ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို 28-5-2017 ရက်နေ့ နေ့လည်
1:00 နာရီအချိန်တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်
စွယ်တော်မြတ်စေတီဝင်းအတွင်းရှိ သတ္တာဒေဝမနုဿာနံ ဓမ္မာရုံကြီးတွင်
ကျင်းပပြု လုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
ယောလူငယ်အဖွဲ့ ပညာသင် ထောက်ပံ့ကြေးပေးရာတွင် လက်ရှိထောက်ပံ့နေဆဲ ကျောင်းသားများအပြင် လာမည့်နှစ်တွင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် သို့ စတင်တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား ရွေးချယ် တိုးမြှင့်၍ ထောက်ပံ့ပေးဆောင်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။
ယောနယ်အသင်း(ရန်ကုန်) ၏ သတ္တာဒေဝမနုဿာနံ ဓမ္မာရုံကြီးတွင် အသုံးပြု ရန် စားပွဲ ကုလားထိုင်များ ကို တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း အဖွဲ့အနေဖြင့်သော်လည်းကောင်း တတ်အားသရွေ့  လှူ ဒါန်းသွားကြရန် တိုင်ပင် ဆုံးဖြတ်ခဲ့ကြပါသည်။
ယောလူငယ်ဗဟို ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်တင်မြှောက်ရေးကိစ္စအား ဆွေးနွေးခဲ့ရာ ယခု လက်ရှိ ဗဟိုဥက္ကဋ္ဌ ကိုဌေးလှိုင်(ကိုသိင်္ခ) အား ယခုနှစ်တွင် ဆက်လက် တာဝန်ယူ ဆောင်ရွက်ပေးပါရန် အဖွဲ့သားများမှတောင်းဆိုကာ ယောလူငယ် ဗဟိုဥက္ကအဖြစ် သဘောတူ အတည်ပြု ခဲ့ကြပါသည်။
ယောလူငယ်အဖွဲ့ ရံပုံငွေ ရှာဖွေရေးအတွက် ယောလူငယ်အင်္ကျီများ ရိုက်နှိပ်ရောင်းချရာတွင် လက်ရှိဒီဇိုင်းအပြင် အခြားသော အဆင်ဒီဇိုင်းများ ရိုက်နှိပ် ဖြန့် ဝေ ကြရန်နှင့် အဖွဲ့သားများမှ တာဝန်ယူကာ ခွဲဝေရောင်းချ ပေးကြပါရန် တိုင်ပင်ခဲ့ကြပါသည်။
ယောလူငယ် ပညာသင်ထောက်ပံ့ကြေးအတွက် ဒေါ်ခင်ခင်ဦး (ခေတ္တ) စင်္ကာပူ = ၁၀၀,၀၀၀/ ကျပ် နှင့် ယောလူငယ် မတည်ရန်ပုံငွေအတွက် ဦးသိန်းသန်းဦး + မသက်သက်ဝင်း (ပခုက္ကူ ) = ၁၀၀,၀၀၀/ကျပ် တို့ လှူ ဒါန်းသောအလှူ ငွေများကို အလှူ ရှင်များ၏ ကိုယ်စား အလုပ်အမှုဆောင် ဦးဝင်းဇော်မှ အဖွဲ့သို့ ပေးအပ်လှူ ဒါန်းခဲ့ပါသည်။ အလှူ ရှင်များအားလည်း ကျေးဇူးအထူး တင်ရှိစွာဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ စီးပွါးလာဘ်လာဘများ တိုးတက်ပါစေကြောင်း ဆုတောင်းပေးပါတယ်ရှင့် ။
ယောလူငယ်အဖွဲ့ ပညာသင် ထောက်ပံ့ကြေးကို လက်ရှိကျောင်းသားများ အပြင် တိုးမြှင့်၍ ထောက်ပံ့ပေးဆောင်နိုင်ရန် ဗဟိုအဖွဲ့ ရန်ပုံငွေ အခြေအနေအရ အခက်အခဲများကို ဆွေးနွေးခဲ့ပြီး အခြား ယောလူငယ်အဖွဲ့များမှလည်း ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ဒီနေ့တက်ရောက်ပေးကြသော ယောလူငယ်အဖွဲ့ဝင်များကို အတွင်းရေးမှူး (၁) ကိုစန်းအောင် မိသားစုမှ ယောစတိုင်ချက်မုန့် ဟင်းခါး| မမင်းမင်းစန်း ၏စေတနာ မုန့် လက်ဆောင်း နှင့် ပဲမုန့် ကြော် | မသန္တာဝင်းမှ ယောလူငယ်များအတွက် ယောနယ်မှ တကူးတက ယူဆောင်လာသော ကန်စွန်းဥပြု ပ်တို့ ကိုပျော်ပျော်ပါးပါး လက်ဆုံစားကာ ကိုမျိုး + မအိဖြူ တို့ ပါလာသော အညာလက်ဆောင် လက်ပန်ပွင့်ခြောက် ငရုပ်သီးခြောက်နှင့် သရက်ခြောက်များကို ခွဲဝေယူကာ တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။
ယခုလအတွက်ယောလူငယ်အဖွဲ့ (ရန်ပုံငွေ)စာရင်းရှင်းတမ်း
==========================
* စာရင်းဖွင့်လက်ကျန် 173,000/
*ယောလူငယ်အင်္ကျီ+စတေကာ(217,000/)
ကုန်ကျစရိတ်
*ပညာသင်ထောက်ပံ့ကြေးလှူ (30,000/)
B.ed ကျောင်းသားအတွက်
* မန်ဘာကြေး ရငွေ 140,000/
* ဦးသိန်းသန်းဦး + မသက်သက်ဝင်း
အလှူ ငွေ (PKU) 100,000/
* စာရင်းပိတ်လက်ကျန် 162,000/
အသေးစိပ်စာရင်းများကိုသိရှိလိုလျှင် ယောလူငယ်ဘဏ္ဍာရေး တာဝန်ခံထံတွင်မေးမြန်းနိုင်ပါသည်။
----------------------------------------------------------
ပြန်ကြားရေးအဖွဲ့
ယောလူငယ်

No comments:
Post a Comment