Menu

Thursday, July 7, 2016

မန္တလေး ယောလူငယ် တွေ့ ဆုံပွဲ


ယောလူငယ် မန္တလေး လစဉ် တွေ့ ဆုံပွဲကို ( 19.06.2016 ) ရွှေကျီးမြင်ဘုရားတွင်ပြုလုပ်ခဲ့ကြပါသည်။ ဦးစွာ အနေဖြင့် ဘုရားဝင်း အတွင်း သန့် ရှင်းရေး ကုသိုလ် ယူ၍ တွေ့ ဆုံပွဲ ကို စတင်ခဲ့ပါသည် ။
ရှေးဦးစွာ မန္တလေး ယောလူငယ် ဥက္ကဌ ဦးဘိုဝ မှ အဖွဲ့ ၏ လက်ရှိ လှုပ်ရှားလျှက် ရှိသော လုပ်ငန်း များကို ရှင်းလင်းတင်ပြကာ အဖွဲ့  ဝင်များ၏ အကြံဥာဏ်များ ရယူခြင်း ဆွေးနွေး တိုင်ပင်ခြင်း ပြုလုပ်ခဲ့ ပါသည် ။
ဆွေးနွေးတိုင်ပင် သဘောတူညီ ချက်များ အရ ဝါဆိုလတွင် ဝါဆိုသင်္ကန်းကပ်နှင့် သက်ကြီးပူဇော်ပွဲကို ယောအသင်းနှင့်တိုင်ပင်ပြီး
ပြုလုပ်ရန် ကို အဓိကထားပီး ဆွေးနွေး ခဲ့ပါသည် ။
ပွဲဖြစ်မြောက် ရေး အတွက် တွေ့ ဆုံ ညှိနှိုင်း ဆွေးနွေး ပွဲကို ထပ်မံ ကြော်ငြာပေးပါမည် ။
ထို့ နောက် လစဉ်ကြေး ပေးသွင်းကြကာ
တွေ့ ဆုံပွဲကို ၁၁ နာရီတွင် ပြီးစီးရုပ်သိမ်းကြပါ
သည်။
အစည်းအဝေးအပြီးတွင် ယောလူငယ် မန်းလေး အဖွဲ့ ဝင်များ အား ဥက္ကဌ ဦးဘိုဝ မှ လဘက်ရည် မုန့် ဖြင့်
ဧည့်ခံကျွေးမွေး ကုသိုလ်ပြုပါသည်။
ယောလူငယ် ပြန်ကြားရေး။
(20.6.2016 )



No comments:

Post a Comment