Menu

Thursday, September 14, 2017

ကန် ရဲ့ ကံ

`ကန်´တဲ့လားကွယ်
ငယ်ငယ်ကသင်ခဲ့ရ
`မြကန်သာ´ကဗျာလေးက
(တောင်ကျချောင်းတေး
ရေဝင်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
ကြာပေါင်းစုံစုံ
နံ့မျိုးထုံသည်
ဘုံဝတိံသာ
နန္ဒာပေလော
တူစွဟုတ္တာ။) တဲ့လေ။
  ပထမဆုံးကဗျာ
ကန်ဆိုတာနဲ့ အညီ
တည်ငြိမ်ချမ်းမြ
ပရဟိတစိတ်
ယောဟိတ်ယောဟန်
ဝေလျှံဖြိုးတင့်
လွန်မြင့်မြတ်စွာ
ဖြူစွာမနော နဲ့
ယောရဲ့ သင်္ကေတ
ယောရဲ့ရွာလေးရယ်လေ။
  အဲ့ဒီ့ရွာလေးမှာ
ယောရွာယောရပ်
ဖြောင့်မတ်တည်ကာ
ယောရွာအရေး
ကူဖေးထမ်းရန်
ဇွဲစိတ်သန်စွာ
သံဃာတော်မြတ်
ရွာရပ်လူထုတွေဟာ
ဝေဖြာတဲ့
စေတနာတွေနဲ့
`ယောလူငယ်အဖွဲ့´ ဆိုတာ
ဖြစ်တည်လာခဲ့ပါပြီ။
  `ကန်´ ရဲ့ ပရဟိတနဲ့
ဒေသရဲ့ `ကံ´ကြမ္မာ
ပိုကောင်းလာမဲ့အရေး
တွေးတွေးပြီးမျှော်လင့်
လန်းစွင့်တဲ့စေတနာတွေ
ဝေဖြာဖြိုးလျှံ
ကန် ရဲ့ ကံတွေ
မြင့်လာနေပြီ ထင်ပါရဲ့။ ။

  (ယောလူငယ်အဖွဲ့ (ကန်ဒေသ) အား ဦးညွှတ်လျှက်)
              photo>>Credit to Uploader
                                    ချစ်ခင်စွာဖြင့်
                                                ယောသိင်္ခ


Save the MYITTHAR

 ချစ်စွာသော မြစ်သာ…
အသင် တာဝန်ကျေခဲ့ပါတယ်။
 သင်ပေးနေတဲ့
ရေဝေတောတွေက
သစ်အစ ဝါးအဆုံး
ငါတို့အသုံးပြုကာ
နေစရာ ဆောက်ရပါတယ်။
  သင်ပေးတဲ့ နုန်းတင်မြေနု
ငါတို့အသုံးပြုကာ
စားစရာ စိုက်ပျိုး
ခွန်အားတွေ တိုးရပါတယ်။
   သင်ပေးတဲ့မြေဆီလွှာမှာ
ထွန်ယက်ကာစိုက်ပျိုး
ယောမျိုးယောနွယ်
ယောထည်ဆိုတာဖန်တီး
ငါတို့ ဂုဏ်သတင်းကြီးဖူးပါတယ်။
    မြစ်သာ မြစ်သာ
အပြစ်အနာမရှိ
ပကတိသန့်စင်
ယောဝိညာဉ်
ယောသခင်
ယောရဲ့ကျေးဇူးရှင်လေ။
 ဒါပေမယ့်လေ
ဝဋ်ကြွေးတွေ ဆိုရမလား
မဟားဒယားလောဘနဲ့
ယောဒေသရဲ့သခင်
ယောအရှင်ကိုမှ
ဂုတ်ခွလည်ညှစ်
'တမံ 'ဆိုတာဖြစ်လာခဲ့ပါပြီ။
 မှားနေမှန်းသိလျှက်
တွန်းဖျက်ချေကာ
ယောရွာ ယောသွေး
သင့်ရဲ့ ကျေးဇူးခံ
ငါတို့ မတွန်းလှန်နိုင်ခဲ့တာ
ငါတို့မှာ တာဝန်ရှိပါတယ်။
    မြစ်သာ… မြစ်သာ
ခုခါမှာတော့
ပေါ့လျော့ခဲ့တဲ့အရေး
ကိုယ့်သွေးကိုယ်ပြန်သောက်ရသလို
တာဝန်မဲ့စွာ
သင့်ကို မကာကွယ်နိုင်ခဲ့တာ
ငါတို့မှာအပြစ်ရှိပါတယ်။
      မြစ်သာ… မြစ်သာ
ခွင့်လွှတ်ပါလို့
ငါတို့ မတောင်းဆိုရဲပါကွယ်။
   အရှင့်ရဲ့ ဒေါသတစ်ချက်ဟာ
ပြင်သာရွာ အတွက်
မျက်ရည်စက်လက်နဲ့
ခရီးဆက်နေရပါပြီ။
 နောက်တခါမှာများ
အသင် ဒေါသပွါးခဲ့ရင်
ညင်သာသက်ညှာ
ဂရုဏာလေး ထည့်ကာ
ပြစ်ဒဏ်လေး လျှော့ပေးပါလားအရှင်။ ။

