ယောဒေသတွင်းစာပေဟောပြောပွဲဖြစ်မြောက် ရေးအတွက်
အဘက်ဘက်မှကြိုးစားထောက်ပံ့သူများ လိုက်ပါစီစဉ်သူများကြောင့် ( ၆-မတ်လ-၂၀၁၆)
ရက်တွင် စတုတ္ထနေ့စာပေဟောပြောပွဲကို ထီးလင်းမြို့ နယ် ရေမျက်နီကျေးရွာတွင်
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ နယ်ခံများစွာမှလည်း
စိတ်အားထက်သန်စွာဖြင့် ခမ်းခမ်းနားနားပြင်ဆင်ထားကြပါသည်။
ခရီးစဉ်တလျှောက် လိုက်ပါလာကြသည့် ကျေးရွာစုံမှ ဖွဲ့စည်းထားသော
ကြီးကြပ်ရေးကော်မတီအဖွဲ့ အပြင် ထီးလင်းယောလူငယ်အဖွဲ့ ၊
ဂန့် ဂေါယောလူငယ်အဖွဲ့ နှင့် ချောင်းနက်ယောလူငယ်အဖွဲ့ များပါ ပါဝင်အားဖြည့်ခဲ့ကြပါသည်။
ယောလူငယ်အဖွဲ့ များအနေဖြင့် တောင်ယောမြောက်ယောမခွဲခြားပဲ ယောဒေသတွင်းစာပေဟောပြောပွဲဖြစ်မြောက် ရေးအတွက်လိုက်ပါသူများစီစဉ်ပံ့ပိုးပေး သူများကြောင့်အခက်ခဲတွေအနည်းကျဉ်းရှိပေ
မယ့် ပွဲများအားလုံး အောင်မြင်ပြီးစီးတာခုဆို လေးပွဲမြောက်ခဲ့ပါပြီ။
ဒီနေ့  (၇-မတ်လ-၂၀၁၆) ညတွင်လည်းချောင်းနက်ရွာတွင်
ကျင်းပဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီညချောင်းနက်တွင်စာပေဟောပြောပွဲပြီးလျှင် မနက်ဖြန်တွင် ပြင်သာကျေးရွာ၌ ယောလူငယ်မှဦးစီးလှူဒါန်းထားသော ရေဂါလံ (၅၀၀၀) ဆန့်  အုတ်ရေကန်နှင့် ရေတွင်းရေစက်ချပွဲ
နဲ့ ပြင်သာစာပေဟောပြောပွဲပါ ညတွင်ကျင်းပသွားမည်ဖြစ်ပါသည်။
ပြင်သာအလှူကိုလည်း ရန်ကုန်ဗဟို
အဖွဲ့ များအပါအဝင် ထီးလင်းယောလူငယ်အဖွဲ့ ၊
ဂန့် ဂေါယောလူငယ်အဖွဲ့ များကပါ ပါဝင်အားဖြည့်လာရောက်နေကြပါပြီ။
ထီးလင်းယောလူငယ်အဖွဲ့ မှလည်း အလယ်ဘန်းစာပေဟောပြောပွဲတွင် အလှူငွေ ၃၀,၀၀၀ ကျပ် ၊ ပြင်သာရေကန် ရေစက်ချပွဲအတွက် အလှူငွေ ၁၀၀,၀၀၀ ကျပ် ပါဝင်လှူဒါန်းသည့်အပြင် လူအင်အား ( ၁၈) ယောက် ဒီနေ့ ညနေကတည်းကပင် ပြင်သာ
သို့ ရောက်ရှိနေကြပြီး မနက်ဖြန်ချက်ပြုတ်ရေးအတွက်ပြင်
ဆင်နေကြပြီဖြစ်ပါသည်။
ဒီည ချောင်းနက် မနက်ဖြန် ပြင်သာ
သို့ လာရောက်အားပေးချီးမြှင့်ပေးကြပါရန်နှင့် စာပေချစ်မြတ်နိုးသူများ ယောလူငယ်မျိုးဆက်သစ်လေးများ
သို့ ဆက်လက် လက်ကမ်းနိုင်ရေးအတွက် နီးစပ်သူများအတတ်နိုင်ဆုံး လာရောက်ကြ
ဖို့ လေးစားစွာဖိတ်ကြားလိုက်ပါသည်ရှင့်။
ယောလူငယ်ပြန်ကြားရေးအဖွဲ့ 

No comments:
Post a Comment