Menu

Monday, June 29, 2015

ယောချည်ထမီအလွမ်း



ကျမတို့ယောဒေသမှာ အရင်ကလို ကိုယ်တိုင်ငင် ကိုယ်တိုင်ယက် ကိုယ်တိုင်ချုပ်တဲ့ ထမီတွေ ကိုပဲ ဝတ်ကြတယ်လေ ... ချည်ချောတာရှိ သလို ချည်းကြမ်းတာလဲရှိတာပေါ့ ... တစ်ချို့ ထမီများဆို ယက္ကန်းစင်ကချပြီး ချက်ချင်း မဝတ်နိုင်ကြဘူး တောင့်တောင့်ကြီး ဖြစ်နေလို့ .... ကျမ ခုနစ်တန်းနှစ် .... တစ်နေ့တော့ ကျမလေ အမေယက်ပေးတဲ့ ရေနှစ်ခါပ လျှော်ရသေးတဲ့ ထမီလေးဝတ်လို့ ပေါ့ ..
အဲတာ မအို(အဖွား)က နင့်အမေသွားခေါ် ချေစမ်း တောင်တိုက်မှာတဲ့... . ကျမတို့နေတာက မြောက်တိုက်မှာလေ အစွန်ဆုံးပေါ့ ... ကျမလဲ အဲပါ မအိုရဲ့ ဆိုပြီး အိမ်လှေကားခနစ်ထစ်ကို သုံးလှမ်းပဲ အောက်ကို ခုန်ပလိုက်ပီး (ပြောရရင်ဖင်ကြွတယ်ပေါ့) .. လမ်းရောက်တော့ ပုံမှန်မလျှောက်ဘူးလေး ခြေတစ်ချောင်းခြေချန ဆတ်ကတောက် ဆတ်ကတောက် ခုန်ဆွ ခုန်ဆွ ပြေးတာ ... လမ်းဟိုဘက် မျက်စောင်းထိုးအိမ်က ခွေးမဲက ဖယ်ကတည်းက မျက်စိနောက်နေတာမသိ ... အသာလေးပြေးလာပြီး လူကိုလှမ်းဆွဲ ပလိုက်တာ .. ကံကောင်းချင်တော့ ခွေးဆွဲတဲ့အချိန် ခြေလှမ်းတဲ့အချိန် ညားတော့ ထမီန အစွယ်န ချိတ်မိပါလေရော.....
ကျမလည်း နဂိုအပြေးသန်တဲ့သူလေ ... ခွေးကိုက်မှန်းလဲသိရော အရှိန်တင်ပလိုက်ပီး ကဆုန်ပေါက် ပြေးတာ ခွေးခမြာ တရွတ်တိုက်ကြီးပါလာတယ်လေ ... ကျမလည်း အသကုန်အော်လဲအော် ပြေးလဲပြေး ဘသူမှလည်းရောက်လာဘူး ... ဝါးတစ်ရိုက်လောက်လည်း ရောက်ရော ထမီ အောက်တစ်စပ်ကပြဲကျန်ခဲ့တယ် ... ခွေးလည်း အဲတော့မှ အသကုန်နောက်ပြန် ပြေးသွားပြီး သူတို့အိမ်အောက်လှေကားခုံ အောက်မှာသာသာလေးသွားဝပ်နေတော့ တယ် ..
ကျမလည်း ဘယ်ရမလဲသာမျိုးတော့ ခွေးနောက်ကိုပြန်လိုက်ပြီး သူ့အိမ်ရှင်ကို လှမ်းအော်လိုက်တယ် ..... သမှာ ခွေးကိုက်လို့ ထမီပြဲသွားပြီ အသစ်ကြီးရှိသေးတာ အိမ်မှာ ဝတ်စရာမရှိတော့ဘူး ... အလျော်ပေး ... လို့ ... ခွေးကိုလည်း တုတ်န နှစ်ချက်လောက် ရိုက်ပခဲ့တယ်...... ဟုတ်တယ်လေ ထမီ တစ်ကွင်းရဖို့ လွယ်တယ်မှတ်လို့ ....ကျောင်းပိတ်တာန အကုန်လုပ်ရတာ ... နှစ်လကျောင်းပိတ်မှ ဝါကျိတ် ဗိုင်းငင် ယက္ကန်းယက် အကုန်လေ ... တစ်နှစ်နေလို့ ထမီတစ်ထည် မရပကား .... ခ်ခ် ... အဲသာနပ သူ့သခင်က ထမီလေးတစ်ထည် အိမ်လာပေးရှာလေသတည်းးးးးးးးးးးး

