Menu

Sunday, April 17, 2016

ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာတွင်စာပေဟောပြောပွဲခရီးစဉ်အတွက် ကျေးရွာအသီးသီးမှ ကိုယ်စားလှယ်များဆွေးနွေး



ယမန်နေ့ ၂၀ ရက်နေ့က ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာ ဘော်ဒါဆောင်မှာ ယောဒေသ စာပေဟောပြောပွဲခရီးစဉ်အတွက် ကျင်းပမယ့် ကျေးရွာအသီးသီးမှ ကိုယ်စားလှယ်များ စုဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို တပြင်းကျေးရွာ၊ ကျောက်ထု ယောလူငယ်အဖွဲ့၊ အလယ်ဘန်းကျေးရွာ၊ ရေမျက်နီကျေးရွာနှင့် ချောင်းနက်ကျေးရွာ ၊ပြင်သာကျေးရွာနှင့် အညာတောလေးရွာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။ ထို့အပြင် ယောဂုဏ်ဆောင် လူငယ်ကွန်ယက်၊ယောကျောင်းသားများအစည်းအရုံး၊ ယောလူငယ်အဖွဲ့တို့မှ ကိုယ်စားပြုသူအသီးသီးတို့လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
အစီစဉ် များအနေဖြင့် တက်ရောက်လာသူအသီးသီးမှ တစ်ယောက်ချင်းမိတ်ဆက်ကြပါတယ်။ ထို့နောက် အဖွဲ့အသီးသီးမှ မိမိတို့ လုပ်ဆောင်နေတဲ့ ကိုယ်စားပြုအဖွဲ့တွေရဲ့ အကြောင်းကို ရှင်းလင်းတင်ပြကြပါတယ်။ ထို့နောက် ယောဒေသနှင့်ပတ်သက်ပြီး မိမိတို့ရပ်ရွာအခြေနေ ဓလေ့စရိုက်များကို အပြန်အလှန် ဖလှယ်ကြပါတယ်။
ထို့နောက် စာပေဟောပြောပွဲ ကုန်ကျစရိတ် အတည်ပြုခြင်းနှင့် ဟောပြောပွဲစဉ် တလျောက် အမြဲတမ်း လိုက်ပါကူညီပေးမယ့် ကျေးရွာအသီးသီးမှ ကိုယ်စားလှယ်များအား ကော်မတီဖွဲ့စည်းခြင်းတို့ကို သတ်မှတ် အတည်ပြုခဲ့ကြပါတယ်။အစည်းအဝေးအား ၁၂နာရီခွဲမှာ စတင်ပြီး ညနေ ၄ နာရီမှာမှ ပြီးဆုံးခဲ့ပါတယ်။ နေ့လည်စာအား ညနေ ၅နာရီမှာ ရေမျက်နီ ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် ဆရာ ၀င်းဗိုလ်မှ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ တက်ရောက်လာသူများအချင်းချင်း နှုတ်ဆက်ကြပြီး ခရီးစဉ်အသီးသီးသို့ ဆက်လက် ထွက်ခွာ ခဲ့ကြပါတယ်။
ယောလူငယ် ပြန်ကြားရေး

No comments:

Post a Comment