Menu

Sunday, April 17, 2016

ယောနယ်အသင်း (ရန်ကုန်) (၄၆) ကြိမ်မြောက်သင်လုံးကျွတ်အစည်းအဝေးနှင့် သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲ ဖိတ်ကြားလွှာ




ယောနယ်အသင်း (ရန်ကုန်)
(၄၆) ကြိမ်မြောက်သင်လုံးကျွတ် အစည်းအဝေးနှင့် သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲကို မနက်ဖြန်
၃၁-၁-၂၀၁၆ ရက်၊
တနင်္ဂနွေနေ့ တွင် စွယ်တော်ဘုရားဝင်းအတွင်းရှိ ယောအသင်းဓမ္မာရုံ၌ နေ့ လည် ( 12:00) တွင်ကျင်းပသွားမည်ဖြစ်ပါသည်။
နှစ်ပတ်လည်အစည်းအဝေးနဲ့ အတူ မြန်မာစာပေ ဒေါက်တာဘွဲ့ ရ ယောနယ်ဇာတိဖွား ဆရာကြီး ဦးထွန်းတင့်အားလည်း ဂုဏ်ပြုပွဲကိုပူးတွဲကျင်းပသွားမည်ဖြစ်ပါသည်။
လာရောက်သူများကိုလည်း ဗလာမပါကံစမ်းမဲများဖောက်ပေးသွားမှာဖြစ်ပါ၍ ယောလူငယ်အဖွဲ့ သားများအနေ
နဲ့ ကံစမ်းမဲများတွင်လည်းစုပေါင်း ပါဝင်လှူဒါန်းထားသည့်အပြင် ယောလူငယ် (ဗဟို) ရံပုံငွေမှ သက်ကြီးပူဇော်ပွဲအတွက်အလှူငွေ (၂၅,၀၀၀)ကျပ်၊ ပညာရည်ချွန်ဆုပေးပွဲအတွက် အလှူငွေ (၂၅,၀၀၀) ကျပ် စုစုပေါင်း (၅၀,၀၀၀) ကျပ် ထည့်ဝင်လှူဒါန်းထားပါသည်။ မနက်ဖြန်ယောအသင်းကြီး
တွေ့ ဆုံပွဲလာသူများကို
ယောမုန့် တီနဲ့ ကျွေးမွေးဧည့်ခံမည်ဖြစ်၍ ပြင်ဆင်ရာတွင်လည်း ဝေယျာဝစ္စများ ကူညီနိုင်ရန် ယောလူငယ်မှ အသင်းသားများအနေဖြင့် အတတ်နိုင်ဆုံးစောစောလာကူနိုင်
ဖို့ နိုးဆော်တိုက်တွန်းလိုက်ပါရစေရှင်...
ယောလူငယ်ပြန်ကြားရေးအဖွဲ့ 

No comments:

Post a Comment