ယောလူငယ် အဖွဲ့ မှ လစဉ် ပညာရေးထောက်ပံ့ကြေးအလှူ ငွေများကို 1-8-2017
ရက်နေ့  နံနက်ပိုင်းတွင် ကျောင်းသားများ၏ MPU card များသို
့လွှဲပေးပြီးဖြစ်ပါသည်။
လစဉ် ပညာရေးထောက်ပံ့မှု အဖြစ် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော ဆောမြို့ နယ် ခင်ပြင်ရွာမှ ကျောင်းသားလေးအား သြဂုတ်လအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ၈၀,၀၀၀/- ကျပ် ကို လည်းကောင်း။ မကွေးတိုင်း ထီးလင်းမြို့ နယ် အိုင်းမ ကျေးရွာမှ ကျောင်းသူလေးအား သြဂုတ်လအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ၅၀,၀၀၀/- ကျပ် ကို လည်းကောင်း ယနေ့  နံနက်တွင် သက်ဆိုင်ရာ MPU Card များထဲသို့  လွှဲပြောင်း ထည့်သွင်းပေးပြီးပါပြီရှင့်။
ယောနယ်အတွင်းရှိ ထူးချွှန်ပြီး ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသူ ကျောင်းသူကျောင်းသားများအား ကူညီပံ့ပိုးပေးနိုင်ရန် ယောလူငယ်အဖွဲ့ဝင်များမှ ပညာရေးအလှူ ငွေများ ထည့်ဝင်ကြသလို အလှူ ခံပုံးများလည်း ထားရှိကောက်ခံကြပါသည်။
လက်ရှိအားဖြင့် ရန်ကင်းစင်တာတွင် အလှူခံပုံးထားရှိကောက်ခံရာ စတုတ္ထ အကြိမ်အဖြစ် အလှူ ခံရရှိငွေ ၂၆၀,၀၀၀/ ကို ပညာရေးရန်ပုံငွေစာရင်းသို့  ထည့်သွင်းပြီးခဲ့ပါပြီ။
ယောနယ်လေးရဲ့ အနာဂတ် အဖူးအပွင့်လေးတွေ လှပစေဖို့  တတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးကြသူများ ပညာရေးရန်ပုံငွေ ထည့်ဝင်လှူ ဒါန်းကြသူများ အားလုံးကို ယောလူငယ်အဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ပါတယ်ရှင့် ။
ယောလူငယ်အဖွဲ့နှင့်ပူးပေါင်းကာ အတူတူကုသိုလ် ပြု ကြပါသော ပညာပါရမီဖြည့်ဖော် အလှူ ရှင်များနှင့် ယောလူငယ်အဖွဲ့သားများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြ ပါစေရန် တင်ပြပေးလိုက် ပါတယ်ရှင့်။

No comments:
Post a Comment