ယောပုဏ္ဏမီ

Sunday, June 28, 2015

ဂန့်ဂေါမြို့နယ် မြစ်သာမြစ်အရှေ့ဖက်ရှိ ကျေးရွာများအတွက် ကျေးလက်လမ်း ဖောက်လုပ်လျှက်ရှိ


ဂန့်ဂေါ ဇွန် ၂၅
ဂန့်ဂေါမြို့နယ် မြစ်သာမြစ်အရှေ့ဖက်ရှိ ကျေးရွာများသည် ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိမှု ပေါများသော်လည်း ထွက်ရှိသည့်သီးနှံများ ပို့ဆောင်ရောင်းဝယ်ရာတွင် မြစ်သာမြစ်အနောက် ဖက်ရှိ ကားလမ်း၊ ရထားလမ်းရှိသည့် ကျေးရွာများသို့ လှည်းခရီးတစ်တန်၊
လှေခရီးတစ်တန်ဖြင့် သွားရောက်ပို့ ဆောင်ကြရသဖြင့် အချိန်ကုန်၊ လူပန်း၊ ငွေကုန်ဖြစ်ခဲ့ကြရသည်။ အဆိုပါအခက်အခဲကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြစ်သာမြစ်အရှေ့ဖက်တွင် ကျေးလက်လမ်းဖောက်လုပ် လျှက်ရှိသဖြင့် မကြာမီ ကာလ၌ သွားလာပို့ဆောင်မှု လွယ်ကူလာမည်ဟု သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်၌ အဆိုပါ မြစ်သာမြစ် အရှေ့ဖက်ရှိ မိုးစို၊ မိုးစိုရွာသစ်၊ ချောင်းကောက်၊ ရွာမ၊ အလယ်ရွာ၊ မြင်သား၊ ကုန်းရွာ၊ စမ်းမြို့၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ ဝင်ဝ စသည့်ကျေးရွာများကို ဆက်သွယ်သွား
လာနိုင်သည့် မြေသားလမ်းကို ဇွန် ၂ ရက် နေ့ကစတင်လျှက် မြို့ဖေမိသားစုကုမ္ပဏီက ဖောက်လုပ်လျှက်ရှိရာ လမ်းအရှည် ၁၄ ဒသမ ၄ မိုင်ရှည် မြေသား လမ်းအဖြစ်ဖောက်လုပ်ခြင်းဖြစ်ပြီး မြေသားလမ်း နှင့်အတူ သစ်သားတံတား ၁၅ စင်း၊ ရေပြွန် ၁၄ ခု၊ ရေကျော် ၄ ခုတို့ကိုပါဆောက်လုပ်
သွားမည်ဖြစ်ကာ ဌာနမှ ငွေကျပ် ၆၆၆ သန်း ခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါလမ်း ဖောက်လုပ်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဌာန ဝန်ကြီး ဦးဝင်းမြင့်မောင်၊ မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီဥက္ကဌ ဦးနိုင်ဦးတို့နှင့်တာဝန်ရှိသူများသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
“ လမ်းဖောက်နေထာ မြင်ရတော့ သိပ်ဝမ်းသာတယ်ဗျာ၊ လမ်းပန်း၊ဆက်သွယ်၊ သွားလာရေးသာမက ဒေသထွက်သီးနှံတွေ
ကျေးရွာအတွက် လိုအပ်တဲ့ကုန်ပစ္စည်းတွေ လွယ်လွယ်ကူကူ ပို့ဆောင်၊ သယ်ယူနိုင်တော့ မှာဖြစ်ပါတယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာလဲ ကျွန်တော်တို့လမ်းနဲ့ တစ်ဆက်တည်း ကျေးလက် လမ်းဖောက်လုပ်နေတယ်လို့ သိရပါတယ်၊ ဆက်သွယ်၊ သွားလာမှုအဆင်ပြေသွားရင် လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေးစတာတွေ အားလုံးအဆင်ပြေချောမွေ့သွားမှာပါ “ ဟု မိုးစိုကျေးရွာနေ ပြည်သူတစ်ဦး ကပြောသည်။


Source; Magway News
(ယောသူတို့ရွာ ပေ့မှ ကူးယူဖေါ်ပြပါသည်)