                              ယောသိင်္ခ

သည်ချိန်ဆီခါ တို့ယောရွာ

သည်ချိန်ဆီခါ
တို့ယောရွာမှာ
ဝေဖြာဆီးနှင်း ကျရော့မည်။
သည်ချိန်ဆီခါ
တို့ယာတခို
ဆောင်းကြိုမြေပဲ ကြဲတော့မည်။
သည်ချိန်ဆီခါ
လယ်ယာတခွင်
ကောက်ပင်ညိုမြ
လေခ တိုင်းတိမ်း
ယိမ်းအကဖြင့် လှရော့မည်။
သည်ချိန်ဆီခါ
ဘာသာဓလေ့
ဥပုသ်နေ့စဉ်
ဆွမ်းသင်ပုတ်ဝတ်
ပန်းကပ်ရေချမ်း
ဒါနပန်းတို့ လန်းလန်းစွင့်စွာရှိတော့မည်။
သည်ချိန်ဆီခါ
လ ဝါကင်းလွတ်
သီတင်းကျွတ်တွက်
မုန့်ညက် မုန့်နီ
ချိန်ခါမီကောင်း
မောင်းထောင်းသံတို့ ညံညံမစဲရှိတော့မည်။
သည်ချိန်ဆီခါ
တို့ယာတလွှား
သခွါးမှည့်ပုံ
ဖရုံခင်းထဲ
ခဝဲလည်းပါ
ပြောင်းဖူးပါခူး
ကြည်နူးရွှင်ပြ ပျော်ကြရော့မည်။
သည်ချိန်ဆီခါ
ယောရွာတဝှမ်း
ညချမ်းအေးအေး
ဓမ္မတေးသံ
သောသောညံလျက် ရှိရော့မည်။
သည်ချိန်ဆီခါ
သည်ချိန်ခါလေ
မိုး နွေ ချိန်ခါ
ဆောင်းပါမကျန်
ယောလွမ်းဒဏ်ရိပ်
တဖိတ်ဖိတ်ဖြင့်
စိတ်ကူးထဲမှာ
အခါခါပင်
ယောရွာပြန်ပြန် ပြေးမိသည်။ ။
                                 ယောသိင်္ခ
Photo>>Credit to Uploader


Friday, September 8, 2017

9/2017 အတွက် ယောလူငယ်ရဲ့ ပညာဒါန

ယောလူငယ် အဖွဲ့ မှ လစဉ် ပညာရေးထောက်ပံ့ကြေးအလှူ ငွေများကို 5-9-2017 ရက်နေ့  နံနက်ပိုင်းတွင် ကျောင်းသားများ၏ MPU card များသို့ လွှဲပေးပြီးဖြစ်ပါသည်။
လစဉ် ပညာရေးထောက်ပံ့မှု အဖြစ် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော ဆောမြို့ နယ် ခင်ပြင်ရွာမှ ကျောင်းသားလေးအား စက်တင်ဘာလအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ၈၀,၀၀၀/- ကျပ် ကို လည်းကောင်း။ မကွေးတိုင်း ထီးလင်းမြို့ နယ် အိုင်းမ ကျေးရွာမှ ကျောင်းသူလေးအား စက်တင်ဘာလအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ၅၀,၀၀၀/- ကျပ် ကို လည်းကောင်း ယနေ့  နံနက်တွင် သက်ဆိုင်ရာ MPU Card များထဲသို့  လွှဲပြောင်း ထည့်သွင်းပေးပြီးပါပြီရှင့်။
ယောနယ်အတွင်းရှိ ထူးချွှန်ပြီး ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသူ ကျောင်းသူကျောင်းသားများအား ကူညီပံ့ပိုးပေးနိုင်ရန် ယောလူငယ်အဖွဲ့ဝင်များမှ ပညာရေးအလှူ ငွေများ ထည့်ဝင်ကြသလို အလှူ ခံပုံးများလည်း ထားရှိကောက်ခံလျက် ရှိပါသည်။

ယောနယ်လေးရဲ့ အနာဂတ် အဖူးအပွင့်လေးတွေ လှပစေဖို့  တတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးကြသူများ ပညာရေးရန်ပုံငွေ ထည့်ဝင်လှူ ဒါန်းကြသူများ အားလုံးကို ယောလူငယ်အဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ပါတယ်ရှင့် ။
ယောလူငယ်အဖွဲ့နှင့်ပူးပေါင်းကာ အတူတူကုသိုလ် ပြု ကြပါသော ပညာပါရမီဖြည့်ဖော် အလှူ ရှင်များနှင့် ယောလူငယ်အဖွဲ့သားများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြ ပါစေရန် တင်ပြပေးလိုက် ပါတယ်ရှင့်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်( Online)


3-9-2017 ယောလူငယ်(Online) ရန်ကုန်၏ လစဉ်အစည်းအဝေးကျင်းပပြီးစီးခြင်း

ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို 3-9-2017 ရက်နေ့ နေ့လည် 1:00 နာရီအချိန်တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီဝင်းအတွင်းရှိ သတ္တာဒေဝမနုဿာနံ ဓမ္မာရုံကြီးတွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
ယောလူငယ်အဖွဲ့ ၏ လုပ်ငန်းစဉ်များ နှင့် ရန်ပုံငွေရှာဖွေရေး ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ယောနယ်ဒေသ အကြောင်းစာတမ်းပြုစု၍ Phd ဘွဲ့ယူရန် ပြင်ဆင်လေ့လောနေသော ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်မှ မြန်မာဘာသာရပ် အထူးပြု ကျောင်းသူ Misato SHIMIZU ကလည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်ကာ ဗဟိုယောလူငယ်အဖွဲ့ဝင်များနှင့် ယောဒေသအကြောင်းအရာများအား ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။
ထို့ နောက် ကိုဆွေလင်းအောင်@ဆွေလင်း+မမြင့်မြင့်သူ| သား-မောင်အောင်ကောင်းပြည့် | လမ်းမတော်မြို့နယ်မှ လှူ ဒါန်းသော အလှူ ငွေကို ယောလူငယ်ဗဟိုဥက္ကဌမှတဆင့်ရန်ပုံငွေရှာဖွေရေးကော်မတီဥက္ကဌ သို့ ပေးအပ်ခြင်း | ဘဏ္ဍာရေး စာရင်းများရှင်းလင်းခြင်း | ရန်ပုံငွေရှာဖွေရေးကော်မတီ ဥက္ကဌမှ ဘဏ္ဍာရေးတာဝန်ခံထံ ငွေကြေးနှင့် စာရင်းရှင်းတမ်းများ ပေးအပ်ခြင်းများ ပြု လုပ်ခဲ့ပါသည်။
ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်ပေးကြသော ယောလူငယ်အဖွဲ့ဝင်များသည် မျှစ်စူးထိုးချက်| ကြောင်လျှာသီးကြော်| ဟင်းခွတ်ပွင့်သုပ်| မုန်ညင်းချဉ်သုပ်| ကျောက်ဖရုံသီးဝက်သားချက်| မန်ကျည်းသီးထောင်း| ခစော့သီးငပိချက်| ငှက်ပျောဖူး ဆူးပုပ်ချက်| သခွါးချဉ်သီးသုပ်|ကြက်စေ့သီး ကြက်သားစပ်သီးချက်တို့ နှင့် အခြားယောအစားစာများအား စုပေါင်းဝိုင်းဖွဲ့စားသောက်ကာ ဆွေးနွေးပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
တွေ့ဆုံပွဲအပြီးတွင် ယောလူငယ်ဗဟိုဥက္ကဌ မှ စာမူခရသည့် အထိမ်းအမှတ်အဖြစ် အအေးနှင့် အစားအသောက်များကို ဧည့်ခံကျွေးမွေးခဲ့ပါသည်။

