14-8-2017 နေ့ |နေ့ လည်တွင် ယောလူငယ် အဖွဲ့ နှင့် ယောသူယောသား မိတ်ဆွေ
စေတနာရှင်များ စုပေါင်း၍ ယောနယ်ဇာတိဖွား ဦးပဉ္ဇင်း ဥူးစန္ဒာသီရိ
(သီတဂူဗုဒ္ဓတက္ကသိုလ်) အား နဝကမ္မအလှူ အဖြစ် အလှူ ငွေ - ၂၂၂,၀၀၀/ (
နှစ်သိန်းနှစ်သောင်း နှစ်ထောင်ကျပ်တိတိ ) ကို ယောလူငယ် (ဗဟို) မှ
အဖွဲ့ဝင်များ သွားရောက်လှူ ဒါန်းဖြစ်ခဲ့ပါတယ်။
သီတဂူဗုဒ္ဓတက္ကသိုလ် တွင် ပညာသင်ယူနေသော ယောနယ်ဖွား ဦးပဉ္ဇင်း ဥူးစန္ဒာသီရိ အား ပညာသင်ရာတွင် အထောက်အပံ့ ဖြစ်စေခြင်းငှါ ယောသူယောသား ယောအမျိုးများက တတ်စွမ်းသမျှ နဝကမ္မ အလှူ အဖြစ် လှူ ဒါန်းခြင်းဖြစ်ပါတယ်။
ဆရာတော် ပညာသင်ကြားရာတွင် အစစအရာရာ အဆင်ပြေချောမွေ့စွာဖြင့် ထူးချွှန်စွာ အောင်မြင်ပါစေ ။ယောနယ်ဒေသ ဂုဏ်သတင်းကို မွှေးပျံ့စေနိုင်သူ ယောဂုဏ်ကို ဆောင်နိုင်သူ ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ် ဘုရား။
သဒ္ဒါတတ်အား နည်းများမဆို ယောလူငယ်အဖွဲ့နှင့် အတူဝိုင်းဝန်း လှူ ဒါန်းပေးကြပါသော အလှူ ရှင်များကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။ ယနေ့ ပြု လုပ်အပ်သော ကောင်းမှု ကုသိုလ်အား ဝမ်းမြောက်စွာဖြင့်
သာဓု ခေါ်ဆိုနိုင်ပါရန် နှင့် ယောနယ်ကောင်းကျိုး တတ်စွမ်းသမျှ ဆက်လက်သယ်ပိုးကြပါစို့ . . .

No comments:
Post a Comment