Menu

Friday, September 8, 2017

အလှူ ဒါန ပြုကြသူငှါ

ယောနယ်ဖွားဆရာတော်တစ်ပါးဖြစ်သည့် ဥူးနန္ဒပါလ |မူလ ဟံသာဝတီ ကမ္မဌာန်းကျောင်း|အုတ်ဖိုစုရပ်ကွက်|သံလျင်မြို့နယ် မှ ယောလူငယ်အဖွဲ့သို့ မတည်ရန်ပုံငွေ ထည့်လိုကြောင်းနှင့် ယောလူငယ်အဖွဲ့အား တွေ့ဆုံလိုကြောင်း ကြားသိရသဖြင့် ဆရာတော်ထံသို့  အဖွဲ့ဝင်များသွားရောက်ဖူးမျှော် ကန်တော့ကြပါသည်။
ဆရာတော်မှ ယောလူငယ်အဖွဲ့ မတည်ရန်ပုံငွေနှင့် ပညာရေးရန်ပုံငွေအဖြစ် အလှူ ငွေကျပ် ငါးသောင်းကို မတည်လှူ ဒါန်းခဲ့ပြီး သြဝါဒ စကားများ ချီးမြှင့်ခဲ့ပါတယ်ရှင့်။
ယောနယ်ကောင်းကျိုးလုပ်ဆောင်ကြရာတွင် ဆိုးခြင်းကောင်းခြင်း ဝေဖန်ခံရခြင်းများကြုံ ကြရပါမည်။ ထိုစကားသံများထဲမှ ဆင်ခြင်သုံးသပ်ကာ မိမိတို့ အဖွဲ့သည် မှားနေလျှင်ပြင်ကာ မှန်နေလျှင်ဆက်သွားကြဖို့ ဆုံးမစကားပြောကြားခဲ့ပါတယ်။
ယောနယ်ဒေသအတွင်း သောက်သုံးရေရှားပါးသောနေရာဒေသများအတွက် စိမ့်စမ်းတွင်းများမှ ရေသွယ်ယူကာ တနှစ်ပါတ်လုံးရေ ရရှိနိုင်ရန်ဆရာတော်မှ လှူ ဒါန်းပေးမည်ဖြစ်ပါသဖြင့် ရေရယူနိုင်သော ကျေးရွာများရှိပါက ဆရာတော်ထံသို့ လည်းကောင်း|ယောလူငယ်အဖွဲ့မှတဆင့်သော်လည်းကောင်းအကြောင်းကြားချိတ်ဆက်ကာ အလှူ ခံနိုင်ကြောင်း မိန့် မှာလိုက်ပါတယ်ရှင့်။
ယောနယ်ဒေသ အကျိုးတတ်စွမ်းသမျှ လုပ်ဆောင်နေသောယောလူငယ်အဖွဲ့ ကို အားပေးချီးမြှောက် ပေးပါသော ဆရာတော်အား ကျေးဇူး အထူးတင်ရှိပါကြောင်း နှင့် ယောနယ်ကောင်းကျိုးဆ ထက်တိုး စွမ်းဆောင်နိုင်အောင် ယောလူငယ်များ စည်းလုံးညီညွတ်စွာဖြင့် အတူ ကြိုးစားသွားကြပါမည့်အကြောင်း လျှောက်ထားခဲ့ကြပါတယ်ရှင့်. . .
ယောလူငယ်အဖွဲ့
ပြန်ကြားရေး


No comments:

Post a Comment