Menu

Sunday, April 17, 2016

ယောလူငယ် ဗဟိုအဖွဲ့(ရန်ကုန်) လစဉ် တွေဆုံပွဲ ကျင်းပခြင်းဖိတ်ကြားလွှာ






21-02-2016 (တနင်္ဂနွေနေ့) နေ့ လည်
(၁) နာရီတွင် လစဉ်ကျင်းပမြဲဖြစ်သော ယောလူငယ် ဗဟိုအဖွဲ့ ၏ လပတ်တွေ့ဆုံပွဲကို စွယ်တော်ဘုရားဝင်းအတွင်း
ရှိ ယော ဓမ္မာရုံတွင်
ကျင်းပတွေ့ ဆုံသွားကြမည်ဖြစ်ပါသည်။

ဒီတပတ်မှာတော့ ယောဒေသအတွင်း စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ထားမှုများ၊ ပြင်သာရေကန်ပြီးမြောက်မှုအခြေနေနှင့်
လက်ရှိ အလုပ်ပြီးမြောက်မှုများကို ပြောကြားသွားကြမည်ဖြစ်ပြီး စာပေဟောပြောပွဲအတွက်လက်ခံ
ရရှိထားသည့် အလှူငွေများကို လည်းပေးအပ်သွားကြမှာဖြစ်ပါသည်။
ရန်ပုံငွေအဖွဲ့ များမှလည်း ယောလူငယ်လွယ်အိတ်
ယောင်္ကျားလေးသုံးနှင့် မိန်းကလေးသုံး ယောလုံချည်အဆင်လေးများနဲ့  Design အသစ်ဖြင့် ထုတ်လုပ်ထားမှုကိုလည်း
အဖွဲ့ သားများကို ချပြသွားမှာဖြစ်ပါသည်။
ယောဒေသ ယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းရင်း ယောဒေသ အဘက်ဘက်မှ တိုးတက်ဖို့ ရာ လက်တဖက်စီဖြင့် အားစုထားသည့် ယောလူငယ်အဖွဲ့ မှာ ပါဝင်အားဖြည့်
ဖို့ ဖိတ်ခေါ်ပါရစေရှင်။
တွေ့ ဆုံပွဲမှာလည်း ပျော်ရွှင်စွာစားသောက်ကြရင်းယောသူယောသားများ ရင်းရင်းနှီးနှီး ချစ်ခင်စွာ ယောစကားမပျောက်ရေးအတွက် ယောသံများဖြင့်ပြောဆိုကြရင်း စီးပွားရေး၊ လူမှုရေးများလည်း အချင်းချင်းတိုင်ပင်ကြရင်း ယောသွေးတွေစည်းဖို့ မျှော်လင့်မိပါသည်ရှင့်။
ရန်ကုန်ရောက်ယောသားယောသူ
များတွေ့ ဆုံပွဲကို အတတ်နိုင်ဆုံးလာခဲ့ကြ
ဖို့ ဖိတ်ခေါ်အပ်ပါသည်ရှင့်။
ယောလူငယ်ပြန်ကြားရေးအဖွဲ့ 

No comments:

Post a Comment