Menu

Thursday, July 7, 2016

ရန်ကုန် ယောလူငယ်(online) လပတ်တွေ့  ဆုံပွဲအောင်မြင်စွာပြီးစီးခြင်း

26-6-2016 ရက်နေ့တွင် ရန်ကုန်မြို့  စွယ်တော်ဘုရားဝင်းအတွင်းရှိ ယောအသင်းဓမ္မာရုံတွင် နေ့ လည်( ၁)နာရီ အချိန်၌ ယောလူငယ်အဖွဲ့ ဝင်များစုဝေး ရောက်ရှိလာပြီး ရင်းရင်းနှီးနှီးတွေ့ ဆုံ၍
အသင်း၏လုပ်ငန်းများကိုဆွေးနွေး တိုင်ပင်မှုများပြုလုပ်ခဲ့ကြပါသည်။
အဖွဲ့  သက်တမ်း( ၁)နှစ်ပြည့်မြောက်ပီဖြစ်၍
အဖွဲ့  ၏ ငွေလက်ကျန်ရှင်းတမ်းများကို ဘဏ္ဍာရေးမှုးမှ ရှင်းလင်းတင်ပြခဲ့ပါသည်။

အဖွဲ့ ရေရှည်တည်တံ့နိုင်ရေးအတွက် ပဒေသာပင်စိုက်ထူရာတွင်လည်း
အဖွဲ့ ဝင်များမှတတ်စွမ်းသမျှထည့်ဝင် ခဲ့ကြပါသည်။အဖွဲ့ ၏ လုပ်ငန်းများ
တိုးချဲ့  လုပ်ဆောင်နိုင်ရန်
ရန်ပုံငွေရှာဖွေရေးကော်မတီ
ဥက္ကဌ ဒေါ်မင်းမင်းစန်းမှ ရန်
ပုံငွေရှာဖွေရေးနှင့်ပါတ်သက်သည့် လုပ်ငန်းများအကြောင်း
ကိုလည်း ဆွေးနွေးတင်ပြခဲ့ပါ
သည်။
ယောဒေသတွင်း လူငယ်များအခွင့်အလမ်း
ပိုမိုရရှိနိုင်ရေးအတွက်
အဝတ်လျှော်ဆပ်ပြာရည်လုပ်ငန်း ခေါင်းလျှော်ရည်ထုတ် လုပ်နိုင်ရေး ၊ သင်တန်းများဖွင့်လှစ်နိုင်ရေး ၊ ယောဒေသအတွင်းရှိ အခက်အခဲများကို
ကူညီဆောင်ရွက်ပေးနိုင်ရေး
တို့ကို အဖွဲ့ ဥက္ကဌနှင့် အတွင်းရေးမှုးတို့ မှ ဆွေးနွေးခဲ့ကြပြီး အသစ်ထပ်တိုးရောက် ရှိလာကြသော ညီအစ်ကို မောင်နှမ များကို တရင်းတနှီး ကျွမ်းဝင်စေရန် အသင်း
သားများနှင့် အပြန်အလှန် ရင်း
ရင်းနှီးနှီးတွေ့ ဆုံမိတ်ဆက်၍
လစဉ်မပြတ် တွေ့ဆုံဖို့ ပြောကြားရင်း ယောအစားအစာများ
ဖြစ်သော အင်ဥချက်၊ပဲပြုတ်
မှန်လာဖူးထောင်း၊ ကြာဆံ
ဟင်းခါး ၊ ရှောက်သီးသုပ်များ
ကိုပျော်ရွှင်စွာ စားသောက်ကြ
ရင်းတွေ့ ဆုံပွဲကို ရုပ်သိမ်းခဲ့ကြပါတယ် ။
လာမည့် တနင်္ဂနွေနေ့ (၃. ၇. ၂၀၁၆)
ရက်နေ့တွင် ရန်ကုန် ယောအသင်းမှ ကြီးမှူး ကျင်းပမည့် ဝါဆို သင်္ကန်း နှင့် ဝါဆိုဆွမ်း ကပ်ပွဲကို ၁၃၇၈ ခုနှစ် နယုန်လကွယ် ၁၃ ရက်နေ့တွင် ပြုလုပ် ကျင်းပပါမည် ။ သဒ္ဒါတရား နည်းများမဆို ပါဝင် လှူဒါန်းလိုပါက ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်းနှင့် ရန်ကုန်မြို့ 
စွယ်တော်ဘုရားဝင်းအတွင်းရှိ ယောဓမ္မာရုံတွင် ဓမ္မရေအေး တိုက်ကျွေးမည် ဖြစ်ပါ၍ နံနက် (၉)နာရီ မတိုင်မှီ အရောက်လာခဲ့နိုင်ပါကြောင်း အသိပေးနိုးဆော်အပ်ပါတယ်ခဗျာ ။
ကျေးဇူးတင်ခြင်း
*************
ယောအစားအစာများယူလာပေးကြ
သော အလှူ ရှင်များ၊ ကြာဇံဟင်းခါး အလှူ ရှင် အား အထူးကျေးဇူး တင်ကြောင်း ပြောကြားလိုပါတယ်။
ပြန်ကြားရေး ယောလူငယ် အဖွဲ့ Online


No comments:

Post a Comment