ပြန်ကြားရေးအဖွဲ့
ယောလူငယ်


ယောလူငယ် (မန္တလေး) အဖွဲ့၏ တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲအောင်မြင်စွာပြီးစီးခြင်း

၁၃၇၉ - ခု ၊ ဝါခေါင်လဆုတ် ၁၃ ရက် ၊ (၂၀ - ၈ - ၂၀၁၇ )တနင်္ဂနွေနေ့ တွင် မန္တလေးမြို့ ၊ မြတောင်ကျောင်းတိုက် - ရတနာ့ရံသီယောကျောင်း တွင် ယောလူငယ်အဖွဲ့သူ/သားများ၏ တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ပွဲကို ကျင်းပခဲ့ကြပါတယ်။
သံဃာတော် အရှင်သူမြတ် အပေါင်းတို့အား ဆက်ကပ်ရန် ဆွမ်းဘောဇဉ်| သစ်သီးအချို ပွဲများနှင့် ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးရန် ယောဟင်းလျာများကို ယောလူငယ်အဖွဲ့သားများ ကိုယ်တိုင် ချက်ပြုတ် ပြင်ဆင် ခဲ့ကြပါသည် ။
ဆရာတော်ကြီးမှ တရားချီးမြှင့်ရာတွင် ယောလူငယ်အဖွဲ့သားများ ပရဟိတစိတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာလုပ်ဆောင်ကြခြင်းအပေါ် ချီးကျူးမိန့် ကြားပြီး နောက်နောင်တွင်လည်း လုပ်ဆောင်ကြမည့် လုပ်ငန်းများတွင်
ပရဟိတစိတ်အပြည့်ဖြင့် သည်းခံကြကာ စည်းစည်းလုံးလုံး နဲ့လုပ်ဆောင်သွားကြဖို့ သြဝါဒစကားများ မိန့် ကြားခဲ့ပါတယ်။
ဝါဆိုသင်္ကန်း ဆပ်ကပ်လှူ ဒါန်းပွဲ အပြီးတွင် ဆက်လက်၍ မန္တလေး ယောလူငယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပပြု လုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွင် ရန်ပုံငွေရှာဖွေရေးနှင့် အလှူ ခံ ပုံးများ ထားရှိရေးကို အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပြီး ငွေစာရင်းရှင်းတမ်းများကိုလည်း ပြု လုပ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲ အပြီးတွင် ပန်းကန်ခွက်ယောက်များ ဆေးကြော၍ ပြန်လည် သိမ်းဆည်းကြကာ ယောလူငယ်အဖွဲ့ (မန္တလေး) ၏ အလှူ ပွဲနှင့် တွေ့ ဆုံ ဆွေးနွေးပွဲကို ကြည်နူး ပျော်ရွှင်စွာဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ယနေ့ ပြု ကြသော မန်းယောလူငယ်အဖွဲ့၏ ကုသိုလ်ကောင်းမှု အစုစုတို့ ကို သာဓု ခေါ်ဆိုနိုင်ကြပါရန် အမျှ ပေးဝေလိုက်ပါတယ် ခင်များ . .


ယောလူငယ်
( ပြန်ကြားရေး )


စွမ်းသမျှထမ်းနေကြတဲ့ ယောလူငယ်တွေ

14-8-2017 နေ့ |နေ့ လည်တွင် ယောလူငယ် အဖွဲ့ နှင့် ယောသူယောသား မိတ်ဆွေ စေတနာရှင်များ စုပေါင်း၍ ယောနယ်ဇာတိဖွား ဦးပဉ္ဇင်း ဥူးစန္ဒာသီရိ (သီတဂူဗုဒ္ဓတက္ကသိုလ်) အား နဝကမ္မအလှူ အဖြစ် အလှူ ငွေ - ၂၂၂,၀၀၀/ ( နှစ်သိန်းနှစ်သောင်း နှစ်ထောင်ကျပ်တိတိ ) ကို ယောလူငယ် (ဗဟို) မှ အဖွဲ့ဝင်များ သွားရောက်လှူ ဒါန်းဖြစ်ခဲ့ပါတယ်။
သီတဂူဗုဒ္ဓတက္ကသိုလ် တွင် ပညာသင်ယူနေသော ယောနယ်ဖွား ဦးပဉ္ဇင်း ဥူးစန္ဒာသီရိ အား ပညာသင်ရာတွင် အထောက်အပံ့ ဖြစ်စေခြင်းငှါ ယောသူယောသား ယောအမျိုးများက တတ်စွမ်းသမျှ နဝကမ္မ အလှူ အဖြစ် လှူ ဒါန်းခြင်းဖြစ်ပါတယ်။
ဆရာတော် ပညာသင်ကြားရာတွင် အစစအရာရာ အဆင်ပြေချောမွေ့စွာဖြင့် ထူးချွှန်စွာ အောင်မြင်ပါစေ ။ယောနယ်ဒေသ ဂုဏ်သတင်းကို မွှေးပျံ့စေနိုင်သူ ယောဂုဏ်ကို ဆောင်နိုင်သူ ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ် ဘုရား။
သဒ္ဒါတတ်အား နည်းများမဆို ယောလူငယ်အဖွဲ့နှင့် အတူဝိုင်းဝန်း လှူ ဒါန်းပေးကြပါသော အလှူ ရှင်များကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။ ယနေ့ ပြု လုပ်အပ်သော ကောင်းမှု ကုသိုလ်အား ဝမ်းမြောက်စွာဖြင့်
သာဓု ခေါ်ဆိုနိုင်ပါရန် နှင့် ယောနယ်ကောင်းကျိုး တတ်စွမ်းသမျှ ဆက်လက်သယ်ပိုးကြပါစို့ . . .