Saturday, June 27, 2015

ဝါးတံခါးလေး သို့မဟုတ် ယော ဟူသည်


"ယော "
ဆိုတာဘာလဲ
ဟုမေးကြသော မိတ်ဆွေများအား ယောဒေသက ဝါးတံခါးလေး အကြောင်းကို ပြည်တွင်းရောပြည်ပကမိတ်ဆွေများပါ ကြိမ်ဖန်များစွာကျနော် တခုတ်တရပြောဖူးသည်။
ပြည်ပကမိတ်ဆွေများကတော့ မယုံကြည်သလိုလို အံ့သြသလိုလို နဲ့ မျက်ခုံးလေးပင့် ပုခုံးလေးတွန့်ပြပြီး ပါးစပ်အဟောင်းသား။

Friday, June 26, 2015

ယော

 ချစ်ခင်ညီညွတ် ရောက်လာတတ် သိမှတ်ယောခေါ်သည်။
 ချစ်ခင်စရာ ဖြစ်တတ်ပါ မှန်စွာယောခေါ်သည်။
ချစ်ခင်ကြည်ဖြူ သိတတ်မူ မှတ်ယူယောခေါ်သည်။

ချမ်းသာသုံးရပ် ရောက်စေတတ် သိမှတ်ယောခေါ်သည်။
ချမ်းသာသုံးဖြာ ဖြစ်စေပါ မှန်စွာယောခေါ်သည်။
သစ္စာလေးဆူ သိစေမူ မှတ်ယူယောခေါ်သည်။

ချစ်ခင်လေးမြတ် ရောက်ရှိအပ် သိမှတ်ယောခေါ်သည်။
ချစ်ခင်လေးမြတ် ဖြစ်စေအပ် မချွတ်ယောခေါ်သည်။
ချစ်ခင်လေးစား သိအပ်ငြား မှတ်သားယောခေါ်သည်။

ချမ်းသာသုံးတန် ရောက်ကြောင်းမှန် ဧကန်ယောခေါ်သည်။
ချမ်းသာသုံးဖြာ ဖြစ်ကြောင်းမှာ မှန်စွာယောခေါ်သည်။
သစ္စာလေးဆူ သိကြောင်းဟူ မှတ်ယူယောခေါ်သည်။

ကောင်းစွာရောက်ရာ နိဗ္ဗာန်မှာ မှန်စွာယောခေါ်သည်။
ကောင်းစွာဖြစ်ရာ မြတ်ချမ်းသာ မှန်စွာယောခေါ်သည်။
ကောင်းစွာသိရာ တရားမှာ မှန်စွာယောခေါ်သည်။

တရားအစု မြတ်ကောင်းမှု မှတ်ရှုယောခေါ်သည်။
တရားကိုချစ် ယောအစစ် အနှစ်ပိုင်ဆိုင်သည်။
ယောသူယောသား ရိုးဖြောင့်ငြား စိတ်ထားဖြူးရမည်။

မှတ်ချက် ။ ။မိမိတို့ဒေသ ယောဆိုသည့်စကားလုံးမှာ ပါဠိစကားလုံးဖြစ်သည်။ ၄င်းပါဠိစကားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဝိဂြိုဟ် ဝစနတ်နှင့်အညီ တိပိဋကယောဆရာတော်မှ ကဗျာသီကုံးထားခြင်းဖြစ်သည်။

(ယော အသင်း ဘလော့ ပေ့ မှ ကူးယူ ဖေါ်ပြပါသည်။)

ယောလူငယ် အဖွဲ့(Online) သို့ ဆက်သွယ်နိုင်သည့် လိပ်စာများ


ရန်ကုန် (ဗဟို)

ကိုသိင်္ခ (ဥက္ကဌ ကြီး) - 09420136144 , 09799606788
ကိုမြင့်ထွန်း - 09799588304
ကိုစန်းအောင် - 095189367
မအိဖြူ - 0973901486
မဇာ - 09421001025 , 09975590766
ယောလူ -09420206121
ဥာဏ်ထက်ရှိုင်း - 09790643493



×××××××××××××××××××××××××××××××××××××××××××××××


နေပြည်တော်

ဒေါ်ခင်ဝင်းရီ - 09250107051
ဒေါ်ကြွယ်ကြွယ်ဝင်း - 09797863844
ကိုအောင်ကျော်ဇံ - 09400304323 , 09250964627

