Menu

Friday, September 8, 2017

7/2017 အတွက် ယောလူငယ်ရဲ့ ပညာဒါန

ယောလူငယ် အဖွဲ့ မှ လစဉ် ပညာရေးထောက်ပံ့ကြေးအလှူ ငွေများကို ယနေ့နံနက်ပိုင်းတွင် ကျောင်းသားများ၏ MPU card များသို့ လွှဲပေးပြီးဖြစ်ပါသည်။
လစဉ် ပညာရေးထောက်ပံ့မှု အဖြစ် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော ဆောမြို့ နယ် ခင်ပြင်ရွာမှ ကျောင်းသားလေးအား ဇူလိုင်လအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ၈၀,၀၀၀/- ကျပ် ကို လည်းကောင်း။ မကွေးတိုင်း ထီးလင်းမြို့ နယ် အိုင်းမကျေးရွာမှ ကျောင်းသူလေးအား ဇူလိုင်လအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ၅၀,၀၀၀/- ကျပ် ကို လည်းကောင်း ယနေ့  နံနက်တွင် သက်ဆိုင်ရာ MPU Card များထဲသို့  လွှဲပြောင်း ထည့်သွင်းပေးပြီးပါပြီရှင့်။
ယောနယ်အတွင်းရှိ ကြယ်ပွင့်လေးတွေ ပညာသင်ရာတွင် စိတ်အေးချမ်းသာစွာဖြင့် ပညာကို ကြိုးစားသင်ယူနိုင်ဖို့ တတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးကြသူများ ပညာရေးရန်ပုံငွေ ထည့်ဝင်လှူ ဒါန်းကြသူများ အားလုံးကို ယောလူငယ်အဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ပါတယ်ရှင့် ။
ယောလူငယ်အဖွဲ့နှင့်ပူးပေါင်းကာ အတူတူကုသိုလ် ပြု ကြပါသော ပညာပါရမီဖြည့်ဖော် အလှူ ရှင်များနှင့် ယောလူငယ်အဖွဲ့သားများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြ ပါစေရန် တင်ပြပေးလိုက် ပါတယ်ရှင့်။

ပြန်ကြားရေးအဖွဲ့
ယောလူငယ်( Online)



No comments:

Post a Comment