၁၃၇၉ - ခု ၊ ဝါခေါင်လဆုတ် ၁၃ ရက် ၊ (၂၀ - ၈ - ၂၀၁၇ )တနင်္ဂနွေနေ့ တွင်
မန္တလေးမြို့ ၊ မြတောင်ကျောင်းတိုက် - ရတနာ့ရံသီယောကျောင်း တွင်
ယောလူငယ်အဖွဲ့သူ/သားများ၏ တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ပွဲကို
ကျင်းပခဲ့ကြပါတယ်။
သံဃာတော် အရှင်သူမြတ် အပေါင်းတို့အား ဆက်ကပ်ရန် ဆွမ်းဘောဇဉ်| သစ်သီးအချို ပွဲများနှင့် ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးရန် ယောဟင်းလျာများကို ယောလူငယ်အဖွဲ့သားများ ကိုယ်တိုင် ချက်ပြုတ် ပြင်ဆင် ခဲ့ကြပါသည် ။
ဆရာတော်ကြီးမှ တရားချီးမြှင့်ရာတွင် ယောလူငယ်အဖွဲ့သားများ ပရဟိတစိတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာလုပ်ဆောင်ကြခြင်းအပေါ် ချီးကျူးမိန့် ကြားပြီး နောက်နောင်တွင်လည်း လုပ်ဆောင်ကြမည့် လုပ်ငန်းများတွင်
ပရဟိတစိတ်အပြည့်ဖြင့် သည်းခံကြကာ စည်းစည်းလုံးလုံး နဲ့လုပ်ဆောင်သွားကြဖို့ သြဝါဒစကားများ မိန့် ကြားခဲ့ပါတယ်။
ဝါဆိုသင်္ကန်း ဆပ်ကပ်လှူ ဒါန်းပွဲ အပြီးတွင် ဆက်လက်၍ မန္တလေး ယောလူငယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပပြု လုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွင် ရန်ပုံငွေရှာဖွေရေးနှင့် အလှူ ခံ ပုံးများ ထားရှိရေးကို အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပြီး ငွေစာရင်းရှင်းတမ်းများကိုလည်း ပြု လုပ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲ အပြီးတွင် ပန်းကန်ခွက်ယောက်များ ဆေးကြော၍ ပြန်လည် သိမ်းဆည်းကြကာ ယောလူငယ်အဖွဲ့ (မန္တလေး) ၏ အလှူ ပွဲနှင့် တွေ့ ဆုံ ဆွေးနွေးပွဲကို ကြည်နူး ပျော်ရွှင်စွာဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ယနေ့ ပြု ကြသော မန်းယောလူငယ်အဖွဲ့၏ ကုသိုလ်ကောင်းမှု အစုစုတို့ ကို သာဓု ခေါ်ဆိုနိုင်ကြပါရန် အမျှ ပေးဝေလိုက်ပါတယ် ခင်များ . .

No comments:
Post a Comment