×××××××××××××××××××××××××××××××××××××××××××××××

မန္တလေး

ကိုမင်းသန့် - 0933307627
တာရာ - 09402729862
×××××××××××××××××××××××××××××××××××××××××××××××

မလေးရှား

ကိုထူးနိုင် - +60182926552
ဖိုးသား - +60165424773

×××××××××××××××××××××××××××××××××××××××××××××××

စင်္ကာပူ

ကို နေလင်းအောင် - +6592720622
ကို မိုးလွင် - +6593482071

Thursday, June 25, 2015

ယော ရဲ့ ရင်သွေးငယ်



အဖေ့ပေးတဲ့ သွေးတွေနဲ့မို့ ရဲရင့်လှတယ်။

အမေ့ပေးတဲ့ သွေးတွေနဲ့မို့သိမ်မွေ့ ပီးတော့ နူးညံ့လှတယ်။

အဖေ့ကိုယ်က အမျိုးစစ်သမို့ သွေးသန့်တယ်။

အမေ့ကိုယ်က အမျိုးချစ်သမို့ မွန်မွန်မြတ်မြတ် ရှိလှတယ်။

အဘိုးတို့က ရိုးသမို့ပ အမျိုးလှလို့ ဂုဏ်တင့်တယ်။

အဖွားတို့က ရိုးသမို့ပ သိမ်သိမ်မွေ့မွေ့ သင်ပြတယ်။

ကိုကို ၊ မမ အမျိုးများက `အလေးသား´ ဟု ချစ်စနိုးနဲ့ ခေါ်ကြတယ်။

ကျမတို့ အလှ ရိုးဂုဏ်လေးက ယောသွေးသားမို့ နန်းဆန်တယ်။

အဖော်ပေါင်းများ ကိုယောသားတို့ အမျိုးလေးတော့ စောင့်ကြကွယ်။

(ယောစည်သံ) ပေးပို့သည်။

 

ကမ်းလင့်ကာလေ ကြိုဆိုမည်



 ယောလူငယ်အဖွဲ့အကြောင်း မပြောခင် ကိုယ့်အကြောင်းကို အရင်ရေးရဦးမည်။ ၂၀၀၉ခုနှစ် ဆယ်တန်းအောင်စာရင်းမှာ ကျတော့်နာမည်ပါလာပြီးတဲ့နောက် အင်တာနက်ဆိုတာကို စတင်အသုံးပြုမိတယ်။ စတင်အသုံးပြုတဲ့ အချိန်ကစပြီး အင်တာနက်ပေါ်မှာ ယောသားယောသူ တစ်ယောက်တစ်လေများ တွေ့လေမလားဆိုပြီး ရှာဖွေမိတယ်။ Googleဆိုတဲ့ ရှာဖွေရေးစင်တာကြီးမှာလဲ ယော(Yaw) ဆိုတဲ့စကားလုံးကို အကြိမ်ကြိမ်အဖန်ဖန်ရိုက်ပြီး ရှာဖွေခဲ့တယ်။ ယောနယ်ရဲ့အထင်ကရ သင်္ကေတတွေဖြစ်တဲ့ ပုံတောင်ကိုရိုက်ရှာတယ်၊ ပုံညာကိုရိုက်ရှာတယ် ပေါ်မလာခဲ့ဘူး။ ဗမာကိုးမျိုးထဲမှာပါ ထည့်ရေးကြတဲ့ ယောဆိုတဲ့ စာလုံးတစ်လုံးထက် ပိုမတွေ့ခဲ့ရဘူး။

၂၄.၆.၂၀၁၅ ရက်နေ့ တရားခံမင်းအုပ်စိုး၏ ၂၅ ကြိမ်မြောက်ရုံးချိန်း


၂၄.၆.၂၀၁၅ ရက်နေ့ တရားခံမင်းအုပ်စိုး ၏ ၂၅ ကြိမ်မြောက်ရုံးချိန်းကို ယောလူငယ် အဖွဲ့မှ စိတ်ဝင်စားသူ ၁၀ ဦးခန့် တက်ရောက်လေ့လာ ခဲ့ကြပါတယ်။ရုံးချိန်း အစောပိုင်းတွင် မတေးနုယဉ် နှင့် တရားခံမင်းအုပ်စိုး၏ ယခင်ဆက်ဆံရေးများကို မင်းအုပ်စိုးမှ ဖြေကြားခဲ့ပါတယ်။ ထိုနောက် မတေးနု ၏ လူမှုရေးကိစ္စများကို အစစ်ခံခဲ့ပါတယ်။ လူမှုရေးကိစ္စ တို့မည်သို့ပင်ဖြစ်စေကာမူ အမှုအမိန့်ကို မပြောင်းလဲစေနိုင်ပါ။ သားအဖ ပင်ဖြစ်စေ လူသတ်မှုကျူးလွန်ပါက လူသတ်ပြစ်ဒဏ်ကျခံရမှာပဲလို့ ကျနော်တို့ အဖွဲ့မှ သုံးသပ်မိပါတယ်။