ပြန်ကြားရေး
ယောလူငယ်(Online)


11-8-2017 ဆောဒေသ ယောလူငယ်အဖွဲ့တွေ့ဆုံပွဲ ကျင်းပပြီးစီးခြင်း

ဆောဒေသအခြေခံ ယောလူငယ်အဖွဲ့တွေ့ဆုံပွဲကို 11-8-2017 ရက်နေ့ နေ့လည်2:00နာရီအချိန်တွင်မင်းလယ်ကျေးရွာ သာသနာမာမကတိုက်ကျောင်း ဓမ္မာရုံ၌ ကျင်းပပြု လုပ်ခဲ့ကြပါသည်။
နာယကဆရာတော် ဦးဇောတိကမှ ဦးစွာပဏာမ သြဝါဒစကား မိန့်ကြားခဲ့ပါသည်။
ဆောဒေသယောလူငယ်ဥက္ကဌ ကိုခင်ဇော်လွင်မှ အဖွဲ့လှုပ်ရှားမှုနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက်အဖွဲ့ဝင် ဦးလှအောင်မှ ယောလူငယ်အဖွဲ့အပေါ်ထင်မြင်ချက်များ ပြောဆိုဆွေးနွေးပေးခဲ့ပါသည်။
ဆောယောလူငယ်အဖွဲ့မှကိုသန်းဇော်ဦးမှ ယောလူငယ်အဖွဲ့၏ စည်းမျ ဉ်းစည်းကမ်းများ/လှုပ်ရှားမှုများနှင့်ငွေစာရင်း များကိုရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
၎င်းနောက် မင်းလယ်ရွာသာသနာ့မာမက တိုက်ကျောင်းသို့ လျှပ်စစ်မီးအတွက်အလှူ ငွေများ လှူ ဒါန်းခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာသူများမှ အချင်းချင်းဆွေးနွေးတိုင်ပင်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ ညနေ 4:00 နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာပြီးစီးခဲ့ပါသည်။

ပြန်ကြားရေး
ယောလူငယ်အဖွဲ့
ဆောဒေသ

6-8-2017 ယောလူငယ်(Online) ရန်ကုန်၏ လစဉ်အစည်းအဝေးကျင်းပပြီးစီးခြင်း

ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို 6-8-2017 ရက်နေ့ နေ့လည် 1:00 နာရီအချိန်တွင် မဟာသာသနာ့ဝေပုလ္လကျောင်းတိုက်|ကာယ(၉)လမ်း| ကာယရပ်ကွက်| ပုလဲမြို့သစ်| မင်္ဂလာဒုံမြို့နယ် တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
ယောလူငယ်အဖွဲ့ မှတ်ပုံတင်ကိစ္စ နှင့် ရှေ့လျောက် လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း။
အဖွဲ့ ရန်ပုံငွေ တိုးတက်ရရှိရေးအတွက် နည်းလမ်းများကို ဆွေးနွေး တိုင်ပင်ကြခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
နောင်နှစ်တွင် ယောလူငယ်အဖွဲ့ အနေဖြင့် အလှူ ရှင်များနှင့် စုပေါင်းကာ မဟာသာသနာ့ဝေပုလ္လယောကျောင်းတွင် ဝါဆိုသင်္ကန်းကပ်အလှူ ကို လုပ်ဆောင်ကြဖို့  ဆွေးနွေး ညှိနှိုင်း တိုင်ပင်ခဲ့ကြပါသည်။
ဆွေးနွေးပွဲအပြီးတွင် မဟာသာသနာ့ဝေပုလ္လယောကျောင်းတိုက် ဆရာတော် ဥူးနိမ္မလသီရိ မှ သြဝါဒစကားများ မိန့် ကြားပြီး ယောလူငယ်ရန်ပုံငွေအတွက် အလှူ ငွေကျပ် တစ်သိန်းတိတိကို လှူ ဒါန်းခဲ့ပါတယ်။
ဒီနေ့ တွေ့ဆုံပွဲသို့ တက်ရောက်ပေးကြသော ယောလူငယ်အဖွဲ့ဝင်များနှင့် မဟာသာသနာဝေပုလ္လကျောင်းမှ ဆရာတော်များ တပည့်ဒါယကာ များကို အထူးကျေးဇူးတင်ပါတယ်ရှင့်။

ယခုလအတွက် ယောလူငယ်အဖွဲ့ စာရင်းရှင်းတမ်း
==============================
# စာရင်းဖွင့်လက်ကျန် (6,000/)
*အလှူ ခံရရှိငွေများ 166,000/
* လစဉ်ကြေး ရငွေ 63,000/
*ဥူးနိမ္မလသီရိ လှူ ငွေ 100,000/
# ပညာသင်ထောက်ပံ့ကြေးလှူ (30,000/)
(BEd ကျောင်းသားများ)
# ဝါဆိုသင်္ကန်း (30,000/)
(သာသနာဝေပုလ္လယောကျောင်း)
# အထွေထွေ ကုန်ကျစရိတ် (7,000/)
* စာရင်းပိတ်လက်ကျန် 256,000/
အသေးစိပ်စာရင်းများကို သိရှိလိုလျှင် ယောလူငယ်ဘဏ္ဍာရေး တာဝန်ခံထံတွင်မေးမြန်းနိုင်ပါသည်။
----------------------------------------------------------

