အိပ်မက်များစွာ
မက်ဖူးကြမှာပါလေ။
ဆောင်းတွင်းအိပ်မက်
ကရောက်ကယက်လို့
တချို့ပြောကြတာတွေ
ကြားဖူးနေမှာပေါ့။
လူအ တစ်ယောက်က
အိပ်မက်မက်သမျှတွေ
မြိန်ရေရှက်ရေ
ပြန်ပြောနေချင်သလိုမျိုး
ခိုးလိုးခုလု
ဘယ်သူ့မှပြောခွင့်မရ
ကြုံဖူးကြမယ်ထင်ပါရဲ့။
တကယ့်တကယ်တော့
မနုဿတ္တ
လူ့ဘဝဆိုတာလည်း
အိပ်မက်ရှည်ပါပဲလေ…
ဘာတွေဘယ်လိုမက်မက်
သေချာတဲ့အချက်က…
(အိပ်မက်ကောင်းရင်
မိုးမလင်းစေချင်ကြတာလည်း…)
လူ့သဘာဝပဲ ဆိုတာ
သဘောတူကြမယ် ထင်ပါရဲ့။
မက်ဖူးကြမှာပါလေ။
ဆောင်းတွင်းအိပ်မက်
ကရောက်ကယက်လို့
တချို့ပြောကြတာတွေ
ကြားဖူးနေမှာပေါ့။
လူအ တစ်ယောက်က
အိပ်မက်မက်သမျှတွေ
မြိန်ရေရှက်ရေ
ပြန်ပြောနေချင်သလိုမျိုး
ခိုးလိုးခုလု
ဘယ်သူ့မှပြောခွင့်မရ
ကြုံဖူးကြမယ်ထင်ပါရဲ့။
တကယ့်တကယ်တော့
မနုဿတ္တ
လူ့ဘဝဆိုတာလည်း
အိပ်မက်ရှည်ပါပဲလေ…
ဘာတွေဘယ်လိုမက်မက်
သေချာတဲ့အချက်က…
(အိပ်မက်ကောင်းရင်
မိုးမလင်းစေချင်ကြတာလည်း…)
လူ့သဘာဝပဲ ဆိုတာ
သဘောတူကြမယ် ထင်ပါရဲ့။
No comments:
Post a Comment