Wednesday, June 17, 2015

တရားခံမင်းအုပ်စိုး ၏ အကြိမ် ၂၄ မြောက်ရုံးချိန်း


ယနေ့။ ၁၇.၆.၂၀၁၅ တွင် တရားခံမင်းအုပ်စိုး ၏ အကြိမ် ၂၄ မြောက် ရုံးချိန်းကို ယောလူငယ်မှ အဖွဲသူ၊ အဖွဲ့သား ၂၀ ခန့်က ကြားနာဝန်းရံခဲ့ကြပါသည်။
သက်သေခံများ ၏ထွက်ဆိုချက်များမှာ ပထမ အကြိမ်ထွက်ဆိုမှုတို့နင့် ကွဲလွဲမှုများကြားတွေ့ရသည်။ ယခင် ထွက်ဆိုချက်များတွင် ကျောက်စားပွဲတွင်ထိုင်၍ အလုပ်လုပ်ခြင်းများ မပါရှိဘဲ ခြံထဲတွင် မတ်တပ်ရပ်စကားပြောသည် ဟုထွက်ဆိုခဲ့ကြပီး အိပ်ခန်းအတွင်း အခင်းဖြစ်ပွားစဉ်က သုံးဦးစလုံး မျက်နှာလွှဲနေသည် ဟုဖြေကြားခဲ့ကြသည်။ ယခုအခါမှ မတေးနုယဉ်နှင့် တရားခံ မင်းအုပ်စိုးတို့ ကျောက်စားပွဲတွင် ထိုင်ကာ အလုပ် လုပ်ပီးမှ ဆုံးမစကားပြောသည် ဟု ထွက်ဆိုရုံမျှမက အခင်းဖြစ်ပွားစဉ်က မတေးနုယဉ်က ထထိုင်ပြီး မင်းအုပ်စိုးက ခုံပုလေးပေါ်တွင်ထိုင်ကာ စကားပြောရင်း လဲကျသွားခြင်းဖြစ်သည် ဟု ထွက်ဆိုထားပြန်ပါသည်။

Tuesday, June 16, 2015

ယောနယ် က လက်စား ဆိုတာ


မြန်မာ့ဝေါဟာရ အရ လက်စားချေတယ်၊တုန့်ပြန်တယ်လို့ ယူဆချင်စရာပါ။စစ်ရေး၊နိုင်ငံရေးနဲ့ တစ်ဦးနဲ့တစ်ဦး အမုန်းပွားကြရာမှာ *လက်စားခြေ တုန့်ပြန်မယ်လို့ ကြိမ်းဝါးတတ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့အမူအကျင့်မဟုတ်ပေမယ့် တစ်ဦးချင်းတွေ၊အဖွဲအစည်းချင်းတွေ နိုင်ငံချင်းတွေရဲ့ ခံယူတုန့်ပြန်ချက် ချင်း တွေကလဲ မတူညီကြပါဘူး။

Sunday, June 14, 2015

ဓါးသွေးကျောက်


ဓါးသွေးကျောက်

ဓားသွေးကျောက်
ငါတို့တောက်ပ ဖို့
နာရီနဲ့အမျှ
ပွတ်တိုက်နေရပါသလား။
သနားလိုက်တာ
မိစ္ဆာအတွေးတွေနဲ့
ဓားသွေးကျောက်လေးရေ
မနာလိုအတွေးနဲ့
ဓားလေးကိုပွတ်တိုက်

မောဟိုက်နေရောပေါ့။
ကျယ်ပြောတဲ့သံသရာမှာ
အကုသိုလ်ရှာတဲ့အလုပ်နဲ့
သိပ်ဟုတ်နေတယ် ထင်ပါသလား။


ခင်ဗျားသွေးတဲ့ ဓားလေးတွေက
ထက်မြနေလိုက်တာ
ခင်ဗျားခမျာတော့
လုံးပါးပါးတော့မှာ
သနားလိုက်တာကွယ်။    ။

