ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို 3-9-2017 ရက်နေ့ နေ့လည် 1:00
နာရီအချိန်တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်
စွယ်တော်မြတ်စေတီဝင်းအတွင်းရှိ သတ္တာဒေဝမနုဿာနံ ဓမ္မာရုံကြီးတွင်
ကျင်းပပြု လုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
ယောလူငယ်အဖွဲ့ ၏ လုပ်ငန်းစဉ်များ နှင့် ရန်ပုံငွေရှာဖွေရေး ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ယောနယ်ဒေသ အကြောင်းစာတမ်းပြုစု၍ Phd ဘွဲ့ယူရန် ပြင်ဆင်လေ့လောနေသော ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်မှ မြန်မာဘာသာရပ် အထူးပြု ကျောင်းသူ Misato SHIMIZU ကလည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်ကာ ဗဟိုယောလူငယ်အဖွဲ့ဝင်များနှင့် ယောဒေသအကြောင်းအရာများအား ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။
ထို့ နောက် ကိုဆွေလင်းအောင်@ဆွေလင်း+မမြင့်မြင့်သူ| သား-မောင်အောင်ကောင်းပြည့် | လမ်းမတော်မြို့နယ်မှ လှူ ဒါန်းသော အလှူ ငွေကို ယောလူငယ်ဗဟိုဥက္ကဌမှတဆင့်ရန်ပုံငွေရှာဖွေရေးကော်မတီဥက္ကဌ သို့ ပေးအပ်ခြင်း | ဘဏ္ဍာရေး စာရင်းများရှင်းလင်းခြင်း | ရန်ပုံငွေရှာဖွေရေးကော်မတီ ဥက္ကဌမှ ဘဏ္ဍာရေးတာဝန်ခံထံ ငွေကြေးနှင့် စာရင်းရှင်းတမ်းများ ပေးအပ်ခြင်းများ ပြု လုပ်ခဲ့ပါသည်။
ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်ပေးကြသော ယောလူငယ်အဖွဲ့ဝင်များသည် မျှစ်စူးထိုးချက်| ကြောင်လျှာသီးကြော်| ဟင်းခွတ်ပွင့်သုပ်| မုန်ညင်းချဉ်သုပ်| ကျောက်ဖရုံသီးဝက်သားချက်| မန်ကျည်းသီးထောင်း| ခစော့သီးငပိချက်| ငှက်ပျောဖူး ဆူးပုပ်ချက်| သခွါးချဉ်သီးသုပ်|ကြက်စေ့သီး ကြက်သားစပ်သီးချက်တို့ နှင့် အခြားယောအစားစာများအား စုပေါင်းဝိုင်းဖွဲ့စားသောက်ကာ ဆွေးနွေးပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
တွေ့ဆုံပွဲအပြီးတွင် ယောလူငယ်ဗဟိုဥက္ကဌ မှ စာမူခရသည့် အထိမ်းအမှတ်အဖြစ် အအေးနှင့် အစားအသောက်များကို ဧည့်ခံကျွေးမွေးခဲ့ပါသည်။

No comments:
Post a Comment