18-6-2017 နေ့ |ကန်ဒေသယောလူငယ် ပရဟိတအဖွဲ့မှ ဦးဆောင်၍ တစ်ပါးထိုင်
ဓူတင်ကျောင်းဆောင် ဆောက်လုပ်ပြီး ရေစက်ချ လှူ ဒါန်းရာတွင်
ယောလူငယ်(ဗဟို)အဖွဲ့မှ စေတနာရှင်များ အဖွဲ့ဝင်များမှ အလှူ ငွေ ၁၀၀,၀၀၀/
(တစ်သိန်းကျပ်) ကိုထည့်ဝင်လှူ ဒါန်းခဲ့ပါတယ်ရှင့်။
တရားကျင့်ကြံပွါးများပါသော အရှင်ဘုရားတို့  အနေအထိုင်မဆင်းရဲဘဲ တရားထူးတရားမြတ်များ ရရှိပါစေ ဆရာတော် အဆုံးအမများဖြင့် ယောနယ်အတွင်းရှိ လူကြီးလူငယ်လူရွယ်များ ကိုယ်ကျင့် သီလ သမာဓိစွမ်းအားများကောင်းမွန် တိုးတက် ပြီး ဝိပဿ နာ ဘာဝနာများ ကျင့်ကြံနိုင်ပါစေကြောင်း ဆုတောင်းပါတယ်. .
# အိန္ဒိယနိုင်ငံသို့ ပညာတော်သင်သွားမည့် ယောနွယ်ဇာတိဖွား ပုပ္ပကိုင်းကျေးရွာမှဥူးပဇင်း ဥူးခေမာစာရအား ယောလူငယ်ဗဟို| နေပြည်တော်ယောလူငယ်နှင့် အခြားသောစေတနာရှင်များ စုပေါင်းလှူ ဒါန်းသော ဝတ္ထု ငွေ ၂၅၀,၀၀၀/ (နှစ်သိန်းငါးသောင်းကျပ်) ကို ယနေ့ ( 24-6-2017 )တွင် ယောလူငယ် (ဗဟို)အလုပ်အမှုဆောင်များမှ ဆရာတော်ထံ ဆက်ကပ်လှူ ဒါန်းခဲ့ကြပါတယ်ရှင့်။
ဆရာတော် ပညာသင်ကြားရာတွင် အစစအရာရာ အဆင်ပြေချောမွေ့စွာဖြင့် ထူးချွှန်စွာ အောင်မြင်ပါစေ ။ယောနယ်ဒေသ ဂုဏ်သတင်းကို မွှေးပျံ့စေနိုင်သူ ယောဂုဏ်ကို ဆောင်နိုင်သူ ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့ သပါလျက်ပါ။ နိုင်ငံရပ်ခြားတွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် ပညာကို အပတ်တကုတ် ကျိုးစားသင်ယူနိုင်ပါစေလို့  ယောလူငယ်များမှ ဆုတောင်းမေတ္တာ ပို့သပါတယ် ဘုရား။

No comments:
Post a Comment