ယောသိင်္ခ
( ယောလူငယ်အဖွဲ့အား တိုက်ခိုက်နေသော လက်သီးပုန်းများသို့)

Saturday, June 13, 2015

ယောလူငယ်အဖွဲ့ (Online) မှ အထူးသတိပေးကြေညာချက်

ဆူးတစ်ချောင်းဆိုတာ ဘယ်သူ့ကိုမှ ငြိစူးစေတာ မကောင်းပါဘူး။ ကျနော်တို့ ယောသူ ယောသား တွေဟာ ရှေးဟောင်း သမိုင်းတွေနဲ့ အမျှ အစချီကတည်းက ဘိုးစဉ် ဘောင်ဆက်တွေ အထိ ကျရာအခွန်တွေ ထမ်းဆောင်၊လိုအပ်တဲ့ စစ်ရေးစစ်ရာ တွေမှာလဲ တာဝန်ကျေကျေနဲ့ ထမ်းရွက်ခဲ့ကြတာပါပဲ။ ညံ့ဖျင်းတဲ့လမ်းပန်း ဆက်သွယ်ရေး၊ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေး စနစ်တွေနဲ့ ညံ့ဖျင်းတဲ့ တရားဥပဒေတွေ ကြားမှာ မထင်မရှားနဲ့ အေးအေးချမ်းချမ်း နေထိုင်ခဲ့ ကြတာ ယနေ့အချိန်ထိပါပဲ။

Thursday, June 11, 2015

ပကတိ


အထင် မကြီးပါနဲ့
ယောလူငယ်အဖွဲ့ ဟာ
ယောချစ်စိတ်တစ်ခုသာ
ချမ်းသာပါတယ်။
 

အား


အနောက်တိုင်းယဉ်ကျေးမှုဆိုတဲ့စကား ကျွန်တော်ကြားဖူးစအချိန်က အနောက်တိုင်းဆိုတာနဲ့ ယဉ်ကျေးမှုဆိုတဲ့စကားတွဲသုံးထားတာ မတန်လိုက်တာလို့ အောက်မေ့မိခဲ့ပါသေးသည်။ အနောက်တိုင်းဆိုတာ အရိုင်းနယ်မြေတစ်ခုလို့သာ ကျွန်တော်အသိထဲစွဲနေမိခဲ့လို့ပါ။ တဖြေးဖြေးနဲ့ သူတစ်ပါးပြောစကား အနောက်တိုင်းဆိုတဲ့အကြောင်းကို များများထပ်ကြားလာတဲ့အခါကျမှ " သြော် သူ့ဓလေ့နဲ့သူ အားကျအတုယူစရာ ယဉ်ကျေးမှုတွေရှိပါလား" လို့ သိတတ်လာခဲ့မိပါသည်။

ယောသား တို့စိတ်


ယောသူတစ်ယောက်ဖြစ်လို့ ကိုယ့်ကိုကိုယ်ဂုဏ်ယူတယ် ...မြို ပေါ်မှာ နေတာကြာလာတော့ ကိုယ့်ယောဘက် နဲ့ ကွာခြားတာတွေ အများကြီးရှိတာသိလာတယ် ..
တိုးတတ်မှု တွေ အားနည်းချက်ရှိပေမယ့် ရိုးသားမှုလေးတွေ ရှိတဲ့မျက်နှာ ၊ ဖော်ရွေတဲ့ အပြုံး ၊ လှိုက်လှဲတဲ့  ခင်မင်မှု (ကိုယ့်ဒေသကိုလာ လည်တဲ့ ဘယ်ဧည့်သည်မဆို) ၊ မြို့ စာတွေ လို ခေတ်မမှီပေမယ့် လတ်ဆတ်တဲ့ခြံထွက်သီနှံ စားစရာတွေ (စေတနာတွေနဲ့မို့ ပိုစားကောင်းတယ်) ၊ ခေတ်မှီတဲ့ တိုက်အမြင်ကြီးတွေမရှိပေမယ့်  ကိုယ့်ခြံဝင်းကျယ် အိမ်ကြီးကြီးတွေတွေမှာ စိတ်လွတ် ကိုယ်လွတ် နေရတာ စိတ်ချမ်းသာတယ်။

