မန်း ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို (16-7-2017) ရက်နေ့ မနက် 9:00 နာရီအချိန်တွင်
33 * 84 -85 ကြား ယောလူငယ် မန္တလေး ဘဏ္ဍာရေး မှူး ကိုတွတ်ပီ ၏ တွတ်ပီ ဒုတ်ထိုး ဆိုင်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
ဝါဆိုသင်္ကန်း ကပ်လှူပူဇော် ရန် တိုင်ပင်ဆွေးနွေးခြင်း - ယောလူငယ် မန္တလေး ရန်ပုံငွေ အတွက် ပြုလုပ်ရမည့် အခြေအနေ အချက်အလက် များကို ဆွေးနွေး တိုင်ပင်ခြင်း - Bank တွင် အလှူခံ ရရှိငွေ ကိုစနစ်တကျ အပ်နှံ နိုင်ရေး
ရငွေ သုံးငွေ လစဉ် စာရင်း ရှင်းတမ်း ပြုလုပ်နိုင်ရေး စသည် တို့ ကို ဆွေးနွေး တိုင်ပင် ခဲ့ကြပါတယ် ။
၂၀- ၈ -၂၀၁၇ နေ့ တွင်ကျင်းပပြုလုပ်မည့် ယောလူငယ် ( Online ) မန္တလေး ဝါဆိုသင်္ကန်း ကပ်လှူ ပွဲကို မြတောင် ကျောင်းတိုက် ရတနာ့ရံသီ ကျောင်း မှာ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည် ။
ယောလူငယ်အဖွဲ့ အနေဖြင့် ဝါဆိုသင်္ကန်း ကပ်လှူ ပူဇော်လိုသူများ ယောလူငယ်အဖွဲ့ဝင်များထံ ကြိုတင်စာရင်းပေးသွင်း လှူ ဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ပါတယ် ခင်ဗျာ ။
တွေ့ ဆုံပွဲ အပြီးတွင် မန္တလေး ယောလူငယ် ဘဏ္ဍာရေးမှူး ကိုတွက်ပီ မှ နာမည်ကျော် မန္တလေး တွတ်ပီ ဒုတ်ထိုး နှင့် ကြာဇံကြော် / ဖက်ထုပ် / အကင် အအေး စသည့် တို့  ဖြင့် တက်ရောက်လာသော ယောလူငယ် အဖွဲ့ သား များ နှင့် ယောချစ်သူ ညီအကို မောင်နှမ များ ကို ကျွေးမွေး ဧည့်ခံ ဒါန ပြု ပီး စုပေါင်း ဓာတ်ပုံ ရိုက်ကာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါကြောင်း မှတ်တမ်းတင် အပ်ပါသည် ခင်ဗျာ။
ပြန်ကြားရေးအဖွဲ့
ယောလူငယ် ( online )

No comments:
Post a Comment