၈ .၇.၂၀၁၇ နေ့ ၁၃၇၉ခုနစ် ဝါဆိုလပြည့်နေ့
တွင်ရန်ကုန်မြို့ ဗဟန်းမြို့နယ် နန္ဒဝန်လမ်း
မဟာဝိသုဒ္ဓါရုံ တိပိဋက ယောဆရာတော်
ကြီးကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်းကပ်
လှူပွဲနှင့် စာအောင်သံဃာတော်ဆုပေးပွဲကို ကျင်းပခဲ့ပါသည်။
အဆိုပါပွဲသို့ ရန်ကုန်ယောလူငယ်အဖွဲ့ ဝင် ၂၃ ဦးသွားရောက်ခဲ့ပြီး ဝေယျာ
ဝစ္စလုပ်အားကုသိုလ် ပေးလှူခဲ့ကြပါသည်။
ဆရာတော်ကြီးအား ဆယ်မိနစ်ခန့် သီးသန့်  တွေ့ ဆုံဖူးမျှော်ခွင့် ရခဲ့ကြပြီး ယောလူငယ်အဖွဲ့တိုင်း၏ လုပ်ဆောင်ချက်များကို လျောက်ထားရာ ဆရာတော်ကြီး မှ သာဓု သုံးကြိမ်ခေါ်ဆိုကာ ဆက်လက်၍ အောင်မြင်အောင် ဆောင်ရွက် သွားကြရန် မိန့်ကြား ခဲ့ပါသည်။
ယောဆရာကျောင်းမှ အလုပ်များ အပြီးတွင်အတွင်းရေးမှူး ဦးစန်းအောင် နှင့် ဦးမြင့်ထွန်းအဖွဲ့ဝင် ဦးဝင်းဇော်တို့ ရန်ကုန်မြို့ မြောက်ဥက္ကလာဆေးရုံကြီးသို့ သွားရောက်ပြီး ယာဉ်မတော်တဆမှု တွင် ဒဏ်ရာရခဲ့သော ကျောက်ထု (မြို့ ပေါက်)ကျေးရွာမှ မောင်နိုင်လင်းကျော်အားသွားရောက် တွေ့ဆုံခဲ့ပါသည်။

No comments:
Post a Comment