အခြားလူတွေ ပြောနေကြတဲ့ အောက်လမ်းအတတ်တွေ မွေးကတည်းက ခုချိန်ထိ မတွေ့ ဖူး မကြုံဖူးလို့  သူတို့ ပြော တာ အမှန်ကြောင်း ငြင်းချင်ပေမယ့် အရောက်နည်းနေတဲ့ ကိုယ့်ဒေသကို ရောက်ဖူးသူမှ ယုံကြတာ ရိုးသားကြတယ်ဆိုတာ ။ နောက်ပိုင်း သူတို့ နဲ့ အပြိုင် အငြင်းမပွားလိုတော့ ... ကိုယ့်ဒေသ တိုးတက်ဖို့  ကိုယ်တစ်ပိုင်တစ်နိုင် လုပ်နိုင်ဖို့  ယောသူရိုးသားဂုဏ်ကို ထိန်းဖို့ 
သာ ကြိုးစားတော့မယ်လို့  ....။


ကိုရင် ဒိပ္ပ
(ယောသူတို့ ရွာ Facebook Page မှ ကူးယူဖေါ်ပြပါသည်)

ထိန်းသိမ်းကြပါစို့

ယောနယ်မှာမွေး ယောသွေးတို့ဖြင့်
ရှင်သန်စီးဆင်း ယောသူလေးရေ
အစဉ်အလာအရ မင့်ထိန်းပြမှ
ဤကမ္ဘာ၀ယ် ယောလူမျိုးရယ်
တည်ရှိနေမည် ယောရွှေပြည်.....
ေေ

ယောစကားသံပျောက် တခြားသံရောက်မှ
ခက်ချေ တော့မည် ငါတို့မြေသည်
စရိုက်မတူ လူမျိုးခြားကား
ယောမြေကိုမျို ယောရေကိုသောက်လို့
ယောသမိုင်းကိုဖျောက်ကာ
သူ့အကျိုးစီးပွား ယောလူမျိုးအား
ကစားမည့်အရေး ငါတို့အရိုးအား
စည်းရိုးထိုး၍ ကာသင့်ကာမည်
ငါတို့လူမျိုး အမြဲစည်းရုံးပါမှ

ယောရဲ့ရှေ့ရေး
ရင်အေးရမည် ယောရွှေပြည်....


နောင်လာနောက်သား ယောနယ်ဖွားများ
ရိုးရာအမွေ ထိန်းသိမ်းလျှင်

ယောလူမျိုးရယ် ဤကမ္ဘာ၀ယ်
ကမ္ဘာတည်သရွေ့ ယောတည်ရမည်
ထိန်းသိမ်းကြမည် ယောရွှေပြည်......                               


ဦးနေကို(ယော)

(ယောသူတို့ ရွာ Facebook page မှ ကူယူတင်ပြပါသည်)

Wednesday, June 10, 2015

မင်းအုပ်စိုးကို စွဲချက်တင်ပြီ၊ အမြင့်ဆုံးပြစ်ဒဏ် ဘယ်လောက်ခံရမလဲ


သရပါမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ မတေးနုယဉ်ကို သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ရုပ်ရှင်မင်းသား မင်းအုပ်စိုးကို ရာဇဝတ်မှုပုဒ်မ ၃ဝ၂ (၂)နဲ့ ဇွန်လ ၁ဝရက်နေ့က ပထမဆုံး စွဲချက်တင်လိုက်ပါတယ်။

ယောလူငယ် အဖွဲ့(Online) ဗဟိုအဖွဲ့ ၏ ဖွဲ့စည်းပုံ




အသင်း ၏ လုပ်ငန်းစီမံချက် နှင့်စည်းကမ်းများ   

နိဒါန်း
          Online မှ ယော လူငယ်များအချင်းချင်း ယောဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်များ၊ အခက်အခဲများကို မိမိတို့တတ်စွမ်းနိုင်သည့်ဘက်မှ ကူညီပေးကြရန် တိုင်ပင်ဆွေးနွေးကြရာမှ စတင်ဖွဲစည်း ဖြစ်ခဲ့ခြင်းဖြစ်သည်။

