၃၀- ၇ -၂၀၁၇ (တနင်္ဂနွေ)နေ့ တွင် ယောနယ်အသင်း(ရန်ကုန်)မှ ကြီးမှူး၍
ယောအသင်းဓမ္မာရုံတွင် ကျင်းပသည့် ဝါဆိုသင်္ကန်းကပ်လှူ ပွဲကို ကျင်းပခဲ့ပါသည်။
အဆိုပါပွဲတွင် ယောနယ်ဇာတိဖွား ပင့်သံဃာ အပါး ၆၀ ခန့် ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး ရန်ကုန်ယောလူငယ်အဖွဲ့ ဝင်များအနေဖြင့် ယောအသင်းဓမ္မာရုံသို့ လှူ ဒါန်းထားသော စားပွဲခုံ ၁၄လုံး+ ထိုင်ခုံ ၄၂ လုံး နှင့် သင်္ဃန်းအလှူ ငွေ ၃၅၀,၀၀၀/(သုံးသိန်းငါးသောင်းကျပ်) ကို အတူပါဝင် ရေစက်ချ လှူ ဒါန်းခဲ့ကြပါတယ်ရှင့်။
ထို့ အပြင် ယောလူငယ်အဖွဲ့ဝင်များနှင့် ယောသူယောသား လူငယ်များ တက်ညီလက်ညီဖြင့် ဝေယျာဝစ္စလုပ်အားကုသိုလ်များလည်း ပေးလှူခဲ့ကြပါတယ်။
ယောလူငယ်ရန်ပုံငွေနှင့် ပညာရေးရန်ပုံငွေများပေးလှူ ခဲ့ကြပါသော ယောနွယ်ဝင်အမျိုးများနှင့် ယောလူငယ်ရန်ပုံငွေရှာဖွေရေးအတွက် အားပေးကြပါသော ယောမြေချစ်မိတ်ဆွေသင်္ဂဟများကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ယောလူငယ်အဖွဲ့ကို အားပေးချီးမြှောက်ပေးပါသော ယောအသင်းကြီးကို လည်း ကျေးဇူးအထူးတင်လျက်ပါရှင့်. . .
ဝေယျာဝစ္စကုသိုလ် အတူတူပြု ပေးကြပါသော ရပ်နီး ရပ်ဝေး ယောလူငယ်အဖွဲ့သားအားလုံးကိုလည်း ကျေးဇူး အထူးတင်စွာဖြင့်. . .

No comments:
Post a Comment