Menu

Friday, September 8, 2017

11-8-2017 ဆောဒေသ ယောလူငယ်အဖွဲ့တွေ့ဆုံပွဲ ကျင်းပပြီးစီးခြင်း

ဆောဒေသအခြေခံ ယောလူငယ်အဖွဲ့တွေ့ဆုံပွဲကို 11-8-2017 ရက်နေ့ နေ့လည်2:00နာရီအချိန်တွင်မင်းလယ်ကျေးရွာ သာသနာမာမကတိုက်ကျောင်း ဓမ္မာရုံ၌ ကျင်းပပြု လုပ်ခဲ့ကြပါသည်။
နာယကဆရာတော် ဦးဇောတိကမှ ဦးစွာပဏာမ သြဝါဒစကား မိန့်ကြားခဲ့ပါသည်။
ဆောဒေသယောလူငယ်ဥက္ကဌ ကိုခင်ဇော်လွင်မှ အဖွဲ့လှုပ်ရှားမှုနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက်အဖွဲ့ဝင် ဦးလှအောင်မှ ယောလူငယ်အဖွဲ့အပေါ်ထင်မြင်ချက်များ ပြောဆိုဆွေးနွေးပေးခဲ့ပါသည်။
ဆောယောလူငယ်အဖွဲ့မှကိုသန်းဇော်ဦးမှ ယောလူငယ်အဖွဲ့၏ စည်းမျ ဉ်းစည်းကမ်းများ/လှုပ်ရှားမှုများနှင့်ငွေစာရင်း များကိုရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
၎င်းနောက် မင်းလယ်ရွာသာသနာ့မာမက တိုက်ကျောင်းသို့ လျှပ်စစ်မီးအတွက်အလှူ ငွေများ လှူ ဒါန်းခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာသူများမှ အချင်းချင်းဆွေးနွေးတိုင်ပင်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ ညနေ 4:00 နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာပြီးစီးခဲ့ပါသည်။

ပြန်ကြားရေး
ယောလူငယ်အဖွဲ့
ဆောဒေသ

No comments:

Post a Comment