ယောလူငယ်အဖွဲ့(Online)သည် ယောပညာသင်ထောက်ပံ့
ရေးကော်မတီဖွဲ့စည်း၍ ယောဒေသရှိပညာသင်ကျောင်းသား မောင်မယ်များအား တတ်စွမ်းသမျှ ပညာသင်စားရိတ်ထောက်ပံ့
ပေးလျက်ရှိပါသည်။
ယခုအခါ ပညာသင်စားရိတ်လျှောက်ထားသူများ တနေ့တ
ခြားများပြားလှသည့်အတွက် အဖွဲ့ဝင်များ၏ လစဉ်ကြေး/အလှူရှင်များ၏ အလှူငွေ/ရံပုံငွေရရှိရေးကော်မတီမှ ဝင်ငွေ
များဖြင့် မလုံလောက်နိုင်သော်လည်း ထပ်မံတိုးမြှင့်ထောက်ပံ့
နိုင်ရန် ဗဟိုအဖွဲ့မှ ရန်ကုန်မြို့ ရန်ကင်းစင်တာတွင် အလှူခံပုံး
တစ်ခုထားရှိအလှူခံလျှက်ရှိပါသည်။
2017 /မတ်လ မှ မေလကုန်ထိ အလှူခံရငွေမှာ
ကျပ် ၂၉၃၀၀၀/တိတိဖြစ်ပြီး ဗဟိုအတွင်းရေးမှုး(၂ )ကိုမြင့်ထွန်းမှ ၇၀၀၀/ ကျပ်ဖြည့်စွက်လှူဒါန်းကာ စုစုပေါင်း ၃၀၀၀၀၀/ကျပ်တိတိအား ပညာရေး
Bank Acc;သို့ ထည့်သွင်းပြီးဖြစ်ပါသည်။
ပညာဒါနလှူဒါန်းလိုသူများအနေဖြင့် …
၎င်းအလှူခံပုံး၌သော်၎င်း
ပညာရေး Bank Acc;သို့ သော်၎င်း
အောက်ပါယောလူငယ်အမှုဆောင်များထံသို့သော်၎င်း လှူဒါန်းနိုင်ပါသည်။
အလှူရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ
ကြပါစေ။
မဇာဇာစန်း - 09421001025
မသီတာအောင် - 09420150584
မရွှေဝိုင်း - 09448049050
မဇင်မာဦး - 09420057392
မခင်လေးကြူ - 09450061752

No comments:
Post a Comment