ယောဒေသ စာပေဟောပြောပွဲအတွက် ရည်ရွယ်၍ ပခုက္ကူမြို့ရှိ ယောအနွယ်များထံ
လိုက်လံ ရံပုံငွေ စုဆောင်းရာမှာ စုစုပေါင်း ထည့်ဝင်ငွေ ၇ သိန်း
ရရှိခဲ့ပါတယ်။ ထိုရံပုံငွေထဲမှ ပွဲအတွက် ကြိုတင်ပြင်ဆင်မှု့များဖြစ်တဲ့
ဗီနိုင်းပိုစတာထုတ်ခြင်း၊ ပန်းဖလပ် လက်ကမ်းစာစောင် ပြင်ဆင်ခြင်း၊
စာရေးဆရာ၊ဆရာမများအား ကြိုဆိုရာမှာ လိုအပ်တဲ့ အသေးစိတ်
သုံးစွဲမှု့များ၊စာပေဟောပြောပွဲ အခွေ ထုတ်ရာမှာ သင့်ငွေ ရှင်းလင်းခြင်းများ၊
ကြီးကြပ်အဖွဲ့အသေးစား အသုံးစရိတ်အတွက် အခြိုးခြံဆုံး ခွဲဝေ
သုံးစွဲခဲ့ပါတယ်။ ပွဲပြီး၍ ကျင်းပသည့် ရွာများထံမှ ထိုကုန်ကျငွေများကို
(ပန်းဖလပ်ဖိုး ၁၇၅၀၀၀)လွဲ၍ အချိုးကျ မျှဝေ ကျခံစေခဲ့ရာ ဆရာဥာဏ်ပူဇော်ခ
၃သိန်းဖြင့် ပေါင်းလျှင် ပွဲအတွက် တစ်ရွာကို ၅သိန်းခန့်စီမျှသာ
ကုန်ကျခဲ့ပါတယ်။ ဧည့်ခံ စရိတ်ကတော့ တစ်ရွာနဲ့တစ်ရွာ ပြင်ဆင်ပုံခြင်းမတူညီ၍ (
ဝကျပ်မှ ၅သိန်း)ထိ ကုန်ကျ ကြပါတယ်။
ထို့ကြောင့် ပြင်ဆင်စရိတ်အား နောက်ထပ်အကြိမ်တွေ ပြန်လည်ပြုလုပ်တဲ့ ဟောပြောပွဲ အစီအစဉ်တွေမှာ ယခုလိုပဲ ကျခံ သုံးစွဲနိုင်ရန် အရန်ရံပုံငွေအဖြစ် ပြန်လည် ကောက်ယူခဲ့ခြင်းဖြစ်ပါတယ်။
ဟောပြောပွဲအတွက် ပခုက္ကူမှာ ကောက်ခံရရှိ ရန်ပုံငွေမှာ ၇ သိန်း ၊ဟောပွဲအတွက် ထည့်ဝင် အသုံးပြုငွေက ၁၇၅၀၀၀ ကျပ်၊လက်ကျန်ငွေမှာ ၅၂၅၀၀၀ ကျပ် တိတိဖြစ်ပါတယ်။
တဖန် စာပေဟောပြောပွဲနှင့်အတူ ဆရာနေဝင်းမြင့်၊ ဆရာညိုထွန်းလူ၊ဆရာမ ခင်ခင်ထူး တို့ရဲ့ စာအုပ်တွေကိုလဲ ပွဲစဉ်တလျှောက် ကြီးကြပ်အဖွဲ့အဖြစ် လုပ်အားပေးကြတဲ့ လူငယ်များမှ ရောင်းချပေးခဲ့ကြပါတယ်။ ရရှိတဲ့အမြတ်ငွေကိုလည်း ယောလူငယ် ရံပုံငွေအဖြစ် ပြန်လည်ထည့်ဝင် ပေးအပ်ခဲ့ကြရာမှာ ၁၇၀၀၀၀ကျပ် ( တစ်သိန်း ခုနှစ်သောင်းကျပ်) ဖြစ်ပါတယ်။ ထို့ကြောင့် စာပေဟောပြောပွဲ ဖြစ်မြောက်ရေး (ယာယီ )ကော်မတီအနေဖြင့် လက်ကျန်ငွေ ( ၇ )သိန်း ရှိနေပါကြောင်း အသိပေး တင်ပြအပ်ပါသည်။
အသေးစိတ် အသေအချာ သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များအား ဆက်သွယ် မေးမြန်းနိုင်ကြောင်း လေးစားစွာ တင်ပြအပ်ပါတယ် ခင်ဗျာ။
ကိုမောင်ချို 092301132
ကိုရင် ဒိပ္ပ 09265306620
ယောလူငယ် ( ပြန်ကြားရေး

No comments:
Post a Comment