ပြန်ကြားရေးအဖွဲ့
ယောလူငယ်

8/2017 အတွက် ယောလူငယ်ရဲ့ ပညာဒါန

ယောလူငယ် အဖွဲ့ မှ လစဉ် ပညာရေးထောက်ပံ့ကြေးအလှူ ငွေများကို 1-8-2017 ရက်နေ့  နံနက်ပိုင်းတွင် ကျောင်းသားများ၏ MPU card များသို့ လွှဲပေးပြီးဖြစ်ပါသည်။
လစဉ် ပညာရေးထောက်ပံ့မှု အဖြစ် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော ဆောမြို့ နယ် ခင်ပြင်ရွာမှ ကျောင်းသားလေးအား သြဂုတ်လအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ၈၀,၀၀၀/- ကျပ် ကို လည်းကောင်း။ မကွေးတိုင်း ထီးလင်းမြို့ နယ် အိုင်းမ ကျေးရွာမှ ကျောင်းသူလေးအား သြဂုတ်လအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ၅၀,၀၀၀/- ကျပ် ကို လည်းကောင်း ယနေ့  နံနက်တွင် သက်ဆိုင်ရာ MPU Card များထဲသို့  လွှဲပြောင်း ထည့်သွင်းပေးပြီးပါပြီရှင့်။
ယောနယ်အတွင်းရှိ ထူးချွှန်ပြီး ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသူ ကျောင်းသူကျောင်းသားများအား ကူညီပံ့ပိုးပေးနိုင်ရန် ယောလူငယ်အဖွဲ့ဝင်များမှ ပညာရေးအလှူ ငွေများ ထည့်ဝင်ကြသလို အလှူ ခံပုံးများလည်း ထားရှိကောက်ခံကြပါသည်။
လက်ရှိအားဖြင့် ရန်ကင်းစင်တာတွင် အလှူခံပုံးထားရှိကောက်ခံရာ စတုတ္ထ အကြိမ်အဖြစ် အလှူ ခံရရှိငွေ ၂၆၀,၀၀၀/ ကို ပညာရေးရန်ပုံငွေစာရင်းသို့  ထည့်သွင်းပြီးခဲ့ပါပြီ။
ယောနယ်လေးရဲ့ အနာဂတ် အဖူးအပွင့်လေးတွေ လှပစေဖို့  တတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးကြသူများ ပညာရေးရန်ပုံငွေ ထည့်ဝင်လှူ ဒါန်းကြသူများ အားလုံးကို ယောလူငယ်အဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ပါတယ်ရှင့် ။
ယောလူငယ်အဖွဲ့နှင့်ပူးပေါင်းကာ အတူတူကုသိုလ် ပြု ကြပါသော ပညာပါရမီဖြည့်ဖော် အလှူ ရှင်များနှင့် ယောလူငယ်အဖွဲ့သားများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြ ပါစေရန် တင်ပြပေးလိုက် ပါတယ်ရှင့်။

ပြန်ကြားရေးအဖွဲ့
ယောလူငယ်( Online)


၃၀- ၇ -၂၀၁၇ ဝေယျာဝစ္စ ဒါနကုသိုလ်

၃၀- ၇ -၂၀၁၇ (တနင်္ဂနွေ)နေ့ တွင် ယောနယ်အသင်း(ရန်ကုန်)မှ ကြီးမှူး၍ ယောအသင်းဓမ္မာရုံတွင် ကျင်းပသည့် ဝါဆိုသင်္ကန်းကပ်လှူ ပွဲကို ကျင်းပခဲ့ပါသည်။
အဆိုပါပွဲတွင် ယောနယ်ဇာတိဖွား ပင့်သံဃာ အပါး ၆၀ ခန့် ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး ရန်ကုန်ယောလူငယ်အဖွဲ့ ဝင်များအနေဖြင့် ယောအသင်းဓမ္မာရုံသို့ လှူ ဒါန်းထားသော စားပွဲခုံ ၁၄လုံး+ ထိုင်ခုံ ၄၂ လုံး နှင့် သင်္ဃန်းအလှူ ငွေ ၃၅၀,၀၀၀/(သုံးသိန်းငါးသောင်းကျပ်) ကို အတူပါဝင် ရေစက်ချ လှူ ဒါန်းခဲ့ကြပါတယ်ရှင့်။
ထို့ အပြင် ယောလူငယ်အဖွဲ့ဝင်များနှင့် ယောသူယောသား လူငယ်များ တက်ညီလက်ညီဖြင့် ဝေယျာဝစ္စလုပ်အားကုသိုလ်များလည်း ပေးလှူခဲ့ကြပါတယ်။
ယောလူငယ်ရန်ပုံငွေနှင့် ပညာရေးရန်ပုံငွေများပေးလှူ ခဲ့ကြပါသော ယောနွယ်ဝင်အမျိုးများနှင့် ယောလူငယ်ရန်ပုံငွေရှာဖွေရေးအတွက် အားပေးကြပါသော ယောမြေချစ်မိတ်ဆွေသင်္ဂဟများကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ယောလူငယ်အဖွဲ့ကို အားပေးချီးမြှောက်ပေးပါသော ယောအသင်းကြီးကို လည်း ကျေးဇူးအထူးတင်လျက်ပါရှင့်. . .
ဝေယျာဝစ္စကုသိုလ် အတူတူပြု ပေးကြပါသော ရပ်နီး ရပ်ဝေး ယောလူငယ်အဖွဲ့သားအားလုံးကိုလည်း ကျေးဇူး အထူးတင်စွာဖြင့်. . .