မင်းအုပ်စိုးကို လူသတ်မှုဖြင့်စွဲချက်တင်


လူသတ်မှုဖြင့် တရားစွဲဆိုခံထားသော သရုပ်ဆောင်မင်းအုပ်စိုးကို ဗဟန်းမြို့နယ်တရားသူကြီးက လူသတ်မှုဖြင့် စွဲချက်တင်လိုက်ပြီ ဖြစ်သည်။ 
ယနေ့ (ဇွန် ၁၀ ရက်) ရုံးချိန်းတွင် စွဲချက်တင်သည့်အမိန့်ကို တရားသူကြီးက ဖတ်ပြပြီးနောက် မင်းအုပ်စိုးအား အပြစ်ရှိ၊ မရှိ မေးမြန်းရာ ၄င်းက အပြစ်မရှိကြောင်း ရုံးတော်ကို ထွက်ဆိုသွားသည်။

Sunday, June 7, 2015

၇.၆.၂၀၁၅ ယောလူငယ်(Online)အဖွဲ့ ( မန္တလေး )လှုပ်ရှားမှု


၂၀၁၅ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ မနက် ၉ နာရီမှာ ယောလူငယ်(Online)အဖွဲ့(မန္တလေး)ရဲ့ ဒုတိယအကြိမ် တွေ့ဆုံပွဲကို ပေါင်းလဲဘုရားအရှေ့ဖက် ဓမ္မာရုံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်..။
ယင်း တွေ့ဆုံဆွေးနွေးပွဲသို့ ဆရာတော်သံဃာတော် (၂)ပါး နှင့် မန္တလေးရောက်ယောသူယောသား ၁၅ ယောက်ခန့်တက်ရောက်ခဲ့ကြပါတယ်..။ ယောလူငယ်(Online)အဖွဲ့( မန္တလေး)မှ နာယက အဖြစ် အရှင်ခေမာစာရမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယောလူငယ်(Online)အဖွဲ့ ဖွဲ့စည်းဖြစ်ခဲ့ပုံ နှင့် ရည်ရွယ်ချက်အကျဉ်းတို့ကို ပဏာမ ပြောကြားခဲ့ပါတယ်..။

ယောလူငယ် ဗဟိုအဖွဲ့ ဒုတိယ အကြိမ်တွေဆုံမှုမှတ်တမ်း (7.6.2015)


၇.၆.၂၀၁၅။ယောလူငယ် ဗဟိုအဖွဲ့(ရန်ကုန်)။

၂၀၁၅ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နေ့လည် ၁၂ နာရီမှာ ယောလူငယ်ဗဟိုအဖွဲ့(ရန်ကုန်)ရဲ့ ဒုတိယ အကြိမ်မြောက်တွေ့ဆုံပွဲကို စွယ်တော်ဘုရားဝန်းအတွင်းရှိ ယောအသင်းဓမ္မာရုံတွင် ကျင်းပပြုလုပ် ခဲ့ပါတယ်..။ ၎င်းတွေ့ဆုံပွဲမှာ ဆရာတော်/သံဃာတော်များ၊ ယောအသင်းတိုက် ဥက္ကဌ ဦးအေးမောင်၊ ယောလူငယ်အဖွဲ့(Online)မှ ခေါင်းဆောင်ပိုင်းများနှင့် တက်ကြွလူငယ် ၄၅ ယောက်ခန့် တက်ရောက် ခဲ့ကြပါတယ်..။

Monday, June 1, 2015

နေပြည်တော် ယောလူငယ် ဒုတိယအကြိမ် တွေ့ဆုံပွဲအမှတ်တရ


"ကိုအောင်ကျော်ဇံရေ ကျမ သင်တန်းသားရောက်နေလို့ နာရီဝက်လောက် နောက်ကျမှာမို့ အကျီ င်္လေးတွေ ယူသွားပီး လူထိန်းထားနှင့်ပါအုံး" ဆိုတော့ "ဟုတ်ကဲ့" ဆိုပြီး ချက်ချင်း ရောက်လာ အကျီ င်္ ထုတ်တွေ ယူသွားပေး ....

မန္တ​လေး ​ယောလူငယ်​ အဖွဲ့ ဖြစ်​တည်​​ရေး ​ကြေညာချက်

မန်းရောက်
ယောလူငယ်တို့  နိုးထလာချေပြီ........
၂၅/၅/၂၀၁၅ နေ့က အကြိုတွေ့ဆုံပြီးနောက်
ခုအကြိမ် အခြားမြို့များကဲ့သို့ ​အောင်မြင်စွာ ဖွဲ့စည်းနိုင်ရန့်
၇/၆/၂၀၁၅ နေ့ နံနက် ( ၉)နာရီ အချိန်
ရွှေသာလျောင်း ဘုရား အရှေ့ဖက် ဓမ္မာရုံ