Menu

Friday, September 8, 2017

31-5-2017 စွမ်းသမျှထမ်းနေကြတဲ့ ယောလူငယ်တွေ

ရန်ကုန် အနောက်ပိုင်းခရိုင် ဆေးရုံကြီးမှ ပါမောက္ခ Dr ဒေါ်နီလာသိန်း ဦးဆောင်
သောအဖွဲ့မှ
မိမိတို့ ယောနယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား
ပြန်လည်၍ အမြင်အာရုံတွေ ရှင်သန်စေဖို့ ငွေအား လူအား စေတနာအားတွေနဲ့ မိမိတို့ယောနယ်လေးကို
လာရောက်ပြီး ကုသပေးမယ်ဆိုတော့
ရန်ကုန်မှာ ရှိကြတဲ့ မျက်စိအထူးကုဆရာဝန်ကြီးများကလည်း
သူတို့လည်း လိုက်ပြီး ပါရမီဖြည့်ပါရစေတဲ့

ပါမောက္ခ Drဒေါ်နီလာသိန်း မိသားစုကနေပြီး ဆရာဝန် ၂၀ကျော်နဲ့
မျက်စိဝေဒနာရှင်များနှင့် ဝေယျဝစ္စကုသိုလ်ယူကြမည့်သူများအားလုံးကို ဆေးဝါးနှင့် ထမင်း ဟင်းများကို အခမဲ့လှူဒန်းတာဖြစ်ပါတယ်
မျက်စိခွဲဖို့လား အခမဲ့
စမ်းသပ်ဖို့လား အခမဲ့
လူနာစားဖို့လား အခမဲ့
လူနာစောင့်စားဖို့လား အခမဲ့
အားလုံး အားလုံး အခမဲ့ပဲ
မိမိတို့ကန်ဒေသအဖွဲ့ ယောလူငယ်များသည်
ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကျင်းပပြုလုပ်နေတဲ့
အခမဲ့ မျက်စိကု ကုသိုလ်ယူပွဲကြီးမှာ
စိတ်တူ ကိုယ်တူဖြင့် လုပ်အားဒါနပြုခဲ့ကြပါတယ်။
အစစအရာရာ အဆင်ပြေအောင်
ကူညီဆောင်ရွက်ပေးနေကြတဲ့
ဒေသခံများနှင့် ယောလူငယ်တွေကလည်း
မိမိတို့ နိုင်ရာတာဝန်တွေကို မခိုမကပ်ပဲ
ဟေ့ ဒါ တို့အလုပ် တို့ကို ကုသိုလ်တွေပေးနေတာလို့
မြင့်မြတ်တဲ့ စိတ်နှလုံးတွေကိုယ်စီထားပြီး
လုပ်အားဒါနတွေ ပြုခဲ့ကြတာ အင်မတန်ပျော်ရွှင်စရာကောင်းပြီး
ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ကုသိုလ်ပြုလုပ်ငန်းကြီးကို
အောင်အောင်မြင်မြင်နဲ့ ထမ်းဆောင်နိုင်ခဲ့ကြပါတယ်။
နောက်ရက်တွေမှာလည်း ဂန့်ဂေါ ယောလူငယ်အဖွဲ့တွေ
ထီးလင်းကယောလူငယ်တွေကနေပြီးတော့
လုပ်အားကုသိုလ် ပါဝင်အားဖြည့်ကြဦးမှာဖြစ်ပါတယ်။
ပြန်ကြားရေး
ယောလူငယ်(Online)
ကန်ဒေသ


No comments:

Post a Comment