ယောလူငယ် အဖွဲ့ မှ လစဉ် ပညာရေးထောက်ပံ့ကြေးအလှူ ငွေများကို
ယနေ့နံနက်ပိုင်းတွင် ကျောင်းသားများ၏ MPU card များသို
့လွှဲပေးပြီးဖြစ်ပါသည်။
လစဉ် ပညာရေးထောက်ပံ့မှု အဖြစ် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော ဆောမြို့ နယ် ခင်ပြင်ရွာမှ ကျောင်းသားလေးအား ဇွန်လအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ၈၀,၀၀၀/- ကျပ် ကို လည်းကောင်း။ မကွေးတိုင်း ထီးလင်းမြို့ နယ် အိုင်းမကျေးရွာမှ ကျောင်းသူလေးအား ဇွန်လအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ၅၀,၀၀၀/- ကျပ် ကို လည်းကောင်း ယနေ့  နံနက်တွင် သက်ဆိုင်ရာ MPU Card များထဲသို့  လွှဲပြောင်းထည့်သွင်းပြီးပါပြီရှင့်။
ယောလူငယ်အဖွဲ့သားများမှ ပညာသင်ထောက်ပံ့ကြေးကို အမှန်တကယ်လိုအပ်နေသောကျောင်းသူ ကျောင်းသားများထံသို့ လာမည့်နှစ်တွင် ထပ်တိုး မျှဝေ ထောက်ပံ့ပေးနိုင်ရန် ဆွေးနွေး တိုင်ပင်ထားကြပါတယ်။
ယောနယ်အတွင်းရှိ ကြယ်ပွင့်လေးတွေ ပညာသင်ရာတွင် စိတ်အေးချမ်းသာစွာဖြင့် ပညာကို ကြိုးစားသင်ယူနိုင်ဖို့ တတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးကြသူ များအားလုံးကို ယောလူငယ်အဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ပါတယ်ရှင့် ။ ယောနယ်အတွင်းရှိ ပညာထူးချွှန်သူ ယောလူငယ်မောင်မယ်များစွာကို ထပ်တိုး ကူညီထောက်ပံ့ပေးနိုင်ပါရန် ယောလူငယ်အဖွဲ့များအနေဖြင့် ကြိုးစားအားထုတ်သွားပါမည်. . .
အတူတူကုသိုလ် ပြု ကြပါသော ပညာပါရမီဖြည့်ဖော် အလှူ ရှင်များနှင့် ယောလူငယ်အဖွဲ့သားများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြ ပါစေရန် တင်ပြပေးလိုက် ပါတယ်ရှင့်။

No comments:
Post a Comment