ယောလူငယ် မန္တလေး လစဉ် တွေ့ ဆုံပွဲကို ( 29.5.2016 ) ရွှေကျီးမြင်ဘုရားတွင်ပြုလုပ်ခဲ့ကြပါသည်။ ဦးစွာ အနေဖြင့် ဘုရားဝင်း အတွင်း သန့် ရှင်းရေး ကုသိုလ် ယူ၍ တွေ့ ဆုံပွဲ ကို စတင်ခဲ့ပါသည် ။
ရှေးဦးစွာ မန္တလေး ယောလူငယ် ဥက္ကဌ ဦးဘိုဝ မှ အဖွဲ့ ၏ လက်ရှိ လှုပ်ရှားလျှက် ရှိသော လုပ်ငန်း များကို ရှင်းလင်းတင်ပြကာ အဖွဲ့  ဝင်များ၏ အကြံဥာဏ်များ ရယူခြင်း ဆွေးနွေး တိုင်ပင်ခြင်း ပြုလုပ်ခဲ့ ပါသည် ။
ဆွေးနွေးတိုင်ပင် သဘောတူညီ ချက်များ အရ ဝါဆိုလတွင် ဝါဆိုသင်္ကန်းကပ်နှင့် သက်ကြီးပူဇော်ပွဲကို ယောအသင်းနှင့်တိုင်ပင်ပြီး
ပြုလုပ်ကျင်းပရန်-အသင်းဝင်အင်အားတိုးချဲ့ ရန် - လစဉ်အသင်းဝင်ကြေးကို နယ်မြေခွဲ၍ ကောက်ခံရန် -အသင်းသက်တမ်းတစ်နှစ်ရှိပြီဖြစ်၍
အလုပ်အမှုဆောင်များ ကို
တက်ကြွဆောင်ရွက်သူများကို
လျာထားရွေးချယ်ဆောင်ရွက်ရန် တိုင်ပင်ခဲ့ပါသည်
လာမည့်ဇွန်လ ၁၂ ရက်နေ့ တွေ့ဆုံပွဲတွင်
အမှုဆောင်အဖွဲ့ ကို ရွေးချယ်လုပ်ဆောင်ကြ
မည်ဖြစ်ပြီး လစဉ်ကြေး ပေးသွင်းကြကာ
တွေ့ ဆုံပွဲကို ၁၁ နာရီတွင် ပြီးစီးရုပ်သိမ်းကြပါ
သည်။
အစည်းအဝေးအပြီးတွင် ယောလူငယ် မန်းလေး အဖွဲ့ ဝင်များ အား အဖွဲ့ ဝင် ကိုသားထွဋ်နှင့်မိစုတို့က လဘက်ရည် မုန့် ဖြင့်
ဧည့်ခံကျွေးမွေး ကုသိုလ်ပြုပါသည်။
ယောလူငယ် ပြန်ကြားရေး။
(31.05.2016 )

No comments:
Post a Comment