရေဘေးအလှူ
၁၁။ကျောက်ထု ဆေးကျောင်းသူ နာရေး
၁၂။ကျောက်ထု ဆေးကျောင်းသူ ဆေးကုသစရိတ်
၁၃။စစ်ကိုင်း ဆရာလေးကျောင်း ရေကန်အလှူ
၁၄။မြောက်ဒဂုံ ဇေယျမင်္ဂလာ ယောကျောင်း ကထိန်အလှူ
၁၅။ပန်းဆန်ရွာမှကလေး ဆီးရောဂါ ဆေးကုသ စရိတ်
၁၆။ယောနယ်ဒေသရ(၇)ရွာတွင် စာပေဟောပြောပွဲ ကျင်းပခြင်း
၁၇။ပြင်သာကျေးရွာ ရေတွင်း ရေကန်အလှူ
၁၈။ရေရှင်ကျေးရွာ ဆေးကျောင်းသား ကျောင်းစရိတ်
၁၉။ဂန့်ဂေါယောလူငယ် ကိုကျော်ဖြိုးဝေ အိမ် မီးဘေးအလှူ
၂၀။သီးကုန်းရွာ မီးဘေးအလှူ
၂၁။2015 ယောအသင်းဝါဆိုသင်္ကန်းကပ် အလှူထည့်ဝင်(မုံလယ်)
၂၂။2016 ယောအသင်းဝါဆိုသင်္ကန်းကပ် အလှူထည့်ဝင်(စွယ်တော်)
၂၃။27.7.16 - 1.8.16 ထိ တိုင်းရင်းသားလူငယ် ညီလာခံတက်ရောက်ခြင်း(ပင်လုံ)
၂၄။10/2016 ယောအသင်း စာအောင်ဆုပေးပွဲအလှူထည့်ဝင်(အဘိဓမ္မာ)
၂၅။စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား လစဉ်ပညာသင်စရိတ် ထောက်ပံ့
** စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသူ လစဉ်ပညာသင်စရိတ် ထောက်ပံ့
၂၆။1/2017 ဂန့်ဂေါမြို့ နယ်၊ မင်းရွာသား နာရေး ကူငွေနှင့် စရိတ်
၂၇။1/2017 ယောအသင်း သက်ကြီးပူဇော်ပွဲ ဂုဏ်ပြုပွဲ အလှူငွေထည့်ဝင်
၂၈။ကျောက်ဂူဆရာတော်ဘုရားကြီးဂုဏ်ပြု ပူဇော်ပွဲ အလှူ ထည့်ဝင်
၂၉။ဗူးတောင်းဥူးပဇင်း နာရေး လှူငွေ
၃၀။ ကန်ဒေသ တစ်ပါးနေတောရကျောင်းအလှူ
၃၁။ ဥူးဇင်းဦးခေမာစာရ( ပြည်ပ)ပညာသင်စရိတ်ထောက်ပံ့ခြင်း
၃၂။ ယောအသင်းဓမ္မာရုံ အတွက် စားပွဲ ကုလားထိုင်အလှူ
၃၃။ 2017 ယောအသင်းဝါဆိုသင်္ကန်းကပ် အလှူထည့်ဝင်(စွယ်တော်)
၃၄။ ဥူးဇင်း ဦးစန္ဒာသီရိ( သီတဂူဗုဒ္ဓတက္ကသိုလ်) နဝကမ္မအလှူ ……တို့ကိုပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
ပြန်ကြားရေး
ယောလူငယ်အဖွဲ့

ဆောဒေသယောလူငယ်အဖွဲ့ တွေ့ဆုံပွဲအောင်မြင်စွာပြီးစီးခြင်း

ဆောဒေသယောလူငယ်အဖွဲ့ တွေ့ဆုံပွဲအောင်မြင်စွာပြီးစီးခြင်း
ဆောဒေသအခြေခံယောလူငယ်အဖွဲ့သည် 6-9-2017 တွင်ခူးချောင်းရွာဘုန်းတော်ကြီးကျောင်း၌ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်တွေ့ဆုံပွဲကိုကျင်းပပြုလုပ်ခဲ့ကြပါသည်။
နံနက်8:30 အချိန်တွင်သံဃာတော်အရှင်မြတ်တို့အား ဝါဆိုသင်္ကန်း ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက်ယောလူငယ်တွေ့ဆုံပွဲအား ဆက်လက်ပြုလုပ်ခဲ့ရာ တက်ရောက်လာသူများမှ တစ်ဦးစီမိတ်ဆက်ပေးကြပါသည်။
ယောလူငယ်အတွင်းရေးမှုး ကိုအောင်ကျော်ဦးမှဆောယောလူငယ်အကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။
ဆောယောလူငယ် ကိုထွန်းနိုင်ဦးမှဆောအဖွဲ့လုပ်ဆောင်ချက်များအား ပြောကြားပေးခဲ့ပါသည်။
ယောလူငယ်အဖွဲ့ပြန်ကြားရေး ကိုသန်းဇော်ဦးမှယောလူငယ်အဖွဲ့၏ စည်း စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ခူးချောင်းရွာမှ ရပ်မိရပ်ဖများဖြစ်ကြသည့် ဦးသန်းနိုင်နှင့်ဒေါ်ခင်မိုးအေးတို့မှ ယောလူငယ်အဖွဲ့အပေါ်သဘောထားများကိုဆွေးနွေးတင်ပြကြပါသည်။
ခူးချောင်းရွာမှမိမိတို့အင်အားဖြင့်မနိုင်နင်း ဖြစ်နေသော သုသာန်ဇရပ် ဆောက်လုပ်မှုအပေါ် ယောလူငယ်အဖွဲ့အနေဖြင့် တတ်စွမ်းသမျှ အလှူငွေ 100,000-/ တစ်သိန်းကျပ်ကို ယောလူငယ်အဖွဲ့ကိုစား ကိုသန်းဇော်ဦးမှ လှူဒါန်းပေးခဲ့ပါသည်။
မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး အခမ်းနားကို10:30မိနစ်အချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

ပြန်ကြားရေး
ယောလူငယ်အဖွဲ့
ဆောဒေသ