ယောလူငယ်ပြန်ကြားရေး




စကာင်္ပူရောက် ယောလူငယ်များသို့

ဝးမြေရပ်ခြား
ရောက်နေငြားလည်း
ရင်ထဲခိုင်မတ်
ယောစိတ်ဓါတ်သည်
တည်ကြည်ခိုင်မာ
ယောရွာအရေး
ကူဖေးထူ မ
စွမ်းသမျှကို
ထမ်းလိုကြသည့်
ယော၏ရင်သွေး
လူငယ်လေးများ
လေးစားပီတိ
မြဲဖြစ်မိသည်
ရွှေပြည်ယောစစ်
ရောင်နီသစ်သို့ ။ ။
ချစ်ခင်စွာဖြင့်
ပြန်ကြားရေး
ယောလူငယ်အဖွဲ့



ယောလူငယ်(Online) မန္တလေးလစဉ်အစည်းအဝေးကျင်းပပြီးစီးခြင်း

  မန်း ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို (16-7-2017) ရက်နေ့ မနက် 9:00 နာရီအချိန်တွင်
33 * 84 -85 ကြား ယောလူငယ် မန္တလေး ဘဏ္ဍာရေး မှူး ကိုတွတ်ပီ ၏ တွတ်ပီ ဒုတ်ထိုး ဆိုင်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
ဝါဆိုသင်္ကန်း ကပ်လှူပူဇော် ရန် တိုင်ပင်ဆွေးနွေးခြင်း - ယောလူငယ် မန္တလေး ရန်ပုံငွေ အတွက် ပြုလုပ်ရမည့် အခြေအနေ အချက်အလက် များကို ဆွေးနွေး တိုင်ပင်ခြင်း - Bank တွင် အလှူခံ ရရှိငွေ ကိုစနစ်တကျ အပ်နှံ နိုင်ရေး
ရငွေ သုံးငွေ လစဉ် စာရင်း ရှင်းတမ်း ပြုလုပ်နိုင်ရေး စသည် တို့ ကို ဆွေးနွေး တိုင်ပင် ခဲ့ကြပါတယ် ။
၂၀- ၈ -၂၀၁၇ နေ့ တွင်ကျင်းပပြုလုပ်မည့် ယောလူငယ် ( Online ) မန္တလေး ဝါဆိုသင်္ကန်း ကပ်လှူ ပွဲကို မြတောင် ကျောင်းတိုက် ရတနာ့ရံသီ ကျောင်း မှာ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည် ။
ယောလူငယ်အဖွဲ့ အနေဖြင့် ဝါဆိုသင်္ကန်း ကပ်လှူ ပူဇော်လိုသူများ ယောလူငယ်အဖွဲ့ဝင်များထံ ကြိုတင်စာရင်းပေးသွင်း လှူ ဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ပါတယ် ခင်ဗျာ ။
တွေ့ ဆုံပွဲ အပြီးတွင် မန္တလေး ယောလူငယ် ဘဏ္ဍာရေးမှူး ကိုတွက်ပီ မှ နာမည်ကျော် မန္တလေး တွတ်ပီ ဒုတ်ထိုး နှင့် ကြာဇံကြော် / ဖက်ထုပ် / အကင် အအေး စသည့် တို့  ဖြင့် တက်ရောက်လာသော ယောလူငယ် အဖွဲ့ သား များ နှင့် ယောချစ်သူ ညီအကို မောင်နှမ များ ကို ကျွေးမွေး ဧည့်ခံ ဒါန ပြု ပီး စုပေါင်း ဓာတ်ပုံ ရိုက်ကာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါကြောင်း မှတ်တမ်းတင် အပ်ပါသည် ခင်ဗျာ။
ပြန်ကြားရေးအဖွဲ့
ယောလူငယ် ( online )


16-7-2017 ယောလူငယ်(Online) ရန်ကုန်၏ လစဉ်အစည်းအဝေးကျင်းပပြီးစီးခြင်း

ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို 16-7-2017 ရက်နေ့ နေ့လည် 1:00 နာရီအချိန်တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီဝင်းအတွင်းရှိ သတ္တာဒေဝမနုဿာနံ ဓမ္မာရုံကြီးတွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
ယောလူငယ်အဖွဲ့ ပညာသင် ထောက်ပံ့ကြေးလျှောက်လွှာနှင့် စည်းကမ်းချက်ပုံစံများကို ဒေသခံယောလူငယ်အဖွဲ့များထံသို့  ပေးပို့ ကြရန်စီစဉ်ခြင်း။
ယောနယ်အသင်း(ရန်ကုန်)မှ ကြီးမှူး၍ ယောအသင်းဓမ္မာရုံတွင် ကျင်းပမည့် ဝါဆိုသင်္ကန်းကပ်ပွဲတွင် ယောလူငယ်များ ပူးပေါင်းပါဝင်ကြရန်နှင့် ယောလူငယ်အဖွဲ့မှ လှူ ဒါန်းထားသော စားပွဲ ကုလားထိုင်များကို ရေစက်ချ လှူ ဒါန်းသွားကြရန် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
၃၀- ၇ -၂၀၁၇ နေ့ တွင်ကျင်းပပြုလုပ်မည့် ယောနယ်အသင်း ဝါဆိုသင်္ကန်း ကပ်လှူ ပွဲတွင် ယောလူငယ်အဖွဲ့ အနေဖြင့် ဝါဆိုသင်္ကန်း ကပ်လှူ ပူဇော်လိုသူများကို သင်္ကန်းတစ်စုံလျှင် ၅၀၀၀/ ကျပ်နှုန်းဖြင့်၎င်း/ငွေသားသီးသန့်ဖြင့်၎င်း ယောလူငယ်အဖွဲ့ဝင်များထံ ကြိုတင်စာရင်းပေးသွင်း လှူ ဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ပါတယ်ရှင့်။

