ချစ်စွာသော မြစ်သာ…
အသင် တာဝန်ကျေခဲ့ပါတယ်။
သင်ပေးနေတဲ့
ရေဝေတောတွေက
သစ်အစ ဝါးအဆုံး
ငါတို့အသုံးပြုကာ
နေစရာ ဆောက်ရပါတယ်။
သင်ပေးတဲ့ နုန်းတင်မြေနု
ငါတို့အသုံးပြုကာ
စားစရာ စိုက်ပျိုး
ခွန်အားတွေ တိုးရပါတယ်။
သင်ပေးတဲ့မြေဆီလွှာမှာ
ထွန်ယက်ကာစိုက်ပျိုး
ယောမျိုးယောနွယ်
ယောထည်ဆိုတာဖန်တီး
ငါတို့ ဂုဏ်သတင်းကြီးဖူးပါတယ်။
မြစ်သာ မြစ်သာ
အပြစ်အနာမရှိ
ပကတိသန့်စင်
ယောဝိညာဉ်
ယောသခင်
ယောရဲ့ကျေးဇူးရှင်လေ။
ဒါပေမယ့်လေ
ဝဋ်ကြွေးတွေ ဆိုရမလား
မဟားဒယားလောဘနဲ့
ယောဒေသရဲ့သခင်
ယောအရှင်ကိုမှ
ဂုတ်ခွလည်ညှစ်
'တမံ 'ဆိုတာဖြစ်လာခဲ့ပါပြီ။
မှားနေမှန်းသိလျှက်
တွန်းဖျက်ချေကာ
ယောရွာ ယောသွေး
သင့်ရဲ့ ကျေးဇူးခံ
ငါတို့ မတွန်းလှန်နိုင်ခဲ့တာ
ငါတို့မှာ တာဝန်ရှိပါတယ်။
မြစ်သာ… မြစ်သာ
ခုခါမှာတော့
ပေါ့လျော့ခဲ့တဲ့အရေး
ကိုယ့်သွေးကိုယ်ပြန်သောက်ရသလို
တာဝန်မဲ့စွာ
သင့်ကို မကာကွယ်နိုင်ခဲ့တာ
ငါတို့မှာအပြစ်ရှိပါတယ်။
မြစ်သာ… မြစ်သာ
ခွင့်လွှတ်ပါလို့
ငါတို့ မတောင်းဆိုရဲပါကွယ်။
အရှင့်ရဲ့ ဒေါသတစ်ချက်ဟာ
ပြင်သာရွာ အတွက်
မျက်ရည်စက်လက်နဲ့
ခရီးဆက်နေရပါပြီ။
နောက်တခါမှာများ
အသင် ဒေါသပွါးခဲ့ရင်
ညင်သာသက်ညှာ
ဂရုဏာလေး ထည့်ကာ
ပြစ်ဒဏ်လေး လျှော့ပေးပါလားအရှင်။ ။
ယောသိင်္ခ
အသင် တာဝန်ကျေခဲ့ပါတယ်။
သင်ပေးနေတဲ့
ရေဝေတောတွေက
သစ်အစ ဝါးအဆုံး
ငါတို့အသုံးပြုကာ
နေစရာ ဆောက်ရပါတယ်။
သင်ပေးတဲ့ နုန်းတင်မြေနု
ငါတို့အသုံးပြုကာ
စားစရာ စိုက်ပျိုး
ခွန်အားတွေ တိုးရပါတယ်။
သင်ပေးတဲ့မြေဆီလွှာမှာ
ထွန်ယက်ကာစိုက်ပျိုး
ယောမျိုးယောနွယ်
ယောထည်ဆိုတာဖန်တီး
ငါတို့ ဂုဏ်သတင်းကြီးဖူးပါတယ်။
မြစ်သာ မြစ်သာ
အပြစ်အနာမရှိ
ပကတိသန့်စင်
ယောဝိညာဉ်
ယောသခင်
ယောရဲ့ကျေးဇူးရှင်လေ။
ဒါပေမယ့်လေ
ဝဋ်ကြွေးတွေ ဆိုရမလား
မဟားဒယားလောဘနဲ့
ယောဒေသရဲ့သခင်
ယောအရှင်ကိုမှ
ဂုတ်ခွလည်ညှစ်
'တမံ 'ဆိုတာဖြစ်လာခဲ့ပါပြီ။
မှားနေမှန်းသိလျှက်
တွန်းဖျက်ချေကာ
ယောရွာ ယောသွေး
သင့်ရဲ့ ကျေးဇူးခံ
ငါတို့ မတွန်းလှန်နိုင်ခဲ့တာ
ငါတို့မှာ တာဝန်ရှိပါတယ်။
မြစ်သာ… မြစ်သာ
ခုခါမှာတော့
ပေါ့လျော့ခဲ့တဲ့အရေး
ကိုယ့်သွေးကိုယ်ပြန်သောက်ရသလို
တာဝန်မဲ့စွာ
သင့်ကို မကာကွယ်နိုင်ခဲ့တာ
ငါတို့မှာအပြစ်ရှိပါတယ်။
မြစ်သာ… မြစ်သာ
ခွင့်လွှတ်ပါလို့
ငါတို့ မတောင်းဆိုရဲပါကွယ်။
အရှင့်ရဲ့ ဒေါသတစ်ချက်ဟာ
ပြင်သာရွာ အတွက်
မျက်ရည်စက်လက်နဲ့
ခရီးဆက်နေရပါပြီ။
နောက်တခါမှာများ
အသင် ဒေါသပွါးခဲ့ရင်
ညင်သာသက်ညှာ
ဂရုဏာလေး ထည့်ကာ
ပြစ်ဒဏ်လေး လျှော့ပေးပါလားအရှင်။ ။
ယောသိင်္ခ
No comments:
Post a Comment