Menu

Thursday, July 7, 2016

ယောလူငယ် ဗဟိုအဖွဲ့(ရန်ကုန်) လစဉ် တွေဆုံပွဲ ကျင်းပခြင်းဖိတ်ကြားလွှာ


26-06-2016 (တနင်္ဂနွေနေ့) နေ့ လည်
(၁၂) နာရီတွင် လစဉ်ကျင်းပမြဲဖြစ်သော ယောလူငယ်(ဗဟိုအဖွဲ့)၏ လပတ်တွေ့ဆုံပွဲကို စွယ်တော်ဘုရားဝင်းအတွင်း
ရှိ ယော ဓမ္မာရုံတွင်
ကျင်းပ တွေ့ ဆုံသွားကြမည်ဖြစ်ပါသည်။

3-7-2016 ရက်နေ့ တွင်ယောနယ်အသင်းမှ ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲတွင် ယောလူငယ်အဖွဲ့အနေဖြင့် သဒ္ဒါတတ်အား နည်းများမဆို ပါဝင် လှူဒါန်းနိုင်ပါရန် တွေ့ဆုံပွဲတွင် ဝါဆိုသင်္ကန်းနှင့် ဝတ္ထုများ ထည့်ဝင်နိုင်ပါကြောင်း နှင့် တွေ့ဆုံပွဲသို့ လာရောက်နိုင်သူများ အနေဖြင့် မိမိတို့ လှူဒါန်းလိုသည်များကို ယောလူငယ်အတွင်းရေးမှူး ဦးစန်းအောင်ထံ စာရင်းပေး၍ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား. . .
တွေ့ ဆုံပွဲလာရောက်သူများအား မိုးအေးအေး၌ နွေးသွားစေရန် ကြာဆံချက်ပူပူလေးနှင့် ရှောက်သီးသုပ်ချဉ်ချဉ်စပ်စပ်ကလေးကို ယောလက်ရာမပျက်ယွင်းစေဘဲ တည်ခင်းဧည့်ခံ ကျေးမွေးမည်ဖြစ်ပါကြောင်းကိုလည်း သတင်းကောင်း ပါးလိုက်ပါရစေခင်ဗျား။
ယောလူငယ်ပြန်ကြားရေးအဖွဲ့ 



No comments:

Post a Comment