ယောလူငယ် အင်အားစုများမှစုပေါင်းကြီးမှူး ကျင်းပသော ယောဒေသ
စာပေဟောပြောပွဲခရီးစဉ် ဒုတိယနေ့(၄-၃-၂၀၁၆)နေ့ တွင် ကျောက်ထု
မြို့ဘုန်းကြီးကျောင်း၌ ညနေ(၆)နာရီ အချိန်တွင် စတင်ကျင်းပရာ အခမ်းနားမှူ
းအဖြစ် မငုဝါနွယ်မှ ဆောင်ရွက်ပြီး တွဲဖက်အခမ်းနားမှူးအဖြစ်
မမြင့်မြင့်နွယ်မှ ဆောင်ရွက်ခဲ့ပါသည်။
ဤအခမ်းအနား ကို အစီအစဉ် ( ၆ ) ခု ဖြင့်ကျင်းပခဲ့ရာ
ညနေ(၆) နာရီ အချိန် တွင်
အစီအစဉ် (၁)အရ အခမ်းနားမှူးမှ အခမ်းအနား စတင်ဖွင့်လှစ်ကြောင်းကြေငြာခြင်း၊
အစီအစဉ် (၂)အရ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ် (၃ )အရ ဆောမြို့နယ်သီးကုန်းမီးဘေးအလှူငွေပေးအပ်ခြင်း
အစီအစဉ် (၄ ) အရ စာရေးဆရာ ဆရာမ ခင်ခင်ထူး၏ အတ္ထုပတ္တိ အား ကိုထူးထူးနိုင် မှဖတ်ကြားပြီး ဆရာမခင်ခင်ထူးမှ " ခြေလှမ်းတိုင်းမှာ ပန်းပွင့်စေ "ခေါင်းစဉ် ဖြင့်လည်းကောင်း၊
အစီအစဉ် (၅ ) အရ စာရေးဆရာနေဝင်းမြင့်၏ အတ္ထုပတ္တိ အား မဆုဝေဖြိုး မှဖတ်ကြားပြီး ဆရာနေဝင်းမြင့်မှ "မေတ္တာနှင့်ပညာ " ခေါင်းစဉ် ဖြင့်လည်းကောင်း
အစီအစဉ် ( ၆ )အရ စာရေးဆရာ ညိုထွန်းလူ၏ အတ္ထုပတ္တိ အား မတင်မီမိုး မှဖတ်ကြားပြီး ဆရာညိုထွန်းလူမှ "ပညာဖြင့် မင်္ဂလာဖြစ်ပါစေ " ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။
အစီအစဉ် (၇ ) အရ အခမ်းနားမှူးမှ အခမ်းနားပြီးဆုံးကြောင်း ကြေငြာပြီး
ည ၁၀ နာရီ အချိန်တွင်ယောလူငယ် အင်အားစုများမှကြီးမှူး ကျင်းပသော ယောဒေသ စာပေဟောပြောပွဲခရီးစဉ် ဒုတိယနေ့(ကျောက်ထု)အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
ယောလူငယ် အင်အားစုများမှကြီးမှူး ကျင်းပသော ယောဒေသ စာပေဟောပြောပွဲခရီးစဉ် တတိယနေ့ကို မနက်ဖြန်(၅-၃-၂၀၁၆)နေ့တွင်
အလယ်ဘန်း ကျေးရွာ၌
ညနေ ( ၆ ) နာရီတွင် စတင်ကျင်းပမည်ဖြစ်ရာ စာပေချစ် ပရိသတ်များ ကြွရောက်ကြပါရန် နှိုးဆော်အပ်ပါသည် ။

No comments:
Post a Comment