ကိုသိင်္ခ (ဗဟိုဥက္ကဌ) 09 420136144
ကိုစန်းအောင်(တွင်း-၁) 09 5189367
ကိုမြင့်ထွန်း (တွင်း-၂) 09 250062339
မသီတာအောင် 09 420150584
မဇင်မာဦး 09 420057392
တို့ ထံသို့  ဖုန်းဆက်ကာ စာရင်းပေး လှူ ဒါန်းနိုင်ပါတယ်ရှင့်။
တွေ့ဆုံပွဲသို့ တက်ရောက်လာသော အန်တီ ဒေါ်ဝင်းသန်းညို မှ ကွယ်လွန်သူ ခင်ပွန်း (ဦးတင်ထွေး)ဂန့်ဂေါ ကွက်သစ်ရပ်ကွက် အားရည်စူးပြီး ဓမ္မာရုံ အပေါ်ထပ်အတွက် စားပွဲအနိမ့် တစ်လုးံ ၂၆၀၀၀/ ကျပ် ကို ကုသိုလ်ပြု လှုဒါန်းခဲ့ပါတယ်ရှင့်။
ဒီနေ့ တွေ့ဆုံပွဲသို့ တက်ရောက်ပေးကြသော ယောလူငယ်အဖွဲ့ဝင်များသည် မျှစ်ပလောဟင်းချို | မျှစ်စူးထိုး| ကြောင်လျှာသီးကြော်| ဟင်းခွတ်ပွင့်သုပ်| ငါးစပ်သီးထောင်း|ချဉ်ပေါင်ကြော်| မုန့် ပျားစွဲ စသည့် ယောအစားအစာများကို ပျော်ရွှင်စွာ ဝိုင်းဖွဲ့စားသောက်ကြပြီးတွေ့ဆုံ ဆွေးနွေးပွဲကို အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ရှင့်။
ယခုလအတွက် ယောလူငယ်အဖွဲ့ စာရင်းရှင်းတမ်း
==============================
* စာရင်းဖွင့်လက်ကျန် 126,000/
*အထွေထွေ ကုန်ကျစရိတ် ( 40,000/)
*ပညာသင်ထောက်ပံ့ကြေးလှူ ( 30,000/)
B.ed ကျောင်းသားများအတွက်
*ယောလူငယ်အင်္ကျီရိုက် (200,000)
* လစဉ်ကြေး ရငွေ 138,000/
* စာရင်းပိတ်လက်ကျန် (6,000/)
အသေးစိပ်စာရင်းများကိုသိရှိလိုလျှင် ယောလူငယ်ဘဏ္ဍာရေး တာဝန်ခံထံတွင်မေးမြန်းနိုင်ပါသည်။
----------------------------------------------------------
ဒီနေ့ အစည်းအဝေးမှာ ရန်ပုံငွေရှာဖွေရေးစာရင်းတွေ ရှင်းကြပါတယ်။
အစည်းဝေး ဆုံးဖြတ်ချက်အရ နယ်အဖွဲ့တွေဆီ ပို့ ထားတဲ့ ပစ္စည်းဖိုးတွေကို လိုက်စုရတော့မှာပါရှင့်။
နယ်အဖွဲ့များမှ ရရန်ရှိသော ပစ္စည်းဖိုးငွေများ ရရှိမှသာလျှင် နောက်ထပ် ပစ္စည်းများ ထပ်မံရိုက်နှိပ် နိုင်တော့မှာ ဖြစ်ပါတယ် ။ အဲဒါကြောင့် ပစ္စည်းဖိုးငွေများအား နယ်မြေခံ အဖွဲ့များမှ အတတ်နိုင်ဆုံး အမြန်ပေးသွင်းကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်. . .
ပြန်ကြားရေးအဖွဲ့
ယောလူငယ်


ယောအသင်း (မ​လေးရှား ) ပညာဒါန

မ​ကွေးတိုင်း၊ ဂန့်​​ဂေါခရိုင်
ဆောမြို့နယ်​ ၊ ခင်​ပြင်​​ကျေးရွာ​နေ
အဘ- ဦးကြည်​ဝင်း
အမိ - ​ဒေါ်သိန်းကြည်​ တို့ သား
မှတ်​ပုံတင်​အမှတ်​ ၈/ဆမန(နိုင်​) ၀၆၅၅၆၇
ကိုင်​​ဆောင်​ထားသူ ​မောင်​မျိုးမြင့်​ဝင်း သည်​ တက္ကသိုလ်​ဝင်​တန်း ၊မ​ကွေးတိုင်း အဆင့်​ (၁၀) ရရှိထားသူ ဖြစ်​ပီး
လက်​ရှိပညာ​ရေး တက္ကသိုလ်​ စစ်​ကိုင်း TTCတွင်​ တက်​​ရောက်​ ​နေပါသည်​ ။
မိဘများ၏ စီးပွား​ရေးအ​ခြေအ​နေရ
ကျောင်းထားရာတွင်​ အခက်​အခဲ ဖြစ်​လျက်​ရှိသည်​ဟု ကြားသိရပါတယ်​။
နောက်​ထပ်​ ​ကျောင်းတက်​ရန်​ ၂နှစ်​ ကျန်​ရှိ​နေ​၍ အကူအညီ လိုအပ်​​နေပါသဖြင့်​ ​ယောအသင်း -မ​လေးရှား မှ
လစဉ်​​ ၅၀၀၀၀ကျပ်​ ​ထောက်​ပံ့ရန်​ တိုင်​ပင်​ဆုံးဖြတ်​ကာ
 ပထမ နှစ်ဝက်အတွက် ၄လစာ လစဉ်ထောက်ပံခဲ့ပြီး ဒုတိယနှစ်ဝက်အတွက် ၄လစာကို ကိုဇော်သက်အောင်မှ ၉.၇.၂၀၁၇ ရက်နေ့တွင် ယောအသင်း(မလေးရှား)၏ကိုယ်​စား ရန်​ကုန်
ယောလူငယ်​အဖွဲ့(ဗဟို)ထံ သို့ တတ်​စွမ်းသ​ရွေ့ ​ထောက်​ပံ့ လှူဒါန်းပြီး ဖြစ်​ပါသည်​ ။

