ယောလူမျိုးဆိုတာ ရှေးဗမာစစ်စစ်ကြီးတွေ
မို့ စကားပြောရာမှာ ဗမာစကားဆိုပေမယ့် အာရင်းသံကြီးတွေနဲ့  ပေါရာန ရှေးသုံးစကားလုံးတွေအသုံးများကြပါတယ်။
စာရေးရာမှာ မြန်မာစကားလုံးဆိုပေမယ့်အသံထွက်ကျတော့ ယောသံအနေနဲ့ ထွက်တဲ့အသံက ကွာခြားပါတယ်။ယောမှာက ယောသံပဲပြောကြတော့ အောက်သံပြော
ဖို့ ရာမှာအသံပီပြင်ဖို့ ခက်ခဲပါတယ်။ (အောက်သံဆိုတာကကိုယ့်ဒေသကအသံမဟုတ်
ရင် အောက်သံလို့ ပဲပြောကြပါတယ်။ ရန်ကုန် ၊မန္တလေးကအသံထွက်တွေပေါ့ )
ကျမတို့ မောင်နှမတတွေ အဝေးမှာအခြေချသူတွေများကြတော့ ကိုယ့်ဇာတိယောမြေကို နှစ်နှစ်တခါ သုံးနှစ်တခါမှ အားလုံးစုပြီးပြန်နိုင်ကြပါတယ်။
ဒီလိုစုပြန်ကြရင် ယောကအိမ်မှာ ဆွေမျိုးတွေစုံလင်ပြီး ရေနွေးကြမ်းဝိုင်းမှာ စကားဝိုင်းနဲ့ လူစည်နေတတ်တယ်။
တရက် စကားဝိုင်းမှာ ရောက်တတ်ရာရာပြောကြရင်း တိုင်းရင်းဆေးတွေဟာလည်းအစွမ်းထက်လှ ကြောင်း ၊ ဘယ်ဆေးမြစ် ဘယ်အပင်က ဘာရောဂါအတွက်ကောင်းကြောင်းတွေပြောနေကြရင်း ကျမဦးလေး (ယောအခေါ် အုန်အုန်း) ကကျွန်းခေါက်ကိုပြုတ်သောက်ရင် ကျောက်ကပ်အတွက်ကောင်းကြောင်းပြောပါတယ်။
ကျမ အုန်အုန်းပြောပုံက
" အေလေးရယ် (သမီးလေးရယ်) ကျောက်ကပ်များမကောင်းလို့ ကတော့
ယောကအခေါ်တော့ ကျွန်းဘကွယ် (စာရေးရာမှာတူပေမယ့်ယောသံထွက် ကျွန်းကမတူပါဘူး)
ယောကအခေါ်တော့ ကျွန်းဘကွယ်...ကျွန်းအခေါက်ပါ့လေ
အေလေးတို့ မြို့ အခေါ်တော့ ကြွင်းပကွယ်
အဲဒီ့ ကြွင်းကိုသာပြုတ်သောက်ကျောက်ကပ် အတွက်ကောင်းမှကောင်း " လို့ ဆိုလေရာ
စကားဝိုင်းတခုလုံး ဝက်ဝက်ကွဲ သွားပါတော့တယ်။
သဲနုဇာ (ဒို့ ယောမြေ)
Photo Credit - Ko Tin Thaung