ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို 18-6-2017 ရက်နေ့ နေ့လည်
1:00 နာရီအချိန်တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်
စွယ်တော်မြတ်စေတီဝင်းအတွင်းရှိ သတ္တာဒေဝမနုဿာနံ ဓမ္မာရုံကြီးတွင်
ကျင်းပပြု လုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
ယောလူငယ်အဖွဲ့ ပညာသင် ထောက်ပံ့ကြေးလျှောက်လွှာနှင့် စည်းကမ်းချက်များကို အတည်ပြု ရိုက်နှိပ်ပြီး ဒေသခံယောလူငယ်အဖွဲ့များထံသို့  ပေးပို့ ထားရန်ပြင်ဆင်ခြင်း။
ကန်ဒေသ ယောလူငယ်အဖွဲ့ လှူ ဒါန်းသော တောကျောင်းတစ်ကျောင်း ဆောက်လုပ်ရာတွင် ဗဟိုမှ တစ်ဦးချင်းအလှူ ရှင်များနှင့်အတူ ဖြည့်စွက်ကာ အဖွဲ့အနေဖြင့် စုစုပေါင်း အလှူ ငွေ တစ်သိန်းကျပ်အားကူညီ ဝိုင်းဝန်းလှူ ဒါန်းကြရန်သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။
ယောအသင်းဓမ္မာရုံတွင် လိုအပ်နေသောစားပွဲ ကုလားထိုင်များကို ယောလူငယ် အဖွဲ့အနေဖြင့် စားပွဲခုံအမြင့်(၇) လုံး + ထိုင်ခုံ (၄၂ )ခုံ စုစုပေါင်း တန်ဖိုးငွေ ၂၉၉,၆၀၀ ကျပ်ကို လှူ ဒါန်းခဲ့ကြပါသည်။
# တစ်ဦးချင်းအနေဖြင့် လှူ ဒါန်းခဲ့သူများမှာ -
1- ကိုဌေးလှိုင်(ကိုသိင်္ခ) =၁-စုံ
2- ကိုစန်းအောင် + ဒေါ်တင်မာစိုး = ၁-စုံ
3- Dr.ဦးမင်းလွင်-ဒေါ်မင်းမင်းစမ်း = ၁-စုံ
4- ကိုဥာဏ်မြင့်ထွန်း + မဇာဇာစန်း =၁ စုံ
5- ကိုနေဝင်းထွန်း + မဝင်းမြင့်ခိုင် = စားပွဲ
၂ လုံး
6- ကိုအောင်မြင့်မိုး + မဥမ္မာဌေး=စားပွဲ ၁ လုံး
ထို့ အပြင် ကိုဇော်မင်းထွန်း+ မအေးအေးဝင်းတို့ မှ တိုင်ကပ်နာရီ နှင့် ဓာတ်ဗူး တစ်လုံးစီကို အဖွဲ့အနေဖြင့် ဓမ္မာရုံတွင် လှူ ဒါန်းခဲ့ကြပါသည်။
အပေါ်ထပ်အတွက် လိုအပ်နေသော စားပွဲခုံအနိမ့်များအား ဆက်လက်လှူ ဒါန်းကြရန် တိုင်ပင်ဆွေးနွေးခဲ့ရာ. . .
1-မဆုနွယ်မောင် စားပွဲ ၁ -လုံး
2-ကိုအလင်းနက် စားပွဲ ၁ -လုံး
3-မခင်အေးမော်(ယောအသင်း)စားပွဲ ၃ -လုံး တို့ ကို စေတနာပေါက်၍လှူ ဒါန်းကြပါအည်။
တွေ့ဆုံပွဲသို့ တက်ရောက်အားဖြည့်ပေးခဲ့ကြပါသော ဥူးပဇင်း ဥူးခေမာစာရ (ကန်သာ)နှင့် ဥူးခေမာစာရ (ပုပ္ပကိုင်း ) တို့အား ကျေးဇူးအထူးတင်ရှိပါတယ်ဘုရား။ထို့ အပြင် ယောလူငယ်ပညာရေးရန်ပုံငွေသို့  လှူ ဒါန်းပေးကြပါသော ဦးစိုးဝင်း ( ရန်ကုန်) နှင့် မငယ်ငယ် ( ဂန့် ဂေါ-ဇာဟောရွာ) တို့ အား ယောလူငယ်အဖွဲ့မှ ကျေးဇူးအထူး တင်ရှိစွာဖြင့် စီးပွါးလာဘ်လာဘများ တိုးပွါးအောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်။
ဒီနေ့ တွေ့ဆုံပွဲသို့ တက်ရောက်ပေးကြသော ယောလူငယ်အဖွဲ့ဝင်များကို မမင်းမင်းစန်း ၏စေတနာ မျစ်စူးထိုး+ဝက်သားချက်| အင်ဥကြော်|မာလာဖူး+ငါးထောင်း| ငှက်စွေ့မှိုချက်နှင့် အဖွဲ့ဝင်များယူလာသော ဟင်းခပ်ပွင့်သုပ်| အင်ဥသုပ် စသည့် ယောအစားအစာများဖြင့် ပျော်ရွှင်စွာ ဝိုင်းဖွဲ့စားသောက်ကြပြီးတွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ရှင့်။
ယခုလအတွက်ယောလူငယ်အဖွဲ့ (ရန်ပုံငွေ)စာရင်းရှင်းတမ်း
==========================
* စာရင်းဖွင့်လက်ကျန် 162,000/
*အထွေထွေ ကုန်ကျစရိတ် (144,000/)
*ပညာသင်ထောက်ပံ့ကြေးလှူ ( 30,000/)
B.ed ကျောင်းသားများအတွက်
* လစဉ်ကြေး ရငွေ 138,000/
* စာရင်းပိတ်လက်ကျန် 126,000/
အသေးစိပ်စာရင်းများကိုသိရှိလိုလျှင် ယောလူငယ်ဘဏ္ဍာရေး တာဝန်ခံထံတွင်မေးမြန်းနိုင်ပါသည်။
----------------------------------------------------------
ပြန်ကြားရေးအဖွဲ့
ယောလူငယ်

No comments:
Post a Comment