မ​လေးရှား ​ယောအသင်း ညီအစ်​ကို
မောင်​နှမများအား ဝမ်းသာ ပီတိဖြစ်​​စေရန်​ အသိ​ပေး တင်​ပြလိုက်​ရပါတယ်​ ခင်​ဗျာ ။
ယောအသင်း - မ​လေးရှား
ယောဒေသအရေး ရပ်ဝေးမြေအခက်အခဲများကြားမှ ဝိုင်းဝန်းကူညီထောက်ပံ့ ပေးကြပါသော အဝေးရောက်ယောလူငယ်များအား ကျေးဇူးတင်စွာဖြင့် . .
ပြန်ကြားရေးအဖွဲ့
ယောလူငယ်
10 . 7 . 2017


၈ .၇.၂၀၁၇ နေ့ ၁၃၇၉ခုနစ် ဝါဆိုလပြည့်နေ့ ဝေယျာဝစ္စ ဒါနကုသိုလ်

၈ .၇.၂၀၁၇ နေ့ ၁၃၇၉ခုနစ် ဝါဆိုလပြည့်နေ့
တွင်ရန်ကုန်မြို့ ဗဟန်းမြို့နယ် နန္ဒဝန်လမ်း
မဟာဝိသုဒ္ဓါရုံ တိပိဋက ယောဆရာတော်
ကြီးကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်းကပ်
လှူပွဲနှင့် စာအောင်သံဃာတော်ဆုပေးပွဲကို ကျင်းပခဲ့ပါသည်။
အဆိုပါပွဲသို့ ရန်ကုန်ယောလူငယ်အဖွဲ့ ဝင် ၂၃ ဦးသွားရောက်ခဲ့ပြီး ဝေယျာ
ဝစ္စလုပ်အားကုသိုလ် ပေးလှူခဲ့ကြပါသည်။
ဆရာတော်ကြီးအား ဆယ်မိနစ်ခန့် သီးသန့်  တွေ့ ဆုံဖူးမျှော်ခွင့် ရခဲ့ကြပြီး ယောလူငယ်အဖွဲ့တိုင်း၏ လုပ်ဆောင်ချက်များကို လျောက်ထားရာ ဆရာတော်ကြီး မှ သာဓု သုံးကြိမ်ခေါ်ဆိုကာ ဆက်လက်၍ အောင်မြင်အောင် ဆောင်ရွက် သွားကြရန် မိန့်ကြား ခဲ့ပါသည်။
ယောဆရာကျောင်းမှ အလုပ်များ အပြီးတွင်အတွင်းရေးမှူး ဦးစန်းအောင် နှင့် ဦးမြင့်ထွန်းအဖွဲ့ဝင် ဦးဝင်းဇော်တို့ ရန်ကုန်မြို့ မြောက်ဥက္ကလာဆေးရုံကြီးသို့ သွားရောက်ပြီး ယာဉ်မတော်တဆမှု တွင် ဒဏ်ရာရခဲ့သော ကျောက်ထု (မြို့ ပေါက်)ကျေးရွာမှ မောင်နိုင်လင်းကျော်အားသွားရောက် တွေ့ဆုံခဲ့ပါသည်။

ယောလူငယ်ပြန်ကြားရေး



စွမ်းသမျှ ထမ်းနေကြနေတဲ့ ယောလူငယ်တွေ

(၈.၇.၂၀၁၇)စနေနေ့ဝါဆိုလပြည့်နေတွင် ဂန့်ဂေါမြိုနယ်အနီး
အိမ်ခြေ၆၀ခန့်သာရှိတဲ့ ချင်းလူမျိုးသာနေထိုင်သည့်အန်းတားရွာရှိ
ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်ဆွမ်းကပ်၍
ကျောင်းဆောင်သစ်ကြီးဆောက်လုပ်ရာတွင်တက်စွမ်းသမျှအလှူ တော်ငွေ(၁၀၀၀၀၀)ကျပ် ကိုလည်းပါဝင်လှူဒါန်းခဲ့ပါသည်။
ထိုနောက်ကျေးရွာဥက္ကဋ္ဌအိမ်တွင်
ရွာသူရွာသားများစားသုံးရန်တွက်ဟင်းသီးဟင်းရွက်များပေးအပ်လှူ ဒါန်းခဲ့ပါသည်။

ဤကောင်းမှုအစုစုတို့ကြောင့်
ကုသိုလ် အမျှ ကုသိုလ် အမျှ ကုသိုလ် အမျှ ရကြပါစေ။
ဂန့်ဂေါ ယောလူငယ်
ပြန်ကြားရေး


စားပွဲ ကုလားထိုင်အလှူ ရှင်

ယာအသင်း သတ္တာဒေဝမနုဿာနံဓမ္မာရုံ အောက်ထပ်
စားပွဲ ကုလားထိုင်အလှူ ရှင်များ-
ကိုသိင်္ခ@ကိုဌေးလှိုင် စားပွဲ ၁ + ထိုင်ခုံ ၆လုံး
ကိုစန်းအောင် စားပွဲ ၁ + ထိုင်ခုံ ၆လုံး
မမင်းမင်းစန်း စားပွဲ ၁ + ထိုင်ခုံ ၆လုံး
မဇာဇာစန်း စားပွဲ ၁ + ထိုင်ခုံ ၆လုံး
ကိုယောကို စားပွဲ ၂ လုံး
ကိုအောင်မြင့်မိုး စားပွဲ ၁ လုံး
ယောလူငယ်အဖွဲ့ - ထိုင်ခုံ ၁၈လုံး
---------------------------------------------
စုစုပေါင်း စားပွဲ ၇ + ထိုင်ခုံ ၄၂ လုံး
======================
ယောအသင်းဓမ္မာရုံ အပေါ်ထပ်-
ဆွမ်းစား စားပွဲ ခုံအနိမ့် အလှူ ရှင်များ
မခင်အေးမော် စားပွဲ ၃ လုံး
ကိုမြင့်ထွန်း စားပွဲ ၁ လုံး
ကိုဝင်းမင်းကို +မဆုနွယ်မောင် စားပွဲ ၁ လုံး
ကိုအလင်းနက် စားပွဲ ၁ လုံး
---------------------------------------------
စုစုပေါင်း စားပွဲ ၆ လုံး
======================
ပြန်ကြားရေး
ယောလူငယ်အဖွဲ့